သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံအေျခအေန လံုၿခံဳေရးေကာင္စီၾကားနာမႈ တိုက္ရိုက္ထုတ္လႊင္႔မည္


မွတ္တမ္းဓါတ္ပံု- ၂၀၁၈ ေမလတုန္းက ျပဳလုပ္တဲ့ ျမန္မာ့အေရး လံုၿခံဳေရးေကာင္စီၾကားနာပြဲ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမာက္ခံထားရတဲ့ လႊတ္ေတာ္အမတ္ေတြနဲ႔ တိုင္းရင္းသားအဖြဲ႔အစည္းေတြရဲ႕ အျမင္ကို သိရဖို႔ ၿဗိတိန္ႏိုင္ငံက ႀကီးမႈးတဲ့ ကုလသမဂၢလံုျခံဳေရး ေကာင္စီရဲ႕ သီးသန္႔ေဆြးေႏြးပြဲကို ဧၿပီလ ၉ ရက္ ေသာၾကာေန႔မွာ က်င္းပမွာ ျဖစ္ေၾကာင္း ၿဗိတိန္ႏိုင္ငံဆိုင္ရာ ကုလသမဂၢရံုးက ၾကာသပေတးေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ဒီေဆြးေႏြးပြဲကို Estonia ၊ ျပင္သစ္၊ အိုင္ယာလန္၊ ေနာ္ေဝနဲ႔ အေမရိကန္ႏိုင္ငံေတြက ကုလသမဂၢကိုယ္စားလွယ္ေတြ တက္ေရာက္မွာ ျဖစ္ၿပီး ပါဝင္ေဆြးေႏြးမယ့္ သူေတြကေတာ့ အရပ္ဖက္ လူမႈအဖြဲ႔အစည္းေခါင္းေဆာင္ တဦးျဖစ္တဲ့ စိုင္းစံခမ္း၊ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ေဒၚဇင္မာေအာင္၊ ICG ႏိုင္ငံတကာ ပဋိပကၡေလ့လာေရးအဖြဲ႔က Richard Horsey နဲ႔ ကုလသမဂၢ ျမန္မာႏိုင္ငံအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း တို႔ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ တိုးလာေနတာနဲ႔ အတူ အေျခေနေတြ ဆိုးဝါးလာေနၿပီး ေဒသတြင္း တည္ၿငိမ္မႈကိုေရာ ႏိုင္ငံတရာၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးအတြက္ပါ အႏၲရာယ္ႀကီးထြား လာေနခ်ိန္မွာ အခုလို ေဆြးေႏြးပြဲ က်င္းပဖို႔ လုပ္လာတာ ျဖစ္ပါတယ္။

ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း တက္ေရာက္မယ့္ ဒီေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံတြင္းက တိုင္းရင္းသားေတြနဲ႔ ပဋိပကၡျဖစ္ပြားမႈေတြ အေပၚမွာ ေဖေဖၚဝါရီလ တရက္ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ေနာက္ ႐ိုက္ခတ္မႈေတြကို စိုင္းစံခမ္းက ေဆြးေႏြးတင္ျပမွာ ျဖစ္သလို ဖက္ဒရယ္ ဒီမိုကေရစီ ပဋိဉာဥ္ ထုတ္ျပန္ခဲ့တဲ့ CRPH ရဲ႕ ေရွ႕ဆက္ လုပ္ေဆာင္မွာေတြကို ေဒၚဇင္မာေအာင္က ေဆြးေႏြးမွာျဖစ္ပါတယ္။ ဒါ့အျပင္ အာဏာသိမ္းခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ေဆာင္မႈေတြကေန ေဒသတြင္းမွာသာမက ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လံုျခံဳေရးကို ထိပါးေစမယ့္ အႏၲရာယ္ေတြနဲ႔ ပတ္သက္ၿပီး ICG က ေဆြးေႏြးဖို႔ ရွိပါတယ္။

ေသာၾကာေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈နာရီခြဲ၊ နယူးေရာက္စံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာ ကုလမဂၢရံုးကေန တိုက္႐ိုက္ထုတ္လႊင့္ေပးဖို႔ရွိတဲ့ ဒီေဆြးေႏြးပြဲအၿပီးမွာေတာ့ ၿဗိတိန္ သံအမတ္ႀကီး Barbara Woodward က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

မြန်မာနိုင်ငံအခြေအနေ လုံခြုံရေးကောင်စီကြားနာမှု တိုက်ရိုက်ထုတ်လွှင့်မည်

(Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အမြင်ကို သိရဖို့ ဗြိတိန်နိုင်ငံက ကြီးမှုးတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ သီးသန့်ဆွေးနွေးပွဲကို ဧပြီလ ၉ ရက် သောကြာနေ့မှာ ကျင်းပမှာ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးပွဲကို Estonia ၊ ပြင်သစ်၊ အိုင်ယာလန်၊ နော်ဝေနဲ့ အမေရိကန်နိုင်ငံတွေက ကုလသမဂ္ဂကိုယ်စားလှယ်တွေ တက်ရောက်မှာ ဖြစ်ပြီး ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းခေါင်းဆောင် တဦးဖြစ်တဲ့ စိုင်းစံခမ်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒေါ်ဇင်မာအောင်၊ ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က Richard Horsey နဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတာနဲ့ အတူ အခြေနေတွေ ဆိုးဝါးလာနေပြီး ဒေသတွင်း တည်ငြိမ်မှုကိုရော နိုင်ငံတရာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက်ပါ အန္တရာယ်ကြီးထွား လာနေချိန်မှာ အခုလို ဆွေးနွေးပွဲ ကျင်းပဖို့ လုပ်လာတာ ဖြစ်ပါတယ်။

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မယ့် ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုတွေ အပေါ်မှာ ဖေဖေါ်ဝါရီလ တရက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် ရိုက်ခတ်မှုတွေကို စိုင်းစံခမ်းက ဆွေးနွေးတင်ပြမှာ ဖြစ်သလို ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် ထုတ်ပြန်ခဲ့တဲ့ CRPH ရဲ့ ရှေ့ဆက် လုပ်ဆောင်မှာတွေကို ဒေါ်ဇင်မာအောင်က ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကနေ ဒေသတွင်းမှာသာမက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးစေမယ့် အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ICG က ဆွေးနွေးဖို့ ရှိပါတယ်။

သောကြာနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ၊ နယူးရောက်စံတော်ချိန် မနက် ၁၀ နာရီမှာ ကုလမဂ္ဂရုံးကနေ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ရှိတဲ့ ဒီဆွေးနွေးပွဲအပြီးမှာတော့ ဗြိတိန် သံအမတ်ကြီး Barbara Woodward က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG