သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်ခံခဲ့ရသူ ဗြိတိန်ဝန်ကြီးချုပ် ရုံးပြန်တက်


ဗြိတိန်ဝန်ကြီးချုပ် Boris Johnson
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကြောင့် ဆေးရုံတက်ကုသခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဒီကနေ့ ပထမဆုံး ရုံးပြန်တက်ပြီး နိုင်ငံထဲမှာ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မြန်မြန် လျှော့ပေါ့ပေးလိုက်ရင် နောက်တကျော့ ကူးစက်ပျံ့နှံ့မှုတွေဖြစ်လိမ့်မယ်လို့သတိပေးခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson

ဗြိတိန်ပြည်သူတွေ အားထုတ် အနစ်နာခံထားတာတွေကို ပစ်စလက်ခတ်လုပ်ပြီး ဒုတိယအကျော့ ကူးစက်မှုကြီးဖြစ်မယ့် အန္တရာယ်မျိုး သူလက်မခံနိုင်ဘူးလို့ ဝန်ကြီးချုပ် Boris Johnson က Downing လမ်း နေအိမ်ရှေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုအခြေအနေက ကူးစက်မှုဖြစ်နိုင်သေးတဲ့အန္တရာယ် အထွဋ်အထိပ်မှာ ရှိနေသေးတယ်ဆိုတာကိုလည်း ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။ လူတွေ၊ အလုပ်တွေ ပြန်လုပ်ချင်နေကြတယ်၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ချင်နေကြတယ်ဆိုတာကို သူနားလည်ပေမဲ့ ပထမကူးစက်မှုကြီး အဆုံးသတ်တော့မယ်လို့ သူယုံကြည်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆက်လက်စိတ်ရှည်ပေးကြဖို့လည်း တိုက်တွန်းသွားပါတယ်။

မတ်လ ၂၃ ရက်နေ့ထဲက တားမြစ်ကန့်သတ်မှုတွေ စတင်တဲ့ ဗြိတိန်မှာ ဒီကန့်သတ်မှုတွေကို ဖြေလျှော့မယ့် အစီအစဉ်တွေ ရေးဆွဲဖို့ ဝန်ကြီးချုပ်ရဲ့ Conservative အစိုးရအပေါ် အတိုက်အခံတွေက ဖိအားပေးနေပါတယ်။

တားမြစ်ကန့်သတ်ချက်တွေကို မေလ ၇ ရက်နေ့အထိ ဗြိတိန်မှာ ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စကို အတိုက်အခံပါတီတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ ဝန်ကြီးချုပ် Boris Johnson ကပြောကြားခဲ့ပါတယ်။

COVID-19 ကူးစက်ခံခဲ့ရသူ ဗြိတိန်ဝန်ကြီးချုပ် ရုံးပြန်တက်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG