သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဒေသခံတွေ လျှပ်စစ်မီးရဖို့ ကျောက်မီးသွေးပိုထုတ်နေ


Dnipropetrovsk ဒေသတွင်း သတ္တုတွင်းတူးအလုပ်သမားတွေ အလုပ်ဆင်းချိန်။ (ဧပြီ ၇၊ ၂၀၂၃) 
Dnipropetrovsk ဒေသတွင်း သတ္တုတွင်းတူးအလုပ်သမားတွေ အလုပ်ဆင်းချိန်။ (ဧပြီ ၇၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ရုရှားကျူးကျော်တိုက်ခိုက်ခံရတဲ့ ယူကရိန်းနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ကျောက်မီးသွေးတွင်းလုပ်သားတွေဟာ နေ့ရောညပါမရပ်မနား အလုပ်လုပ်နေကြပါတယ်။

ရုရှားက ၆ လကြာ ယူကရိန်းရဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပါအဝင် အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် ကျောက်မီးသွေးဟာ ယူကရိန်းစွမ်းအင်အတွက် အဓိကဖြစ်လာတယ်လို့ Dnipropetrovesk ခရိုင်အတွင်းက ကျောက်မီးသွေးထုတ်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာချုပ် Oleksandr ကပြောပါတယ်။

ကျောက်မီးသွေးတွင်းလုပ်သားတွေက မြေအောက်အနက်ပိုင်းအထိ ဓာတ်လှေခါးတွေနဲ့ဆင်းပြီး စက်ယန္တရားကြီးတွေနဲ့ ကျောက်မီးသွေးတွေ တူးဖေါ်နေကြပါတယ်။ ဒီအလုပ်ဟာ ပင်ပန်းတဲ့အလုပ်ဖြစ်ပေမယ့် တိုင်းပြည်ဆက်လက်လည်ပတ်နိုင်ဖို့ မရှိမဖြစ်လိုအပ်နေတဲ့အတွက် ကြိုးစားလုပ်ဆောင်နေတယ်လို့ ကျောက်မီးသွေးတွင်းလုပ်သားတွေကပြောပါတယ်။

ဒီကနေ့ စွမ်းအင်နဲ့ပတ်သက်ပြီးအမှီအခိုကင်းရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ အင်ဂျင်နီယာချုပ် Oleksandr ကေ ပြာပါတယ်။

မီဂါဝပ် ၆,၀၀၀ လောက်ထုတ်လုပ်နိုင်တဲ့ Zaporizhzhia နျူကလီယားသုံး ဓာတ်အားပေးစက်ရုံကို ရုရှားတို့က ပြီးခဲ့တဲ့နှစ် စတင်ကျူးကျော်ချိန်ကတည်းသိမ်းပိုက်ထားပြီး ဒီစက်ရုံဒေသကို စစ်မဲ့ဇုံလုပ်ဖို့ဆွေးနွေးနေတာလည်း မအောင်မြင်ဖြစ်နေပါတယ်။ ဒီဓာတ်အားပေးစက်ရုံကို ရုရှားက တရားဝင်တာဝန်ယူဖို့ဆိုတဲ့ ဆွေးနွေးကမ်းလှမ်းချက်တွေကိုတော့ ယူကရိန်းသမ္မတ ဇာလင်းစကီးက လက်မခံပါဘူး။
ထိုင်း ချွန်ဘူရီခရိုင်မှာ မြန်မာအများစုပါတဲ့ယာဉ်တိုက်မှု ၈ ဦးထက်မနည်းသေဆုံး

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}







XS
SM
MD
LG