သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို နယ်သာလန်က ဒေါ်လာ သန်း (၄၄၀) ကူညီ


နယ်သာလန်ကာကွယ်ရေးဝန်ကြီး Ruben Brekelmans ရဲ့ ယူကရိန်းနိုင်ငံကိုသွားတဲ့ခရီးစဥ်မှာ မြို့တော်ကိဗ်မှာ ရိုက်တာသတင်းဌာနနဲ့တွေ့ဆုံဖြေကြားစဥ်။ (အောက်တိုဘာ ၆၊ ၂၀၂၄)
နယ်သာလန်ကာကွယ်ရေးဝန်ကြီး Ruben Brekelmans ရဲ့ ယူကရိန်းနိုင်ငံကိုသွားတဲ့ခရီးစဥ်မှာ မြို့တော်ကိဗ်မှာ ရိုက်တာသတင်းဌာနနဲ့တွေ့ဆုံဖြေကြားစဥ်။ (အောက်တိုဘာ ၆၊ ၂၀၂၄)

နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans ဟာ တနင်္ဂနွေနေ့က Kyiv မြို့တော်ကို ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်းနဲ့ပူးတွဲလုပ်ဆောင်မယ့် အဆင့်မြင့်ဒရုန်းယာဥ်ထုတ်လုပ်ဖို့ ဒေါ်လာသန်း ၄၄၀ မြှုပ်နှံမယ်လို့ ပြောကြားလိုက်ပါတယ်။

ရုရှားတို့က ယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ၂ နှစ်ခွဲကျော်လွန်လာပြီးတဲ့နောက် ယူကရိန်းဘက်က အရှေ့ဖက်ကို စတင်ထိုးဖောက်လာပြီး ဆောင်းရာသီမတိုင်ခင် အရေးကြီးတဲ့အခြေခံအဆောက်အအုံ တွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ အခုဒရုန်းစီမံကိန်းဟာ စစ်မြေပြင်မှာ အသုံးချဖို့ နှစ်နိုင်ငံနည်းပညာတွေ ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံငွေတဝက်ကို နယ်သာလန်နိုင်ငံကသုံးစွဲပြီး ကျန်တဝက်ကိုတော့ ယူကရိန်းနဲ့ ကျန်နိုင်ငံတွေမှာ ခွဲဝေသုံးစွဲသွားမှာ ဖြစ်ပါတယ်။​

အခုဒရုန်းစီမံကိန်းအောင်မြင်တယ်ဆိုရင် ပိုမိုထုတ်လုပ်နိုင်ဖို့အတွက် ရံပုံငွေတွေ ပိုမိုရရှိနိုင်လိမ့်မယ် လို့လည်း နယ်သာလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရုရှားကျူးကျော်မှုစတင်ချိန်က နယ်သာလန်နိုင်ငံဟာ ယူကရိန်းကို ဒေါ်လာ ၁၁ ဘီလီယံစစ်ရေးအထောက်အပံ့ပေးဖို့ ကတိပြုခဲ့ပြီး အခုချိန်ထိ ၄ ဘီလီယံခွဲခန့် ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။

ယူကရိန်းကို နယ်သာလန်က ဒေါ်လာ သန်း (၄၄၀) ကူညီ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG