သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

PR စနစ္အသံုးျပဳေရး ညိႇႏိႈင္းေဆာင္ရြက္ေန - UEC အဖဲြ႔ဝင္ ဦးခင္ေမာင္ဦး


ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္႐ုံး။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၅)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ အခ်ဳိးက်ကိုယ္စားျပဳစနစ္ (PR) အပါအဝင္ ျမန္မာႏုိင္ငံနဲ႔ သင့္ေလ်ာ္မယ့္ ေရြးေကာက္ပြဲစနစ္ အသံုးျပဳႏုိင္ေရး ညႇိႏိႈင္းေဆြးေႏြး ေဆာင္ရြက္ေနတယ္လို႔ စစ္ေကာင္စီက ျပန္ၿပီးဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ (UEC) အဖြဲ႔ဝင္တဦးျဖစ္သူ ဦးခင္ေမာင္ဦးက ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ေမလ ၂၁ ရက္ေန႔မွာလည္း ေနျပည္ေတာ္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္႐ုံးမွာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ ႏုိင္ငံေရးပါတီမ်ား ေတြ႔ဆုံညႇိႏႈိင္း အစည္းအေဝး ျပဳလုပ္ခဲ့ပါတယ္။ လက္ရွိ ႏုိင္ငံေရးပါတီ ၉၁ ပါတီအနက္ ၅၉ ပါတီမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၿပီး PR စနစ္ က်င့္သုံးေရး အပါအဝင္ အေထြေထြကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့တာမွာ ပါတီအမ်ားစုက PR စနစ္ က်င့္သုံးေရးကို မူအားျဖင့္ ေထာက္ခံေၾကာင္းႏွင့္ ျမန္မာႏုိင္ငံနဲ႔ သင့္ေလ်ာ္တဲ့ဒီဇုိင္း ေရြးခ်ယ္သတ္မွတ္ေရးမ်ားကုိ ေဆြးေႏြးညိႇႏႈိင္းႏုိင္ခဲ့ပါတယ္။”

UEC အေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္၊ ႏုိဝင္ဘာလ ေရြးေကာက္ပြဲမွာ မဲေပးခဲ့တဲ့ မဲစာရင္း စစ္ေဆးတာကို ဆက္လုပ္ေနၿပီး စစ္ေကာင္စီက ေၾကညာထားတဲ့ လုပ္ငန္းစဥ္ငါးရပ္ထဲက ေနာက္ဆံုးအဆင့္ ေရာက္တဲ့အခါ ေရြးေကာက္ပြဲက်င္းပဖို႔ ဆက္လုပ္သြားမယ္လုိ႔လည္း ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဦးခင္ေမာင္ဦးက ေျပာသြားပါတယ္။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကုိ ဖ်က္သိမ္းမယ္လုိ႔ ေျပာထားဖူးတာနဲ႔ ပတ္သက္တဲ့ ေမးခြန္းကိုေတာ့ NLD ကို ဖ်က္မယ္ မဖ်က္ဘူးဆိုတာ ဦးခင္ေမာင္ဦးက အတိအက် ေျပာမသြားဘဲ ေရြးေကာက္ပြဲဥပေဒပါ ျပ႒ာန္းခ်က္ေတြကို ခ်ဳိးေဖာက္တဲ့ ဘယ္ပါတီကိုမဆို ျပ႒ာန္းထားတဲ့ ဥပေဒနဲ႔အညီ လုပ္ေဆာင္မယ္လုိ႔ပဲ ေျပာသြားပါတယ္။

စစ္တပ္က အာဏာသိမ္းရတဲ့ အဓိကအေၾကာင္းရင္းအျဖစ္ ၂၀၂၀ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုၿပီး စစ္ေကာင္စီက အစဥ္တစိုက္ ေျပာလာသလို အဲဒီလို မသမာမႈေတြ ရွိခဲ့တယ္ဆိုတာကို သက္ေသျပဖို႔ UEC က ႀကိဳးစားေနတာပါ။

ဒါေပမယ့္လည္း ေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာခ့ဲတဲ့ ျပည္တြင္းျပည္ပ အဖြဲ႔အစည္းေတြကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ အားနည္းခ်က္တခ်ဳိ႕ ရွိခဲ့တာ မွန္ေပမယ့္လည္း ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲေစႏုိင္ေလာက္တဲ့ထိ ႀကီးမားတဲ့ အားနည္းခ်က္နဲ႔ မသမာမႈေတြ မရွိခဲ့ဘူးလို႔ ထုတ္ျပန္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

PR စနစ်အသုံးပြုရေး ညှိနှိုင်းဆောင်ရွက်နေ - UEC အဖွဲ့ဝင် ဦးခင်မောင်ဦး

မြန်မာနိုင်ငံမှာ အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ် အသုံးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြန်ပြီးဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တဦးဖြစ်သူ ဦးခင်မောင်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာလည်း နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေးပါတီ ၉၁ ပါတီအနက် ၅၉ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး PR စနစ် ကျင့်သုံးရေး အပါအဝင် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့တာမှာ ပါတီအများစုက PR စနစ် ကျင့်သုံးရေးကို မူအားဖြင့် ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ဒီဇိုင်း ရွေးချယ်သတ်မှတ်ရေးများကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။”

UEC အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲစာရင်း စစ်ဆေးတာကို ဆက်လုပ်နေပြီး စစ်ကောင်စီက ကြေညာထားတဲ့ လုပ်ငန်းစဉ်ငါးရပ်ထဲက နောက်ဆုံးအဆင့် ရောက်တဲ့အခါ ရွေးကောက်ပွဲကျင်းပဖို့ ဆက်လုပ်သွားမယ်လို့လည်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဦးခင်မောင်ဦးက ပြောသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းမယ်လို့ ပြောထားဖူးတာနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ NLD ကို ဖျက်မယ် မဖျက်ဘူးဆိုတာ ဦးခင်မောင်ဦးက အတိအကျ ပြောမသွားဘဲ ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တဲ့ ဘယ်ပါတီကိုမဆို ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ လုပ်ဆောင်မယ်လို့ပဲ ပြောသွားပါတယ်။

စစ်တပ်က အာဏာသိမ်းရတဲ့ အဓိကအကြောင်းရင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး စစ်ကောင်စီက အစဉ်တစိုက် ပြောလာသလို အဲဒီလို မသမာမှုတွေ ရှိခဲ့တယ်ဆိုတာကို သက်သေပြဖို့ UEC က ကြိုးစားနေတာပါ။

ဒါပေမယ့်လည်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့တာ မှန်ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်လောက်တဲ့ထိ ကြီးမားတဲ့ အားနည်းချက်နဲ့ မသမာမှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG