သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအနိုင်ရကြောင်း တူရကီသမ္မတ ကြေညာ


တူရကီရွေးကောက်ပွဲ
တူရကီရွေးကောက်ပွဲ

တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ သမ္မတ Recep Tayyip Erdogan က ပြောသလို သူ့ရဲ့ AK ပါတီနဲ့ မဟာမိတ်တွေ လွှတ်တော်အမတ်နေရာအများစုကို အနိုင်ရတယ်လို့လည်း ပြောပါတယ်။

ဒါပေမဲ့လည်း အဓိကအတိုက်အခံပါတီကတော့ သူတို့အရေးနိမ့်တယ်ဆိုတာ ကြေညာဖို့ သိပ်စောသေးတဲ့အကြောင်းနဲ့ သမ္မတ Erdogan ဟာ ဇူလိုင်လ ၈ ရက်နေ့မှာ ဒုတိယအကျော့ မဲပေးပွဲ မလုပ်ရဖို့အတွက် ရဖို့လိုအပ်တဲ့ မဲအရေအတွက် ၅၀% ကို မရဘူး လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

သမ္မတ Erdogan ကတော့ “သမ္မတနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် လူထုက ကျနော်တို့ကို တာဝန် ပေးလိုက်ပါပြီ၊ မဲရလဒ်တွေကို လွှမ်းမိုးဖို့ ဘယ်သူကမှ မကြိုးစားဘဲ သူတို့ရဲ့ မအောင်မြင်မှုကို ဖုံးကွယ်ဖို့ ဒီမိုကရေစီကို ထိခိုက် အောင် မလုပ်ကြဘူးလို့ ကျနော်မျှော်လင့်ပါတယ်” ဆိုပြီး အစ္စတန်ဘူလ်မြို့မှာ မိန့်ခွန်းတိုတခုပြောရင်း ထည့်ပြောသွားပါတယ်။

သမ္မတ Erdogan က ကာလတာရှည် ကြိုးစားလာပြီး ၂၀၁၇ ခုနှစ် လူထုဆန္ဒခံယူူပွဲမှာ တူရကီမဲဆန္ဒရှင် အရေအတွက် အနည်း ငယ်အသာနဲ့ ထောက်ခံမှုရထားတဲ့ အာဏာပိုကြီးတဲ့ သမ္မတရာထူးအတွက် တနင်္ဂနွေနေ့ရွေးကောက်ပွဲဟာ အစဖြစ်ပါတယ်။

ဒီအခြေအနေဟာ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ဝင် တူရကီနိုင်ငံမှာ ဒီမိုကရေစီ နောက်ထပ် အားနည်းစေပြီး လူ တဦးတည်းက အာဏာစွဲကိုင် အုပ်ချုပ်တာကို ခိုင်မာသွားစေလိမ့်မယ်လို့ ဝေဖန်သူတွေကပြောကြပါတယ်။

ရွေးကောက်ပွဲအနိုင်ရကြောင်း တူရကီသမ္မတ ကြေညာ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG