သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူ ၃၃ ဦး တူရကီဖမ်းဆီး

တူရကီပြည်ထဲရေးကထုတ်ပြန်ထားသည့် ဗွီဒီယိုထဲ အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူတွေကို တူရကီအာဏာပိုင်တွေ ဖမ်းဆီးနေစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)

အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူ ၃၃ ယောက်ကို တူရကီအာဏာပိုင်တွေ ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင် Anadolu သတင်းက ဖော်ပြလိုက်ပါတယ်။ နောက်ထပ် ၁၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ဆိုပါတယ်။ တူရကီအစိုးရရှေ့နေရုံးရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် ပြည်နယ် ၈ ခုက နေရာပေါင်း ၅၇ နေရာကို ရဲတပ်ဖွဲ့က တပြိုင်နက်တည်း စီးနင်းရှာဖွေ ဖမ်းဆီးခဲ့တာလို့လည်း သတင်းက ဖော်ပြခဲ့တာပါ။

တူရကီပြည်ထဲရေးကထုတ်ပြန်ထားသည့် ဗွီဒီယိုထဲ အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူတွေကို တူရကီအာဏာပိုင်တွေ ဖမ်းဆီးနေစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)
တူရကီပြည်ထဲရေးကထုတ်ပြန်ထားသည့် ဗွီဒီယိုထဲ အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူတွေကို တူရကီအာဏာပိုင်တွေ ဖမ်းဆီးနေစဉ် (ဇန်နဝါရီ ၂၊ ၂၀၂၄)

နိုင်ငံတကာ သူလျှိုလုပ်ငန်း တစိတ်တပိုင်းအဖြစ် မသင်္ကာသူတွေဟာ နိုင်ငံခြားသားတွေကို ရှာဖွေစောင့်ကြည့် ထောက်လှမ်းတာ၊ တိုက်ခိုက်တာ၊ ပြန်ပေးဆွဲတာတွေလုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဖော်ပြထားပေမဲ့၊ ဒီအချက်အလက်တွေကို ဘယ်လိုသိခဲ့ရတယ်ဆိုတဲ့ သတင်းအရင်းအမြစ်ကို ကိုးကားဖော်ပြတာမျိုးတော့ မရှိပါဘူး။

အစ္စရေးအတွက် သူလျှိုလုပ်ပေးမှုနဲ့ မသင်္ကာသူ ၃၃ ဦး တူရကီဖမ်းဆီး
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG