သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Twitter လူမႈကြန္ရက္ လုံျခံဳေရးအားနည္းခ်က္ ကုမၸဏီအရာရွိေဟာင္း ကန္လႊတ္ေတာ္မွာထြက္ဆို 


TWITTER-WHISTLEBLOWER/CONGRESS


Twitter လူမႈကြန္ရက္ လုံျခံဳေရးအားနည္းခ်က္ ကုမၸဏီအရာရွိေဟာင္း ကန္လႊတ္ေတာ္မွာထြက္ဆို

{{Zawgyi/Unicode}}

Twitter လူမႈကြန္ရက္ရဲ႕ နည္းပညာလုံၿခဳံေရး အႀကီးအကဲေဟာင္းက အဂၤါေန႔မွာ အေမရိကန္ လႊတ္ေတာ္ေရွ႕ေမွာက္ ထြက္ဆိုရာမွာ ကုမၸဏီရဲ႕ လုံၿခဳံေရးဆိုင္ရာ အားနည္းခ်က္ေတြကို အေလးထား ေျပာဆိုသြားပါတယ္။

လႊတ္ေတာ္ တရားေရးရာ ေကာ္မတီရဲ႕ ဆင့္ေခၚခ်က္အရ အႀကီးအကဲေဟာင္း Peiter Zakto က Twitter ကုမၸဏီရဲ႕ နည္းပညာ လုံၿခဳံေရး ေပ်ာ့ကြက္၊ အားနည္းခ်က္ေတြ၊ ကုမၸဏီအႀကီးအကဲတာဝန္ရွိသူေတြ အေရးယူ ျပဳျပင္ေဆာင္႐ြက္မႈမရွိတာေတြ၊ လူမႈကြန္ရက္စာမ်က္နာရဲ႕ လႊမ္းမိုးႏိုင္စြမ္းေတြ၊ သန္းနဲ႔ခ်ီတဲ့ အေကာင့္အတု ျပႆနာေတြကို ဖြင့္ခ်ျပခဲ့ပါတယ္။

အခု ဒီေနရာမွာ ရွိေနၾကတဲ့ လႊတ္ေတာ္ အမတ္ေတြရဲ႕ Twitter အေကာင့္ေတြဟာ ကုမၸဏီမွာ လုပ္ေနသူေတြ လက္ထဲမွာ ရွိေနတယ္လို႔လည္း သတိေပးခဲ့တာပါ။ ႏိုင္ငံေတာ္ လုံၿခဳံေရး နဲ႔ twitter သုံးစြဲသူေတြကို အႏၲရာယ္ ေရာက္မယ့္အေရးေတြကို ျမင္လို႔ Twitter အတြင္းေရးေတြကို ေဖာက္ခ်ဖို႔ ဆုံးျဖတ္ခဲ့တာလို႔လည္း ေျပာသြားပါတယ္။

တိုင္းတပါးက ေထာက္လွမ္းေရးေတြ အထူးသျဖင့္ေတာ့ တ႐ုတ္၊ အိႏၵိယနဲ႔ ႏိုင္ဂ်ီးရီးယား ႏိုင္ငံေတြက ေထာက္လွမ္းေရးေတြ ကုမၸဏီထဲ ဝင္ေရာက္လုပ္ကိုင္ေနတယ္လို႔ သံသယရွိေၾကာင္းလည္း ေျပာပါတယ္။

လႊတ္ေတာ္က ရီပက္ပလစ္ကန္နဲ႔ ဒီမိုကရက္အမတ္ေတြက twitter ကို ေဝဖန္ျပစ္တင္ေျပာၾကသလို နည္းပညာ ကုမၸဏီေတြကို ဥေရာပကလို ပိုမိုတင္းက်ပ္တဲ့ ဥပေဒေတြနဲ႔ ကိုင္တြယ္ဖို႔ လိုအပ္ေနၿပီလို႔ ေျပာၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------


Twitter လူမှုကွန်ရက် လုံခြုံရေးအားနည်းချက် ကုမ္ပဏီအရာရှိဟောင်း ကန်လွှတ်တော်မှာထွက်ဆို

{{Zawgyi/Unicode}}

Twitter လူမှုကွန်ရက်ရဲ့ နည်းပညာလုံခြုံရေး အကြီးအကဲဟောင်းက အင်္ဂါနေ့မှာ အမေရိကန် လွှတ်တော်ရှေ့မှောက် ထွက်ဆိုရာမှာ ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေကို အလေးထား ပြောဆိုသွားပါတယ်။

လွှတ်တော် တရားရေးရာ ကော်မတီရဲ့ ဆင့်ခေါ်ချက်အရ အကြီးအကဲဟောင်း Peiter Zakto က Twitter ကုမ္ပဏီရဲ့ နည်းပညာ လုံခြုံရေး ပျော့ကွက်၊ အားနည်းချက်တွေ၊ ကုမ္ပဏီအကြီးအကဲတာဝန်ရှိသူတွေ အရေးယူ ပြုပြင်ဆောင်ရွက်မှုမရှိတာတွေ၊ လူမှုကွန်ရက်စာမျက်နာရဲ့ လွှမ်းမိုးနိုင်စွမ်းတွေ၊ သန်းနဲ့ချီတဲ့ အကောင့်အတု ပြဿနာတွေကို ဖွင့်ချပြခဲ့ပါတယ်။

အခု ဒီနေရာမှာ ရှိနေကြတဲ့ လွှတ်တော် အမတ်တွေရဲ့ Twitter အကောင့်တွေဟာ ကုမ္ပဏီမှာ လုပ်နေသူတွေ လက်ထဲမှာ ရှိနေတယ်လို့လည်း သတိပေးခဲ့တာပါ။ နိုင်ငံတော် လုံခြုံရေး နဲ့ twitter သုံးစွဲသူတွေကို အန္တရာယ် ရောက်မယ့်အရေးတွေကို မြင်လို့ Twitter အတွင်းရေးတွေကို ဖောက်ချဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ပြောသွားပါတယ်။

တိုင်းတပါးက ထောက်လှမ်းရေးတွေ အထူးသဖြင့်တော့ တရုတ်၊ အိန္ဒိယနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေက ထောက်လှမ်းရေးတွေ ကုမ္ပဏီထဲ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်းလည်း ပြောပါတယ်။

လွှတ်တော်က ရီပက်ပလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေက twitter ကို ဝေဖန်ပြစ်တင်ပြောကြသလို နည်းပညာ ကုမ္ပဏီတွေကို ဥရောပကလို ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေနဲ့ ကိုင်တွယ်ဖို့ လိုအပ်နေပြီလို့ ပြောကြပါတယ်။

XS
SM
MD
LG