သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြကို အၾကမ္းဖက္ ျခိမ္းေျခာက္မႈ ျဗိတိန္အစိုးရ ျပတ္ျပတ္သားသားအေရးယူမည္


British Foreign Secretary, Dominic Raab (ယခင္မွတ္တမ္းဓါတ္ပုံ)

အမ်ိဳးသမီးေတြကို အၾကမ္းဖက္ ျခိမ္းေျခာက္မႈ ျဗိတိန္အစိုးရ ျပတ္ျပတ္သားသားအေရးယူမည္

{{Zawgyi/Unicode}}

ၿဗိတိန္ႏုိင္ငံမွာ အမ်ိဳးသမီးေတြကုိ ၿခိမ္းေျခာက္အႏုိင္က်င့္ေနသူေတြကုိ ေနာက္ထပ္ မက်ဴးလြန္ရဲေလာက္ေအာင္ေၾကာက္ရြံသြားတဲ့အထိအပစ္ေပးေရးယူဖုိ့နဲ့ အမ်ိဳးသမီးေတြ ကုိလည္းတရားစီရင္ေရးအေပၚျပန္လည္သက္၀င္ယုံၾကည္လာေအာင္လုပ္ေရးကုိ အဓိကဦးစားေပးအစီအစဥ္ေတြအျဖစ္ လုပ္ေဆာင္သြားမယ္လုိ့ ၿဗိတိသွ်တရားေရး၀န္ ႀကီးက ဗုဒၶဟူးေန့မွာေျပာဆုိလုိက္ပါတယ္။

အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရတာနဲ့ အသတ္ခံရတဲ့ကိစၥေတြ ဆက္တုိက္ျဖစ္ခဲ့ၿပီိးေနာက္ အခုလုိအစီအစဥ္ကုိလုပ္ဖုိ့၀န္ႀကီး က ေျပာဆုိလုိက္တာပါ။ မၾကာေသးမီက ရဲ အရာရွိကုိယ္္တုိင္းက်ဴးလြန္ခဲ့တဲ့ လူသတ္မွုအပါအ၀င္ အမ်ိဳးသမီးေတြအသတ္ခံရတဲ့ကိစၥေတြဟာ သူ့အေနနဲ့ အလြန္ပဲ တုံလွုပ္မိတယ္လုိ့ တရားေရး၀န္ႀကီး Dominic Raab ကေျပာဆုိပါတယ္။

အမ်ိဳးသမီးအမ်ားစုဟာ ညေမွာင္ေမွာင္ တေယာက္ထဲမျပင္မထြက္ရဲတာမ်ိဳး၊ ဒါမွမဟုတ္ သူတုိ့ေနထုိင္ရာအိမ္ထဲမွာဘဲ ရုိက္ႏွက္ခံေနရတာမ်ိဳး စိတ္မေကာင္းစရာအေျခအေနေတြ ဟာေန့စဥ္ျဖစ္ပ်က္ေနတာပါလုိ့လည္းဆုိပါတယ္။

ၿဗိတိန္ႏုိင္ငံ အဂၤလန္နဲ့ ေ၀လနယ္ေတြမွာ ၂၀၂၀ မတ္အလအထိ တရား၀င္စာရင္းေတြအရ အမ်ိဳးသမီးေပါင္း ၁ သန္း ၆ သိန္းဟာ အိမ္တြင္းအၾကမ္းဖက္မွုခံရတယ္လုိ့ေဖၚျပထားပါတယ္။ အဲဒီအထဲမွာ ၆ သိန္းေက်ာ္ဟာ လိင္မွုဆုိင္ရာအၾကမ္းဖက္ခံရတာျဖစ္ၿပီး၊ ၉ သိန္းေလာက္ဟာ ရည္ရြယ္ခ်က္နဲ့ ေနာက္ေယာင္ခံလုိက္ၿပီး တုိက္ခုိက္ေစာ္ကားခံရ တာျဖစ္ေၾကာင္းေဖၚျပထားပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

အမျိုးသမီးတွေကို အကြမ်းဖက် ခြိမ်းခြောက်မှု ဗြိတိန်အစိုးရ ပြတ်ပြတ်သားသားအရေးယူမည်

{{Unicode}}
ဗြိတိန်နိုင်ငံမှာ အမျိုးသမီးတွေကို ခြိမ်းခြောက်အနိုင်ကျင့်နေသူတွေကို နောက်ထပ် မကျူးလွန်ရဲလောက်အောင်ကြောက်ရွံသွားတဲ့အထိအပစ်ပေးရေးယူဖို့နဲ့ အမျိုးသမီးတွေ ကိုလည်းတရားစီရင်ရေးအပေါ်ပြန်လည်သက်ဝင်ယုံကြည်လာအောင်လုပ်ရေးကို အဓိကဦးစားပေးအစီအစဉ်တွေအဖြစ် လုပ်ဆောင်သွားမယ်လို့ ဗြိတိသျှတရားရေးဝန် ကြီးက ဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပါတယ်။

အမျိုးသမီးတွေ အကြမ်းဖက်ခံရတာနဲ့ အသတ်ခံရတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် အခုလိုအစီအစဉ်ကိုလုပ်ဖို့ဝန်ကြီး က ပြောဆိုလိုက်တာပါ။ မကြာသေးမီက ရဲ အရာရှိကိုယ်တိုင်းကျူးလွန်ခဲ့တဲ့ လူသတ်မှုအပါအဝင် အမျိုးသမီးတွေအသတ်ခံရတဲ့ကိစ္စတွေဟာ သူ့အနေနဲ့ အလွန်ပဲ တုံလှုပ်မိတယ်လို့ တရားရေးဝန်ကြီး Dominic Raab ကပြောဆိုပါတယ်။

အမျိုးသမီးအများစုဟာ ညမှောင်မှောင် တယောက်ထဲမပြင်မထွက်ရဲတာမျိုး၊ ဒါမှမဟုတ် သူတို့နေထိုင်ရာအိမ်ထဲမှာဘဲ ရိုက်နှက်ခံနေရတာမျိုး စိတ်မကောင်းစရာအခြေအနေတွေ ဟာနေ့စဉ်ဖြစ်ပျက်နေတာပါလို့လည်းဆိုပါတယ်။

ဗြိတိန်နိုင်ငံ အင်္ဂလန်နဲ့ ဝေလနယ်တွေမှာ ၂၀၂၀ မတ်အလအထိ တရားဝင်စာရင်းတွေအရ အမျိုးသမီးပေါင်း ၁ သန်း ၆ သိန်းဟာ အိမ်တွင်းအကြမ်းဖက်မှုခံရတယ်လို့ဖေါ်ပြထားပါတယ်။ အဲဒီအထဲမှာ ၆ သိန်းကျော်ဟာ လိင်မှုဆိုင်ရာအကြမ်းဖက်ခံရတာဖြစ်ပြီး၊ ၉ သိန်းလောက်ဟာ ရည်ရွယ်ချက်နဲ့ နောက်ယောင်ခံလိုက်ပြီး တိုက်ခိုက်စော်ကားခံရ တာဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG