သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mitch McConnell အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင်အဖြစ်က နုတ်ထွက်ဖို့ ကြေညာ


မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွနဲ့လုပ်ဆောင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် McConnell
မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွနဲ့လုပ်ဆောင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် McConnell

မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွနဲ့လုပ်ဆောင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က သူ ခေါင်းဆောင်နေရာကနေ နုတ်ထွက်တော့မယ့် လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ သူဟာ အထက်လွှတ်တော် သမိုင်းမှာ ၁၇ နှစ် နီးပါးကြာ သက်တမ်းအရှည်ဆုံး ပါတီ ခေါင်းဆောင်နေရာ ရယူခဲ့သူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် စစ်အာဏာရှင်တွေကို ဒဏ်ခတ်အရေးယူရေး ကိစ္စရပ်တွေအပါအဝင် မြန်မာပြည်နဲ့ ပတ်သက်ပြီး မကြာခဏ ထုတ်ဖော် ပြောဆိုတတ်သူတဦးဖြစ်ပါတယ်။

ဒီလ အစောပိုင်းကတင် မြန်မာပဋိပက္ခက တရုတ်နဲ့ရုရှားကို အမြတ်ထွက်စေတယ် ဆိုပြီး Mitch McConnell က သတိပေးပြောဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အသက် ၈၂ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ McConnell က သူခေါင်းဆောင်နေရာက အနားယူတော့မယ့်အကြောင်းကို ဆီးနိတ် အထက်လွှတ်တော်ထဲမှာ ကြေညာရာမှာ စိတ်လှုပ်ရှားမှုကြောင့် ကြေကွဲဆို့နစ်နေပြီး သူ့နာမည်ကို လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ မှတ်မိနေဖို့ မျှော်လင့်ကြောင်းနဲ့ နောက်မျိုးဆက်သစ်တွေအတွက် နေရာဖယ်ပေးဖို့ အချိန်တန်ပြီလို့ ပြောခဲ့ပါတယ်။

လက်ရှိ အထက်လွှတ်တော်မှာ ဒီမိုကရက်ပါတီအမတ်တွေက လူများစုရှိနေလို့ အရင်က လူများစုခေါင်းဆောင်ရာထူးကို ရယူခဲ့တဲ့ McConnell က အခု လူနည်းစုခေါင်းဆောင်အဖြစ် ထမ်းဆောင်နေတာပါ။ McConnell ဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီရွေးကောက်ပွဲတွေမှာ အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့လို့ ဒါက ရှေ့နှစ် ဇန်နဝါရီ လွှတ်တော်အသစ်ကျင်းပတဲ့အခါ သူ့ရဲ့ခေါင်းဆောင်မှုကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွှတ်တော်အမတ်အဖြစ်နဲ့တော့ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက် တာဝန်ထမ်းဆောင်မယ်လို့ McConnell က ပြောပါတယ်။

ကင်တာကီ ပြည်နယ် အထက်လွှတ်တော်အမတ် McConnell ဟာ တရားရုံးချုပ်မှာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် တရားသူကြီးအများစု ခန့်အပ်နိုင်ရေး အရင်သမ္မတဒေါ်နယ်ထရမ့်လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ခဲ့သလို ကွန်ဆာဗေးတစ်တွေတင်သွင်းခဲ့တဲ့ ကိုယ်ဝန်ဖျက်ချခွင့်တားမြစ်တာနဲ့ သေနတ်ကိုင်ဆောင်ခွင့်ချဲ့ထွင်ပေးတာတွေကို လမ်းခင်းပေးခဲ့သူအဖြစ် အသိအမှတ်ပြုခံရသူ ရီပတ်ဘလီကန် ခေါင်းဆောင် ဖြစ်ပါတယ်။

မှတ်ချက်။ ။ ယခင်သတင်းခေါင်းစဉ် "မြန်မာ့အရေးဆောင်ရွက်သူ Mitch McConnell အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင်အဖြစ်က နုတ်ထွက်" အား ပြောင်းလဲပြင်ဆင်ထားပါသည်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG