သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီက ပြည်ဝင်ခွင့်ဗီဇာတချို့ ကန် ယာယီ ရပ်ဆိုင်း


တူရကီရှိ အမေရိကန်သံရုံး
တူရကီရှိ အမေရိကန်သံရုံး

တူရကီနိုင်ငံကတင်တဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်တဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာတွေအားလုံးကို ယာယီ ရပ်ထားလိုက်တယ် လို့ အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံုးက ပြောပါတယ်။

မကြာသေးခင်က အဖြစ်အပျက်တွေကြောင့် အမေရိကန် သံအဖွဲ့ရဲ့နေရာတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့လုံခြုံရေးအပေါ် တူရကီအစိုးရရဲ့ အခိုင်အမာရှိမှုကို အမေရိကန်အစိုးရအနေနဲ့ ပြန်ပြီး ဆန်းစစ်သုံးသပ်နေရတယ်လို့ တနင်္ဂနွေနေ့ သံရုံးထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ဘာ့ကြောင့် အဲဒီလိုပြန်ပြီး ဆန်းစစ်နေရတယ်ဆိုတာကိုရော ဘယ်လောက်ကြာကြာ ဆိုင်းငံ့ထားမယ်ဆိုတာကိုရော ထုတ်ပြန် ချက်မှာ ရှင်းလင်းဖော်ပြမထားပါဘူး။

ဆန်းစစ်သုံးသပ်တာကို ဆက်လုပ်နေချိန်အတွင်း သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကိုလာတဲ့ ဧည့်သည်အရေအတွက်ကို လျှော့ချရေး အတွက် ရွှေ့ပြောင်းနေထိုင်ခြင်းမဟုတ်တဲ့ ဗီဇာထုတ်ပေးတဲ့လုပ်ငန်းကို တူရကီနိုင်ငံက အမေရိကန်သံတမန်ရေး နေရာတွေ အားလုံးမှာ ချက်ခြင်း ဆိုင်းငံထားလိုက်ပြီလို့ သံရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

နာရီပိုင်းအတွင်းမှာပဲ အမေရိကန်မှာ ဗီဇာထုတ်ပေးတာကို ဆိုင်းငံ့လိုက်ပြီဆိုပြီး အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ စာသားတွေ၊ အကြောင်းပြချက်တွေအတိုင်း ရေးသားထားတဲ့ ထုတ်ပြန်ချက်တခုနဲ့ တူရကီဘက်ကလဲ လက်တုံ့ပြန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG