သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Baltimore တံတားကျိုးကျတဲ့နေရာက အလောင်း ၂ လောင်း တွေ့ရှိ


အမေရိကန်ပြည်ထောင်စု Baltimore ပြည်နယ် မြစ်ကူးတံတားကို ဝင်တိုက်ခဲ့တဲ့ ကုန်တင်သင်္ဘောကြီး (မတ် ၂၇၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု Baltimore ပြည်နယ် မြစ်ကူးတံတားကို ဝင်တိုက်ခဲ့တဲ့ ကုန်တင်သင်္ဘောကြီး (မတ် ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Baltimore ပြည်နယ်မှာ ကုန်တင်သင်္ဘောကြီး ဝင်တိုက်ခိုက်လို့ ကျိုးကျခဲ့တဲ့ မြစ်ဖြတ်တံတားကြီးပေါ်က ပြုတ်ကျသွားတဲ့ ကားတစီးနဲ့ အထဲက အလောင်း ၂ လောင်းကို ဆယ်ယူနိုင်ခဲ့ပါတယ်။

Francis Scott Key တံတားကြီး ကျိုးမကျခင် တံတားပေါ်မှာ အလုပ်သမားတွေ လမ်းပြင်နေကြတာဖြစ်ပါတယ်။ အလုပ်သမားစုစုပေါင်း ၈ ယောက်ရှိနေခဲ့ပြီး ၂ ယောက်ကို နာရီပိုင်းအကြာမှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ Pick-up ကားထဲမှာ အလုပ်သမား ၂ ယောက်သေဆုံးနေတာကို ဆယ်ယူနိုင်ခဲ့တာပါ။

ရေအောက်မှာ ရှိနေနိုင်မယ့်အရာတွေကို အသံလှိုင်းနဲ့ ရှာဖွေတဲ့ကိရိယာမှာ တံတားရဲ့သံမဏိတိုင်တွေ၊ ကွန်ခရစ်တုံးတွေကြားမှာ နောက်ထပ် ကားတွေရှိနေနိုင်တယ်လို့ Maryland ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်၊ ရေငုပ်ရှာဖွေနေသူတွေအနေနဲ့ အပျက်အစီးတွေကြားထဲ သွားရောက်ရှာဖွေဖို့ အန္တရာယ်ရှိတယ်လို့လည်း သတင်းစာရှင်းပွဲမှာ ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ မြစ်ဖြတ်တံတားကြီးကို ဝင်တိုက်ခဲ့တဲ့ Dali ကုန်တင်သင်္ဘောကြီးပေါ်မှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေပါတယ်လို့ အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာဘုတ်အဖွဲ့ (NTSB) ကပြောပါတယ်။

သင်္ဘောပေါ်က တန်ချိန် ၇၆၀ ကျော် အလေးချိန်ရှိတဲ့ ကွန်တိန်နာကြီး ၅၆ ခုမှာ သံချေးတက် ပျက်စီးနိုင်၊ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ lithium-ion ဘက်ထရီတွေပါဝင်တယ်လို့ NTSB အကြီးအကဲ Jennifer Homendy က ပြောကြားခဲ့ပါတယ်၊ တချို့ကွန်တိန်နာတွေက ပွင့်နေပြီး ရေထဲကျသွားတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ပြောပါတယ်။ သင်္ဘောသွားလာမှု မှတ်တမ်းတင်စက် ကိုလည်း ရရှိထားပြီဖြစ်လို့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ Baltimore ဆိပ်ကမ်းကို ပိတ်ထားရတဲ့အတွက် လုပ်ငန်းတွေ ထိခိုက်နေပါတယ်။ ဆိပ်ကမ်းကနေ ပြန်မထွက်နိုင်သေးဘဲ ပိတ်မိနေတဲ့ ကုန်တင်သင်္ဘောတွေ အများအပြားရှိနေသလို ဆိပ်ကမ်းကို လာပြီး ကုန်တင်ကုန်ချ လုပ်လို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှု ကွင်းဆက်ပြတ်မယ့် အခြေအနေကြုံရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။ ဆိပ်ကမ်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဝန်ထမ်းတွေလည်း အလုပ်အကိုင် ထိခိုက်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG