သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ပါတီ ဖ်က္သိမ္းခံရမယ့္အေရး ႏုိင္ငံေရးအသုိင္းအဝန္းၾကား စုိးရိမ္


ရန္ကုန္ၿမိဳ႕ရွိ NLD ပါတီ ဌာနခ်ဳပ္။ (ဓာတ္ပံု - courtesy photo/NLD)

(Zawgyi / Unicode)

၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပဲြမွာ မဲမသမာမႈ စြပ္စဲြခ်က္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီကုိ ဖ်က္သိမ္းဖုိ႔ စဥ္းစားမယ့္အေၾကာင္း စစ္ေကာင္စီရဲ႕ ေရြးေကာက္ပြဲေကာ္မရွင္သစ္ ဥကၠ႒က ေျပာဆုိလုိက္တဲ့အေပၚ ႏုိင္ငံေရး အသုိင္းအဝန္းၾကား စုိးရိမ္ေနပါတယ္။ ေရြးေကာက္ပဲြအႏုိင္ရ ပါတီႀကီးတခုကုိ ဖ်က္သိမ္းလုိက္မယ္ဆုိရင္ စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ေပၚေပါက္ေနတဲ့ ႏုိင္ငံေရး အက်ပ္အတည္းေတြ ပုိမိုက်ယ္ျပန္႔လာႏုိင္သလုိ လက္နက္ကုိင္ ဆန္႔က်င္မႈေတြလည္း ႀကီးထြားလာႏုိင္တယ္လုိ႔ NLD ပါတီအပါအဝင္ ႏုိင္ငံေရးပါတီတခ်ဳိ႕က ေခါင္းေဆာင္ေတြက ေျပာပါတယ္။

NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔႔ဝင္ ဦးေအာင္ၾကည္ညြန္႔၊ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးနဲ႔ ဒီမိုကရက္တစ္ပါတီ (ျမန္မာ) ဥကၠ႒ ဝါရင့္ႏိုင္ငံေရးေခါင္းေဆာင္ ဦးသုေဝတို႔ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

လက္ရွိမွာ အဖမ္းမခံရဘဲ ရွားရွားပါးပါး က်န္ေနေသးတဲ့ NLD ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔ဝင္ ဦးေအာင္ၾကည္ညြန္႔က အခုလို ပထမဆုံးအႀကိမ္အျဖစ္ ပါတီကို ဖ်က္သိမ္းမလား စဥ္းစားေနေၾကာင္း ေျပာလာတဲ့အေပၚ…

“အခု ေရြးေကာက္ပြဲေကာ္မရွင္အသစ္က ဒါ စစ္ေကာင္စီက ခန္႔ထားတာ၊ က်ေနာ္တုိ႔က အစတည္းက အသိအမွတ္ကုိ မျပဳဘူး။ ေနာက္ၿပီး ဒါလည္း သူက ပါးစပ္နဲ႔ စဥ္းစားေနတယ္ဆုိတဲ့ ပုံစံမ်ဳိး ေျပာတာကေတာ့၊ အမွန္ကေတာ့ ရွင္းရွင္းေျပာရင္ ေသြးတုိးစမ္းခ်င္တဲ့သေဘာပဲ။ တကယ္ေျပာရမယ္ဆုိရင္ေတာ့ NLD ပါတီရွိေနသေရြ႕ ဘယ္ေတာ့မွ မယွဥ္ႏုိင္ဘူးဆိုတဲ့ အေနအထားမ်ဳိးမွာ ပြဲသိမ္းတုိက္ပြဲနဲ႔ ဒီလုိလုပ္ဖို႔ စဥ္းစားေနပါတယ္ဆုိၿပီးေတာ့ ၿခိမ္းေျခာက္တဲ့ သေဘာပဲလို႔ က်ေနာ္ျမင္တယ္။ အစြယ္ထုတ္ျပတာေပါ့၊ အစြယ္ထုတ္ျပေတာ့လည္း နဂို႐ုပ္ေပၚလာတာေပါ့။ ျပည္သူေတြ ေကာင္းေကာင္းျမင္လို႔ ရသြားတာေပါ့ဗ်ာ။” လို႔ ေျပာပါတယ္။

ဒါ့အျပင္ ၁၉၈၈ ဒီမုိကေရစီ အေရးေတာ္ပုံကို စၿပီး ဦးေဆာင္ခဲ့တဲ့ နာမည္ႀကီး ေက်ာင္းသားေခါင္းေဆာင္လည္း ျဖစ္တဲ့ လက္ရွိ ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကိုႀကီးကလည္း ၁၉၈၈ ကတည္းက ေတာင္းဆုိၿပီးေနာက္ ရလာခဲ့တဲ့ ပါတီစုံ ဒီမုိကေရစီစနစ္ပါ ျပန္ပ်က္သြားမွာ စိုးရိမ္ရတယ္လို႔ ဆုိပါတယ္။

“ဒီ NLD နဲ႔ ပတ္သက္ၿပီးေတာ့ ဖ်က္သိမ္းဖို႔ စဥ္းစားေနတယ္လို႔ ေျပာတဲ့ဟာက ၿခိိမ္းေျခာက္တာလို႔ က်ေနာ္ေတာ့ျမင္တယ္။ တကယ့္တကယ္က ျမန္မာျပည္ႏုိင္ငံေရးမွာ ရွစ္ေလးလုံး အေရးေတာ္ပုံကေန စၿပီးေတာ့ လူထုေထာက္ခံမႈေရာ ဒီမုိကေရစီ လႈပ္ရွားမႈမွာေရာ NLD ရဲ႕ အခန္းက႑ဟာ အင္မတန္ႀကီးပါတယ္။ သေဘာက NLD ကုိ ဖ်က္သိမ္းပစ္မယ္ဆုိရင္ ပါတီစုံဒီမုိကေရစီလည္း ပ်က္သြားၿပီလို႔ပဲ က်ေနာ္က ျမင္တယ္။ ဒါေၾကာင့္ NLD ဖ်က္သိမ္းမယ္ဆုိတဲ့ ကိစၥကိုေတာ့ က်ေနာ္ လုံးဝ ကန္႔ကြက္ပါတယ္။”

ဒီေနရာမွာ ၁၉၆၂ အာဏာသိမ္းခ်ိန္ အရင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးႏုနဲ႔ အနီးကပ္ လုပ္ခဲ့ဖူးၿပီး လက္ရွိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြထဲမွာလည္း ထိထိေရာက္ေရာက္ ပါဝင္လာေနခဲ့တဲ့ လက္ရွိ ဒီမုိကရက္တစ္ပါတီ (ျမန္မာ) ဥကၠ႒ ဦးသုေဝကလည္း …

“အခုေၾကညာသြားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္က ေျပာတာေတြဘာေတြၾကေတာ့ ဘယ္ေလာက္မွန္လဲလို႔ မေျပာတတ္ဘူးေပါ့ဗ်ာ။ အမွန္ကေတာ့ အေစာတည္းက ဒီလိုမျဖစ္သင့္ဘူးေလ။ တေယာက္နဲ႔တေယာက္ အာဃာတေတြ ထားေနတဲ့အခါ က်ေနာ္တုိ႔တုိင္းျပည္က စိတ္ပ်က္စရာႀကီးကို ျဖစ္ေနတာပဲ။ ေတာက္ေလွ်ာက္ ဒီလိုျဖစ္ေနတာေလ။” လို႔ ေျပာပါတယ္။

အခု ေရြးေကာက္ပြဲေကာ္မရွင္သစ္ ဥကၠ႒ ဦးသိန္းစုိးက အခုလို ေျပာလာတာေၾကာင့္ ဘယ္လိုအက်ဳိးဆက္ ရွိလာႏုိင္တာကို ေမးရာမွာ ဦးေအာင္ၾကည္ညြန္႔က အခုလိုေျပာပါတယ္။

“အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ဆုိတာ တကယ္တမ္းၾကေတာ့ ျပည္သူေတြရဲ႕ ႏွလုံးသားထဲမွာ ရွိၿပီးေတာ့ ကေ်နာ္တုိ႔က ျပည္သူနဲ႔အတူပဲ တေလွ်ာက္လုံး ရပ္တည္ခဲ့တာ ၈၈ ခုႏွစ္က စခဲ့တာပဲေလ။ ႐ုိး႐ုိးျပည္သူေတြထဲမွာေတာင္မွ NLD ျပည္သူေတြဆုိ ပုိၿပီးေတာ့ ဖိႏွိပ္ေနတာ ျဖစ္တဲ့အတြက္ ျပည္သူေတြရဲ႕ စာနာမႈနဲ႔ ျပည္သူေတြရဲ႕ ေလးစားမႈကို ပိုၿပီးေတာ့ ရရွိေနတယ္။”

ဒါ့အျပင္ တကယ္ျဖစ္လာႏိုင္တဲ့ အက်ဳိးဆက္ ႀကီးမားႏုိင္မႈကိုလည္း ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ ေတာက္ေလွ်ာက္ ထဲထဲဝင္ဝင္ ပါလာခဲ့တဲ့ ဦးကိုကိုႀကီးကလည္း အခုလိုဆုိပါတယ္။

“အခုေတာင္မွ က်ဆုံးမႈေတြ ဖမ္းဆီးခံရမႈေတြ ထြက္ေျပးတိမ္းေရွာင္ေနရတာေတြနဲ႔ စစ္တပ္အေပၚမွာ မေက်နပ္မႈ အဲဒီေလာက္ ႀကီးေနတဲ့အခ်ိန္မွာ NLD ဖ်က္လုိက္မယ္ဆုိရင္ သေဘာကေတာ့ ႏုိင္ငံေရးလမ္းေၾကာင္း မရွိေတာ့ဘူးဆုိတဲ့ သေဘာမ်ဳိး ျဖစ္သြားမယ္။ လူထုေထာက္ခံမႈရွိတဲ့ ပါတီႀကီးေတြ ရွိေနတာဟာ ႏုိင္ငံေရး လမ္းေၾကာင္းအတြက္ ေမွ်ာ္လင့္စရာ ရွိေနတယ္။ အဲ့ေတာ့ ဒါကို ဖ်က္လုိက္ၿပီဆုိရင္ အခုလူငယ္ေတြရဲ႕ စိတ္ခံစားမႈအရေျပာရင္ ႏိုင္ငံေရးလမ္းေၾကာင္းကို လုံးဝ အယုံအၾကည္ မရွိေတာ့ဘူးဆိုတဲ့ အေျခအေနကုိ တြန္းပုိ႔သြားမယ္။ မလိုလားအပ္တဲ့၊ အခုလည္း တဂ်ိမ္းဂ်ိမ္းနဲ႔ ေပါက္တာေတြ၊ အရပ္ထဲမွာလည္း ဘယ္သူ႔ ဘယ္သူမွ မလုံၿခဳံဘူး။ ဟိုလူက ဒလန္၊ ဒီလူက သူလွ်ဳိ၊ ဆုိေတာ့ ဗဟိုခ်က္မ ေပ်ာက္ၿပီးေတာ့ ကုိယ့္နည္းကုိယ့္ဟန္နဲ႔ မေက်နပ္မႈနဲ႔ ခုခံတယ္၊ ျပန္ၿပီး တုိက္ခုိက္တယ္ဆုိတဲ့သေဘာ ျဖစ္လာတာႀကီးက အင္မတန္ အႏၱရာယ္ႀကီးတယ္။”

ဒီေနရာမွာ အခုလို စစ္ေကာင္စီရဲ႕ ဖိႏွိပ္မႈေတြ တျဖည္းျဖည္း ျမင့္မားလာတဲ့အေပၚမွာ ဘယ္လိုဆက္လက္ လႈပ္ရွားသြားဖုိ႔ စီစဥ္ထားပါလဲလို႔ ေမးရာမွာ ဦးေအာင္ၾကည္ညြန္႔က…

“က်ေနာ္တုိ႔က ျပည္သူေတြရဲ႕ ႏွလုံးသားထဲမွာ ရွိေနတယ္။ ျပည္သူေတြအတြက္ က်ေနာ္တုိ႔ ဆက္လက္ရပ္တည္ေပးႏုိင္သေရြ႕ ျပည္သူေတြအတြက္ကို ျပည္သူေတြနဲ႔အတူပဲ တကယ္သြားရမယ့္ တုိင္းရင္းသား ညီေနာင္ဖြားအားလုံး တကယ္လိုခ်င္ခဲ့တဲ့ ဖက္ဒရယ္ဒီမုိကေရစီႏုိင္ငံ တည္ေဆာက္ေရးအတြက္ကုိ သြားမယ္။ ဘယ္သူမဆုိ ႏုိင္ငံသားအခြင့္အေရး မွ်မွ်တတ ရရွိဖို႔နဲ႔ အခုလို ဖိႏွိပ္ခ်ဳပ္ခ်ယ္ေနတဲ့ စနစ္မ်ဳိးကုိ ေတာ္လွန္ဖုိ႔ ေဆာင္ရြက္ေနေသးသေရြ႕ NLD ကုိ သူတုိ႔ရဲ႕ အမိန္႔အာဏာေတြနဲ႔ ေခ်ဖ်က္လို႔ မရႏုိင္ဘူး။” လို႔ ေျပာပါတယ္။

သမုိင္းေၾကာင္းတေလွ်ာက္ ျဖစ္ပ်က္ခဲ့သမွ် ႀကဳံခဲ့ရသမွ်မွာ အခု ေနာက္ဆုံးအဆင့္မွာ ဘယ္လုိျမင္ခ်င္ပါသလဲလို႔ ေမးရာမွာ ဝါရင့္ႏုိင္ငံေရးသမားႀကီး ဦးသုေဝက …

“က်ေနာ္က အခုအရြယ္ အသက္လည္း ၈၉ ေတာင္ ရွိသြားၿပီဗ်။ ဒီလိုမျဖစ္ခင္တုန္းကလည္း က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရးမွာ အကုန္ေတြ႔ေနၾကတယ္ဗ်။ တပ္ကလည္းပါတယ္၊ NLD ေဒၚစုတုိ႔ အပါအဝင္ အကုန္ေပါ့၊ တေယာက္နဲ႔တေယာက္ ညီညီညြတ္ညြတ္နဲ႔ ခ်စ္ခ်စ္ခင္ခင္ ျဖစ္ေစခ်င္လုိက္တာဗ်ာ။ စိတ္ထဲမွာပဲရွိတယ္ေလ။” လို႔ ေျဖပါတယ္။

လက္ရွိ ႏုိင္ငံေရး အက်ပ္အတည္းကို ဘယ္လိုေျဖရွင္းသင့္ပါသလဲလို႔ ေမးရာမွာ ဦးကုိကိုႀကီးက အခုလို ေျပာပါတယ္။

“ႏုိင္ငံေရးလမ္းေၾကာင္းေပၚကို ျပန္ဆြဲတင္ဖို႔ လိုတယ္။ ႏုိင္ငံေရးလမ္းေၾကာင္းဟာ ေမွ်ာ္လင့္ခ်က္ရွိတယ္ ဆိုတာကုိ အထူးသျဖင့္ လူငယ္ေတြ အပါအဝင္ ျပည္သူလူထုကပါ ယုံၾကည္မႈရွိလာေအာင္ ျပန္ႀကိဳးစားဖို႔ လိုတယ္။ အခုဟာက ေျပာရရင္ ယုံၾကည္မႈက ေတာ္ေတာ္ပ်က္သြားတဲ့ အခါၾကေတာ့ ႏုိင္ငံေရးကို မယုံၾကည္ေတာ့ဘူးဆိုရင္ အဲဒါ အင္မတန္ အႏၱရာယ္ႀကီးတယ္။”

တကယ္ေတာ့ လြတ္လပ္မွ်တတယ္လို႔ အမ်ားယူဆခဲ့တဲ့ ဒုတိယအေက်ာ့ ေရြးေကာက္ပြဲေတြအၿပီး မဲျပႆနာ ႀကဳံခဲ့ရကာ စစ္အာဏာသိမ္းမႈေတြ ေနာက္ပုိင္း ျဖစ္လာခဲ့ရတဲ့ လက္ရွိ မတည္မၿငိမ္မႈေတြ တေန႔တျခား မ်ားလာခ်ိန္မွာ ျပည္သူမ်ားၾကားမွာလည္း တေန႔တျခား ပုိစုိးရိမ္လာေနၾကတယ္လို႔ သုံးသပ္သူေတြက ဆုိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

NLD ပါတီ ဖျက်သိမ်းခံရမယ့်အရေး နိုင်ငံရေးအသိုင်းအဝန်းကြား စိုးရိမ်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု စွပ်စွဲချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းဖို့ စဉ်းစားမယ့်အကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌက ပြောဆိုလိုက်တဲ့အပေါ် နိုင်ငံရေး အသိုင်းအဝန်းကြား စိုးရိမ်နေပါတယ်။ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတခုကို ဖျက်သိမ်းလိုက်မယ်ဆိုရင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပိုမိုကျယ်ပြန့်လာနိုင်သလို လက်နက်ကိုင် ဆန့်ကျင်မှုတွေလည်း ကြီးထွားလာနိုင်တယ်လို့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေက ပြောပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ဦးသုဝေတို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

လက်ရှိမှာ အဖမ်းမခံရဘဲ ရှားရှားပါးပါး ကျန်နေသေးတဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အခုလို ပထမဆုံးအကြိမ်အဖြစ် ပါတီကို ဖျက်သိမ်းမလား စဉ်းစားနေကြောင်း ပြောလာတဲ့အပေါ်…

“အခု ရွေးကောက်ပွဲကော်မရှင်အသစ်က ဒါ စစ်ကောင်စီက ခန့်ထားတာ၊ ကျနော်တို့က အစတည်းက အသိအမှတ်ကို မပြုဘူး။ နောက်ပြီး ဒါလည်း သူက ပါးစပ်နဲ့ စဉ်းစားနေတယ်ဆိုတဲ့ ပုံစံမျိုး ပြောတာကတော့၊ အမှန်ကတော့ ရှင်းရှင်းပြောရင် သွေးတိုးစမ်းချင်တဲ့သဘောပဲ။ တကယ်ပြောရမယ်ဆိုရင်တော့ NLD ပါတီရှိနေသရွေ့ ဘယ်တော့မှ မယှဉ်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးမှာ ပွဲသိမ်းတိုက်ပွဲနဲ့ ဒီလိုလုပ်ဖို့ စဉ်းစားနေပါတယ်ဆိုပြီးတော့ ခြိမ်းခြောက်တဲ့ သဘောပဲလို့ ကျနော်မြင်တယ်။ အစွယ်ထုတ်ပြတာပေါ့၊ အစွယ်ထုတ်ပြတော့လည်း နဂိုရုပ်ပေါ်လာတာပေါ့။ ပြည်သူတွေ ကောင်းကောင်းမြင်လို့ ရသွားတာပေါ့ဗျာ။” လို့ ပြောပါတယ်။

ဒါ့အပြင် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို စပြီး ဦးဆောင်ခဲ့တဲ့ နာမည်ကြီး ကျောင်းသားခေါင်းဆောင်လည်း ဖြစ်တဲ့ လက်ရှိ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကလည်း ၁၉၈၈ ကတည်းက တောင်းဆိုပြီးနောက် ရလာခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ပါ ပြန်ပျက်သွားမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ဒီ NLD နဲ့ ပတ်သက်ပြီးတော့ ဖျက်သိမ်းဖို့ စဉ်းစားနေတယ်လို့ ပြောတဲ့ဟာက ခြိမ်းခြောက်တာလို့ ကျနော်တော့မြင်တယ်။ တကယ့်တကယ်က မြန်မာပြည်နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကနေ စပြီးတော့ လူထုထောက်ခံမှုရော ဒီမိုကရေစီ လှုပ်ရှားမှုမှာရော NLD ရဲ့ အခန်းကဏ္ဍဟာ အင်မတန်ကြီးပါတယ်။ သဘောက NLD ကို ဖျက်သိမ်းပစ်မယ်ဆိုရင် ပါတီစုံဒီမိုကရေစီလည်း ပျက်သွားပြီလို့ပဲ ကျနော်က မြင်တယ်။ ဒါကြောင့် NLD ဖျက်သိမ်းမယ်ဆိုတဲ့ ကိစ္စကိုတော့ ကျနော် လုံးဝ ကန့်ကွက်ပါတယ်။”

ဒီနေရာမှာ ၁၉၆၂ အာဏာသိမ်းချိန် အရင်ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ အနီးကပ် လုပ်ခဲ့ဖူးပြီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထဲမှာလည်း ထိထိရောက်ရောက် ပါဝင်လာနေခဲ့တဲ့ လက်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း …

“အခုကြေညာသွားတဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောတာတွေဘာတွေကြတော့ ဘယ်လောက်မှန်လဲလို့ မပြောတတ်ဘူးပေါ့ဗျာ။ အမှန်ကတော့ အစောတည်းက ဒီလိုမဖြစ်သင့်ဘူးလေ။ တယောက်နဲ့တယောက် အာဃာတတွေ ထားနေတဲ့အခါ ကျနော်တို့တိုင်းပြည်က စိတ်ပျက်စရာကြီးကို ဖြစ်နေတာပဲ။ တောက်လျှောက် ဒီလိုဖြစ်နေတာလေ။” လို့ ပြောပါတယ်။

အခု ရွေးကောက်ပွဲကော်မရှင်သစ် ဥက္ကဋ္ဌ ဦးသိန်းစိုးက အခုလို ပြောလာတာကြောင့် ဘယ်လိုအကျိုးဆက် ရှိလာနိုင်တာကို မေးရာမှာ ဦးအောင်ကြည်ညွန့်က အခုလိုပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ တကယ်တမ်းကြတော့ ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိပြီးတော့ ကျေနာ်တို့က ပြည်သူနဲ့အတူပဲ တလျှောက်လုံး ရပ်တည်ခဲ့တာ ၈၈ ခုနှစ်က စခဲ့တာပဲလေ။ ရိုးရိုးပြည်သူတွေထဲမှာတောင်မှ NLD ပြည်သူတွေဆို ပိုပြီးတော့ ဖိနှိပ်နေတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ စာနာမှုနဲ့ ပြည်သူတွေရဲ့ လေးစားမှုကို ပိုပြီးတော့ ရရှိနေတယ်။”

ဒါ့အပြင် တကယ်ဖြစ်လာနိုင်တဲ့ အကျိုးဆက် ကြီးမားနိုင်မှုကိုလည်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တောက်လျှောက် ထဲထဲဝင်ဝင် ပါလာခဲ့တဲ့ ဦးကိုကိုကြီးကလည်း အခုလိုဆိုပါတယ်။

“အခုတောင်မှ ကျဆုံးမှုတွေ ဖမ်းဆီးခံရမှုတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေနဲ့ စစ်တပ်အပေါ်မှာ မကျေနပ်မှု အဲဒီလောက် ကြီးနေတဲ့အချိန်မှာ NLD ဖျက်လိုက်မယ်ဆိုရင် သဘောကတော့ နိုင်ငံရေးလမ်းကြောင်း မရှိတော့ဘူးဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်။ လူထုထောက်ခံမှုရှိတဲ့ ပါတီကြီးတွေ ရှိနေတာဟာ နိုင်ငံရေး လမ်းကြောင်းအတွက် မျှော်လင့်စရာ ရှိနေတယ်။ အဲ့တော့ ဒါကို ဖျက်လိုက်ပြီဆိုရင် အခုလူငယ်တွေရဲ့ စိတ်ခံစားမှုအရပြောရင် နိုင်ငံရေးလမ်းကြောင်းကို လုံးဝ အယုံအကြည် မရှိတော့ဘူးဆိုတဲ့ အခြေအနေကို တွန်းပို့သွားမယ်။ မလိုလားအပ်တဲ့၊ အခုလည်း တဂျိမ်းဂျိမ်းနဲ့ ပေါက်တာတွေ၊ အရပ်ထဲမှာလည်း ဘယ်သူ့ ဘယ်သူမှ မလုံခြုံဘူး။ ဟိုလူက ဒလန်၊ ဒီလူက သူလျှို၊ ဆိုတော့ ဗဟိုချက်မ ပျောက်ပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မကျေနပ်မှုနဲ့ ခုခံတယ်၊ ပြန်ပြီး တိုက်ခိုက်တယ်ဆိုတဲ့သဘော ဖြစ်လာတာကြီးက အင်မတန် အန္တရာယ်ကြီးတယ်။”

ဒီနေရာမှာ အခုလို စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေ တဖြည်းဖြည်း မြင့်မားလာတဲ့အပေါ်မှာ ဘယ်လိုဆက်လက် လှုပ်ရှားသွားဖို့ စီစဉ်ထားပါလဲလို့ မေးရာမှာ ဦးအောင်ကြည်ညွန့်က…

“ကျနော်တို့က ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိနေတယ်။ ပြည်သူတွေအတွက် ကျနော်တို့ ဆက်လက်ရပ်တည်ပေးနိုင်သရွေ့ ပြည်သူတွေအတွက်ကို ပြည်သူတွေနဲ့အတူပဲ တကယ်သွားရမယ့် တိုင်းရင်းသား ညီနောင်ဖွားအားလုံး တကယ်လိုချင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက်ကို သွားမယ်။ ဘယ်သူမဆို နိုင်ငံသားအခွင့်အရေး မျှမျှတတ ရရှိဖို့နဲ့ အခုလို ဖိနှိပ်ချုပ်ချယ်နေတဲ့ စနစ်မျိုးကို တော်လှန်ဖို့ ဆောင်ရွက်နေသေးသရွေ့ NLD ကို သူတို့ရဲ့ အမိန့်အာဏာတွေနဲ့ ချေဖျက်လို့ မရနိုင်ဘူး။” လို့ ပြောပါတယ်။

သမိုင်းကြောင်းတလျှောက် ဖြစ်ပျက်ခဲ့သမျှ ကြုံခဲ့ရသမျှမှာ အခု နောက်ဆုံးအဆင့်မှာ ဘယ်လိုမြင်ချင်ပါသလဲလို့ မေးရာမှာ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက …

“ကျနော်က အခုအရွယ် အသက်လည်း ၈၉ တောင် ရှိသွားပြီဗျ။ ဒီလိုမဖြစ်ခင်တုန်းကလည်း ကျနော်တို့ ငြိမ်းချမ်းရေးမှာ အကုန်တွေ့နေကြတယ်ဗျ။ တပ်ကလည်းပါတယ်၊ NLD ဒေါ်စုတို့ အပါအဝင် အကုန်ပေါ့၊ တယောက်နဲ့တယောက် ညီညီညွတ်ညွတ်နဲ့ ချစ်ချစ်ခင်ခင် ဖြစ်စေချင်လိုက်တာဗျာ။ စိတ်ထဲမှာပဲရှိတယ်လေ။” လို့ ဖြေပါတယ်။

လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဘယ်လိုဖြေရှင်းသင့်ပါသလဲလို့ မေးရာမှာ ဦးကိုကိုကြီးက အခုလို ပြောပါတယ်။

“နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြန်ဆွဲတင်ဖို့ လိုတယ်။ နိုင်ငံရေးလမ်းကြောင်းဟာ မျှော်လင့်ချက်ရှိတယ် ဆိုတာကို အထူးသဖြင့် လူငယ်တွေ အပါအဝင် ပြည်သူလူထုကပါ ယုံကြည်မှုရှိလာအောင် ပြန်ကြိုးစားဖို့ လိုတယ်။ အခုဟာက ပြောရရင် ယုံကြည်မှုက တော်တော်ပျက်သွားတဲ့ အခါကြတော့ နိုင်ငံရေးကို မယုံကြည်တော့ဘူးဆိုရင် အဲဒါ အင်မတန် အန္တရာယ်ကြီးတယ်။”

တကယ်တော့ လွတ်လပ်မျှတတယ်လို့ အများယူဆခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲတွေအပြီး မဲပြဿနာ ကြုံခဲ့ရကာ စစ်အာဏာသိမ်းမှုတွေ နောက်ပိုင်း ဖြစ်လာခဲ့ရတဲ့ လက်ရှိ မတည်မငြိမ်မှုတွေ တနေ့တခြား များလာချိန်မှာ ပြည်သူများကြားမှာလည်း တနေ့တခြား ပိုစိုးရိမ်လာနေကြတယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG