သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီမဟာမိတ် ဆီးရီးယားတပ်ဖွဲ့ လုပ်ရပ် HRW ဖော်ထုတ်


တူရကီက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား အမျိုးသားတပ် ဟာ တရား ဥပဒေကြောင်းအရ စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာ၊ အတင်း အဓမ္မလုယက်တာ၊ ပိုင်ဆိုင်ပစ္စည်းတွေကို သိမ်းဆည်းတာနဲ့ လူတွေ သူတို့နေအိမ်ကို မပြန်နိုင်အောင် ဟန့်တားတာတွေ လုပ်နေ တယ်ဆိုတာကိုပြတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို ရထားတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW ကပြောပါတယ်။

တူရကီအစိုးရဟာ သူတို့ လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တွေရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တွေကို မသိချင်ယောင် ဆောင်နေတယ်လို့ HRW အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Sarah Leah Whitson ကပြောပါတယ်။ ဒီ ဒေသတွေကို တူရကီက ထိန်းချုပ်ထားသရွေ့ စုံစမ်းစစ်ဆေးဖို့နဲ့ ဒီ ကြမ်းတမ်းခက်ထန်တဲ့ လုပ်ရပ်တွေကို အဆုံးသတ်ဖို့ တာဝန်ရှိ တယ်လို့လည်းပြောပါတယ်။

YPG ကာ့ဒ်လက်နက်ကိုင်တွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေကို ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ တူရကီတပ်တွေနဲ့ SNA တပ်ဖွဲ့က ပြီးခဲ့တဲ့လမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

YPG ကို အကြမ်းဖက်ဝါဒီ အဖွဲ့အဖြစ် တူရကီအစိုးရက သတ်မှတ်ထားပေမယ့် ဒီအဖွဲ့ဟာ IS အစွန်းရောက်အဖွဲ့ကို နှိမ်နင်းတာမှာ အမေရိကန်ရဲ့ အရေးပါတဲ့မဟာမိတ် အဖွဲ့တဖွဲ့ဖြစ်ပါတယ်။
SNA တပ်ဖွဲ့က အကျဉ်းသားတွေကို သတ်ပစ်တာ၊ ဒေသခံ ကာ့ဒ်တွေရဲ့ အိမ်တွေကို သိမ်းယူတာ၊ အရပ်သားတွေကို ခွဲခြားမှုမရှိ ဗုံးကျဲတာ စတဲ့လုပ်ရပ်တွေအတွက် အထောက်အထားတွေရှိတယ်လို့ HRW က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG