သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာ့ဒ် ထိန်းချုပ်တဲ့ ဆီးရီးယားမြောက်ပိုင်းကို ဒရုန်းတိုက်ခိုက်မှု တူရကီအရှိန်မြှင့် 


SYRIA-KURDS-TURKEY-CONFLICT-OIL
SYRIA-KURDS-TURKEY-CONFLICT-OIL

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ကာ့ဒ်တပ်ဖွဲ့တွေကိုပစ်ခတ်တဲ့ တူရကီ ဒရုန်းတစင်း အမေရိကန်တပ်ဖွဲ့တွေအနားထိ ပျံဝဲလာလို့ US F-16 တိုက်လေယာဥ်တွေက အဲ့ဒီဒရုန်းကို ပစ်ချခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ အခြေစိုက်တဲ့နေရာကနေ တစ်ကီလိုမီတာအကွာလောက်သာဝေးတော့တဲ့ Hasakah မြို့အနီးကို တူရကီတပ်ဖွဲ့တွေက ဆက်တိုက် ပစ်ခတ်နေတာကို ကြာသပတေးနေ့ အစောပိုင်းကတည်းက အမေရိကန် စစ်ဘက်အရာရှိတွေက စောင့်ကြည့်နေခဲ့တဲ့အကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိတဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်တဲ့ဒေသတွေက ပစ်မှတ်တွေကို ကြာသပတေးနေ့မှာ တူရကီက ဒရုန်းနဲ့အရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီး အဲဒီမှာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်း Qamishli က VOA သတင်းထောက်ရဲ့ သတင်းပေးပို့ချက်အရ အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်မှု ၁၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။ ဓာတ်အားပေးစက်ရုံနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေလက်ခံထားတဲ့ စခန်းတဝိုက် အပါအဝင် ဒေသတွင်းက အရပ်သား အခြေခံအဆောက်အအုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း ကာ့ဒ်လခြမ်းနီအဖွဲ့က ပြောပါတယ်။

တူရကီပြည်ထဲရေး ဝန်ကြီးဌာနရုံးချုပ်ကို ပစ်မှတ်ထားတဲ့ ဗုံးခွဲတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ကာဒစ်စတန်အလုပ်သမားပါတီ (PKK) က ထုတ်ဖော်ပြောဆိုပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို ကာ့ဒ် ထိန်းချုပ်တဲ့ ဆီးရီးယားမြောက်ပိုင်းမှာ တူရကီဘက်က တိုက်ခိုက်မှုတွေ တိုးမြှင့်လာတာပါ။ တူရကီအစိုးရဟာ ဆီးရီးယားအခြေစိုက် ကာ့ဒ်အဖွဲ့တွေကို တူရကီနဲ့ အမေရိကန် နှစ်နိုင်ငံလုံးက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်တဲ့ PKK ရဲ့ ဆက်စပ်အဖွဲ့တွေအဖြစ် ရှုမြင်ထားတာပါ။

ဆီးရီးယားနိုင်ငံတွင်း မြေပြင်စစ်ဆင်ရေးအသစ်တခု ထပ်မံ စတင်ဖို့ကိုလည်း တူရကီက စဉ်းစားနိုင်တယ်လို့ တူရကီကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြောထားပါတယ်။ တူရကီဟာ မကြာသေးခင်နှစ်တွေအတွင်း ဆီးရီးယား ကာ့ဒ်အဖွဲ့တွေကို မြေပြင်ထိုးစစ် အများအပြား ပြုလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG