သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီရွေးကောက်ပွဲ အရေးပါတဲ့နယ်မြေတွေမှာ အာဏာရပါတီ ရှုံးနေ


တူရကီရွေးကောက်ပွဲ အတွင်း မဲဆန္ဒရှင်တဦး မဲထည့်နေစဉ်
တူရကီရွေးကောက်ပွဲ အတွင်း မဲဆန္ဒရှင်တဦး မဲထည့်နေစဉ်

တူရကီ နိုင်ငံမှ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာတော့ သမ္မတ Recep Tayyip Erdogan ရဲ့ ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။ မြို့တော် အန်ကာရာမှာ အတိုက်အခံပါတီက အနိုင်ရဖို့ များနေပြီး အရေးကြီးတဲ့ မြို့ကြီးတွေမှာလည်း သမ္မတ Erdogan ရဲ့ ပါတီဘက်က ရှုံးနိမ့်နေပါတယ်။

အစ္စတန်ဘူးလ်းမှာတော့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်လို့ အတိုက်အခံတွေဘက်က ပြောဆိုထားပြီး ရွေးကောက်ပွဲ ရလဒ်က ပြတ်ပြတ်သားသား မရှိသေးပါဘူး။ အစ္စတန်ဘူးလ်မြို့မှာ သမ္မတ Erdogan က သတင်းထောက်တွေကို ပြောဆိုတာမှာတော့ သူ့ရဲ့ တရားမျှတမှုနဲ့ ဖွံ့ဖြိုးရေး ပါတီ AKP အနေနဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး ရွေးကောက်ပွဲကနေ သင်ခန်းစာယူပါမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

အောင်မြင်မှု တချို့ ရှိသလို ဆုံးရှုံးမှုတွေလည်း ရှိတယ်လို့ သမ္မတက ပြောခဲ့တာပါ။ သမ္မတ Erdogan က စီးပွားကျမှုနဲ့ ကြုံတွေ့နေရတဲ့ တူရကီ နိုင်ငံမှာ စီးပွားရေးကို မြှင့်တင်နိုင်ရေး ဆောင်ရွက်ဖို့လည်း ကတိပြုထားတာပါ။

အတိုက်အခံ Republican People’s ပါတီ CHP ကို ဆန့်ကျင်ဝေဖန်ခြင်း မရှိဘဲ သမ္မတ Erdogan က ပြောဆိုခဲ့တာကို ထောက်ပြီး သုံးသပ်သူ တချို့ကတော့ မြို့တော် အန်ကာရာမှာ ရှုံးနိမ့်မှုကို လက်သင့်ခံတဲ့ လက္ခာဏာ အဖြစ် ရှုမြင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG