သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီဒေသန္တရရွေးကောက်ပွဲ အာဏာရပါတီ အရေးနိမ့်


သမ္မတ Recep Tayyip Erdogan
သမ္မတ Recep Tayyip Erdogan

တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ သမ္မတ Recep Tayyip Erdogan ရဲ့ AKP ပါတီက သိသိသာသာ ရှုံးနိမ့်ခဲ့ပါတယ်။ မြို့တော် Ankara အပါအဝင် နိုင်ငံတဝန်း အရေးပါတဲ့မြို့တွေမှာ ရှုံးခဲ့ပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး Istanbul မြို့မှာ ရွေးကောက်ပွဲရလာဒ်ကို ၁၀၀% ပြည့်အောင် အပြီးသတ် မကြေညာသေးပေမဲ့ တရားဝင်ထုတ်ပြန်ပြီးသလောက် အကြိတ်အနယ်ဖြစ်နေပြီး ၂ ဖက်လုံးက အနိုင်ရတယ်လို့ ပြောနေကြပါတယ်။ မဲလိမ်နိုင်ဖို့ ရလဒ်အပြည့် မကြေညာသေးတာလို့ အတိုက်အခံတွေဖက်က စွပ်စွဲနေပါတယ်။

သမ္မတ Erdogan ကတော့ အခုတခေါက်ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ AKP ပါတီ အထိနာခဲ့တယ်ဆိုတာကို အသိအမှတ်ပြုပြီး ရွေးကောက်ပွဲရလဒ်ကရတဲ့ သင်ခန်းစာယူမယ်လို့ Istanbul မြို့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင်လုပ်ဖို့လည်း ကတိပေးခဲ့ပါတယ်။

Ankara မြို့တော်ဝန်ရာထူးအတွက် မဲအများစုရေတွက်ပြီးချိန်မှာ အတိုက်အခံ CHP ပါတီ ကိုယ်စားလှယ်လောင်းက ၅၁ ရာခိုင်နှုန်း ၊ AKP ပါတီကိုယ်စားလှယ်က ၄၇ ရာခိုင်နှုန်း နဲ့ အတိုက်အခံဖက်က အသာရနေပါတယ်။ အနိုင်ရနေပုံရတဲ့ Mansor Yavas က အများပြည်သူဝန်ဆောင်မှုတွေကို အဓိကထား တိုးတက်အောင် လုပ်သွားမယ်လို့ ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Istanbul မြို့တော်မှာ မဲစုစုပေါင်း ရလဒ်ရဲ့ ၉၈.၅ ရာခိုင်နှုန်း ကိုပဲရေတွက်ထားပြီး လောလောဆယ်အထိ နောက်ထပ် ရလဒ်မထွက်သေးပါဘူး။ မဲရေဖု့ိကျန်တဲ့ နေရာတွေက အတိုက်အခံ CHP ပါတီကို အမာခံထောက်ခံတဲ့ နေရာတွေဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအရ စည်ပင်ရွေးကောက်ပွဲေတွေမှာ သမ္မတ Erdogan ရဲ့ AKP ညွှန့်ပေါင်းအဖွဲ့က ၅၁ ရာခိုင်နှုန်း ကျော်အနိုင်ရထားပါတယ်။

တူရကီဒေသန္တရရွေးကောက်ပွဲ အာဏာရပါတီ အရေးနိမ့်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG