သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပွင့်လင်းမြင်သာမှု


အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအရေးပါတဲ့အတွက် သတင်းအချက်အလက်ရယူခွင့် တိုးတက်အောင် ကျိုးပမ်းနေပေမဲ့ လောလောဆယ် လုံလောက်မှုမရှိသေးကြောင်း၊ အစိုးရဌာနအသီးသီးအနေနဲ့ ပြည်သူ့ဘဏ္ဍာအလေအလွင့်မရှိအောင် ထိန်းကျောင်းကြဖို့နဲ့ အများပြည်သူအကြား ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်ကြဖို့ တတ်နိုင်သလောက် တိုက်တွန်းအားပေးနေပါတယ်လို့အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ကပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်စိုးဝင်းက ဦးအောင်ကြည်ကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ International Transparency (IT) အဖွဲ့က ထောက်ခံအကြံပြုချက်တွေရှိပါတယ်။ ထောက်ခံအကြံပြုချက် ၅ ချက်ကို ကျမလေ့လာလို့ရသလောက်ကတော့ ၄ ချက်လောက်က မီဒီယာအခန်းကဏ္ဍ ၊ သတင်းဌာနတွေရဲ့ အခန်းကဏ္ဍ ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာအရေးကြီးတယ်လို့ ပြောထားတာရှိပါတယ်။ အဲဒီအခါကျတော့ အခု ဥက္ကဋ္ဌကြီး ကျမနဲ့ တွေ့ဆုံပြီးပြောဆိုတယ်ဆိုတာကလည်း ဒီထောက်ခံအကြံပြုချက်ထဲက တချက်ပါပဲ။ ပြီးတော့ အစိုးရဌာန အသီးသီးအနေနဲ့လည်း ပွင့်ပွင့်လင်းလင်းပေါ့ သူတို့ဘာတွေလုပ်တယ် စာရင်းဇယျားအရ အများပြည်သူ ချပြလို့ရတဲ့ ဥပမာ တင်ဒါတခုခေါ်တယ်ဆိုရင် Fair Competition ဖြစ်အောင် တရားမျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်အောင် အများပြည်သူကို ချပြပြီးတော့ လာဘ်သင့်ရာ စားတော်ခေါ်တာမျိုးမဟုတ်ဘူး ၊ လာဘ်ပေးထားတဲ့လူကို ပေးတာမဟုတ်ဘူး ဆိုတာကို အများပြည်သူ ပွင့်လင်းမြင်သာအောင် သူကထောက်ခံအကြံပြုချက်ထဲမှာ ပါတယ်ပေါေ့နာ်။ အဲဒီတော့ မီဒီယာအခန်းကဏ္ဍနဲ့ အများပြည်သူကို ချပြရမယ့် ပွင့်လင်းမြင်သာမှုပေါ့နော် အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံရဲ့အတိုင်းအတာပေါ့နော် ဘယ်အခြေအနေအထိရောက်နေပါပြီလဲရှင့်။

ဦးအောင်ကြည်။ ။ International Transparency ရဲ့ အဓိက အကဲခတ်တဲ့ နည်းလမ်းကတော့ သူက အဲဒီဘက်ကနေ အဓိက အကဲခတ်တာဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှုရှိသလဲဆိုတာကို အဓိကထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ကော်မရှင်အနေနဲ့ တာဝန်ယူပြီးတဲ့အချိန်မှစပြီး သတင်းစာရှင်းလင်းပွဲတွေလည်း ပုံမှန်လုပ်တယ် အလားတူပဲ ဝန်ကြီးဌာနတွေလည်း သူ့အတိုင်းအတာနဲ့ သူလုပ်နေကြတယ်။ ဒါကလုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ ကျနော်တို့ ဒီထက်ပိုပြီးတော့ လုပ်သွားရမှာဖြစ်ပါတယ်။ ကျနော်တို့ ကော်မရှင်အနေနဲ့ဆိုရင် ပိုပြီးတော့ လုပ်ဖို့လိုတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လုပ်ငန်းစဉ်က ပြည်သူလူထုမပါပဲနဲ့ မအောင်မြင်နိုင်ဘူး။ နောက်အဖွဲ့အစည်းတွေမပါပဲနဲ့ မအောင်မြင်နိုင်ဘူး။ ဒါကြောင့်မို့လို့ ပြည်သူလူထုရော စီးပွားရေးလုပ်ငန်းရှင်တွေရော အစိုးရဌာနတွေရော အကုန်လုံးပါဝင်ပြီးတော့မှ လုပ်ဆောင်မှ အောင်မြင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် ပြည်သူတရပ်လုံးက ဒီအပေါ်မှာ အလေးအနက်ထားရအောင်ဆိုပြီးမှ ကျနော်တို့ကလည်း အမြဲတမ်းအခုလိုပဲ သတင်းသမားတွေကနေပြီးတော့တဆင့် အကြံပေးတာတွေလုပ်တယ် နောက်တခုကလည်း မျှဝေသင့်တဲ့ ကိစ္စတွေ ၊ အများပြည်သူသဘောထားလေးတွေ ဒါတွေလည်း Collect လုပ်ပါတယ်။ တချို့ကိစ္စလေးတွေမှာ ကျနော်တို့ တုံ့ပြန်တာပေါ့နော် ကျနော်တို့အခုဆိုရင် Facebook ကစပြီးတော့ ဖွင့်ထားတာဖြစ်ပါတယ်။ အဲဒီမှာမေးတဲ့မေးခွန်းတွေလည်း အပြန်အလှန်ပြန်ပြီးတော့ဖြေတာ ကျနော်တို့ တတ်နိုင်သမျှလုပ်ပေးနေတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က ဒီလိုပွင့်လင်းမြင်သာမှုဆိုတဲ့ အပိုင်းက အများကြီးအရေးကြီးပါတယ်။ ခုနကပြောသလိုပဲ တင်ဒါစနစ်တွေမှာ အခုအထိကတော့ ပွင့်လင်းသင့်သလောက် မပွင့်လင်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ တိုက်တွန်းသွားမှာပါ ပိုမိုပြီးတော့ ပွင့်လင်းလာအောင်တိုက်တွန်းမှာပါ။ အခုပြင်လိုက်တဲ့ ကျနော်တို့ ဥပဒေမှာလည်း တချက်ပါတယ်။ နဂိုတုန်းက ဒီကိစ္စကို ပြောခွင့်လည်းမရှိဘူး ပြောစရာလည်းမလိုဘူး လို့ ဒီတင်ဒါစနစ်နဲ့ ပတ်သက်ပြီးတော့။ အခုကျတော့ ဥပဒေ ပြင်လိုက်တဲ့အထဲမှာ ဘာပါလာသလဲဆိုတော့ ဒီနိုင်ငံတော်ပိုင် ပစ္စည်းတွေပေါ့နော် ဒီဟာတွေ လေလွှင့်ဆုံးရှုံးမှုတွေပေ့ါနော် ၊ ထိခိုက်ပျက်စီးနစ်နာတာတွေရှိခဲ့ရင်အဲဒီလိုထိခိုက်ပျက်စီးနစ်နာရတဲ့ အကြောင်းတရားဟာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာခဲ့ရင် ဒီဟာက အဂတိလိုက်စားမှု ဖြစ်သွားပါတယ်။ နဂိုကတော့ အဂတိလိုက်စားမှုဆိုတာ ပေးခြင်းယူခြင်း အပေါ်မှာပဲ လုံးဝတည်တာဖြစ်တော့ ပေးတာကို လိုက်စုံစမ်းနေရတာနဲ့ ယူတာကို လိုက်စုံစမ်းနေရတာနဲ့ တေ်ာတေ်ာကို ခရီးမရောက်နိုင်ဘူးဖြစ်ပါတယ်။”

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG