သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ ဥတုရာသီတိုက္ဖ်က္ေရး အေထာက္အကူျပဳဖို႔ ေပါင္ သန္း ၁၀၀ ေက်ာ္ ၿဗိတိန္ ရင္းႏွီးျမဳပ္ႏွံမည္


ကုလသမဂၢ ကမာၻ႔ ရာသီဥတု ဆိုင္ရာ ညီလာခံ COP 27၊ အီဂ်စ္ႏိုင္ငံ (ႏိုဝင္ဘာလ ၇ ရက္၊ ၂၀၂၂ ခုႏွစ္)

ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ ဥတုရာသီေျပာင္းလဲမႈတိုက္ဖ်က္ေရးမွာ အေထာက္အကူျပဳေစေရးအတြက္ရည္႐ြယ္ၿပီး ၿဗိတိန္ႏိုင္ငံက အေမရိကန္ေဒၚလာ ၁၁၅ သန္းနဲ႔ညီမွ်တဲ့ ေပါင္စတာလင္ သန္း ၁၀၀ ေက်ာ္ ရင္းႏွီးျမဳပ္ႏွံမယ့္အေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး James Cleverly က ဒီကေန႔ ေၾကညာဖို႔ ရွိပါတယ္။

ဒါ့အျပင္ ေရရွည္ အက်ိဳးအျမတ္ ျဖစ္ထြန္းေစေရးဟာ ဥတုရာသီေျပာင္းလဲမႈကို ကိုင္တြယ္ေျဖရွင္းၿပီး ကမာၻတဝန္း ျပန္ျဖည့္ၿမဲ စြမ္းအင္က႑မွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ေဆာင္ၾကဖို႔ လိုအပ္တဲ့အေၾကာင္းကိုလည္း ဝန္ႀကီး Cleverly က ေျပာၾကားဖို႔ရွိေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရးဌာနက ဒီကေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တခ်ိန္ထဲမွာဘဲ ဆင္းရဲတဲ့ႏိုင္ငံေတြ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ အေမရိကန္၊ တ႐ုတ္နဲ႔ ဥေရာပတိုက္ကမဟုတ္တဲ့ တျခား ခ်မ္းသာႂကြယ္ဝတဲ့ႏိုင္ငံေတြက ေငြေၾကး ေထာက္ပံ့ေပးၾကဖို႔ အီဂ်စ္ႏိုင္ငံ၊ Sharm el Sheikh ၿမိဳ႕မွာ က်င္းပေနတဲ့ COP 27 ဥတုရာသီညီလာခံကို တက္ဖို႔ေရာက္ေနတဲ့ ျပင္သစ္သမၼတ Emmanuel Macron က ေျပာၾကားလိုက္ပါတယ္။

“အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔က ဓါတ္ေငြ႕ထုတ္လုပ္မႈေတြ ေလ်ာ့ခ်ၿပီး ေငြေၾကး အကူအညီေတြေပးၾကဖို႔ လိုအပ္ပါတယ္” - လို႔ ျပင္သစ္နဲ႔ အာဖရိကတိုက္က ဥတုရာသီေျပာင္းလဲမႈဆိုင္ရာ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ညီလာခံျပင္ပမွာ သီးျခားေတြ႕ဆုံစဥ္ သမၼတ Macron က ေျပာပါတယ္။

လက္ရွိမွာ ဥေရာပတိုက္ႏိုင္ငံေတြကဘဲ ဒီကိစၥမွာ ေငြေၾကး ပံ့ပိုးေနတယ္လို႔လည္း သမၼတ Macron က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဥတုရာသီတိုက်ဖျက်ရေး အထောက်အကူပြုဖို့ ပေါင် သန်း ၁၀၀ ကျော် ဗြိတိန် ရင်းနှီးမြုပ်နှံမည်

ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဥတုရာသီပြောင်းလဲမှုတိုက်ဖျက်ရေးမှာ အထောက်အကူပြုစေရေးအတွက်ရည်ရွယ်ပြီး ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၁၅ သန်းနဲ့ညီမျှတဲ့ ပေါင်စတာလင် သန်း ၁၀၀ ကျော် ရင်းနှီးမြုပ်နှံမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး James Cleverly က ဒီကနေ့ ကြေညာဖို့ ရှိပါတယ်။

ဒါ့အပြင် ရေရှည် အကျိုးအမြတ် ဖြစ်ထွန်းစေရေးဟာ ဥတုရာသီပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းပြီး ကမ္ဘာတဝန်း ပြန်ဖြည့်မြဲ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ကြဖို့ လိုအပ်တဲ့အကြောင်းကိုလည်း ဝန်ကြီး Cleverly က ပြောကြားဖို့ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနက ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ ဆင်းရဲတဲ့နိုင်ငံတွေ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အမေရိကန်၊ တရုတ်နဲ့ ဥရောပတိုက်ကမဟုတ်တဲ့ တခြား ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေက ငွေကြေး ထောက်ပံ့ပေးကြဖို့ အီဂျစ်နိုင်ငံ၊ Sharm el Sheikh မြို့မှာ ကျင်းပနေတဲ့ COP 27 ဥတုရာသီညီလာခံကို တက်ဖို့ရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားလိုက်ပါတယ်။

“အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ဓါတ်ငွေ့ထုတ်လုပ်မှုတွေ လျော့ချပြီး ငွေကြေး အကူအညီတွေပေးကြဖို့ လိုအပ်ပါတယ်” - လို့ ပြင်သစ်နဲ့ အာဖရိကတိုက်က ဥတုရာသီပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ ညီလာခံပြင်ပမှာ သီးခြားတွေ့ဆုံစဉ် သမ္မတ Macron က ပြောပါတယ်။

လက်ရှိမှာ ဥရောပတိုက်နိုင်ငံတွေကဘဲ ဒီကိစ္စမှာ ငွေကြေး ပံ့ပိုးနေတယ်လို့လည်း သမ္မတ Macron က ပြောပါတယ်။

XS
SM
MD
LG