သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Mariupol ၿမိဳ႕က ယူကရိန္းတပ္ဖြဲ႔ ေနာက္ဆံုးစခန္း သံမဏိစက္႐ံုကိုဝင္မတုိက္ဖုိ႔ သမၼတပူတင္ၫႊန္ၾကား 


 ယူကရိန္းေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ Mariupol ၿမိဳ႕က စစ္တလင္းျဖစ္ခဲ့တဲ့ Azovstal Iron and Steel စက္႐ံု ျမင္ကြင္း။ (ဧၿပီ ၂၀၊ ၂၀၂၂)  


[[Zawgyi/Unicode]]

ယူကရိန္းတပ္ဖြဲ႕ေတြ ေနာက္ဆုံးေျခကုတ္ယူထားတဲ့ Mariupol ၿမိဳ႕က သံမဏိစက္႐ုံရွိရာကို ႐ုရွားတပ္ဖြဲ႕ေတြ ဝင္မတိုက္ဖို႔ သမၼတ Vladimir Putin က ဒီကေန႔ ၫြန္ၾကားလိုက္ပါတယ္။

အဲဒီေနရာကို ဝင္ေရာက္တိုက္ခိုက္ျခင္းအားျဖင့္ ႐ုရွားတပ္ဖြဲ႕ေတြ အႏၲရာယ္ျဖစ္ေစမယ့္အစား အဲဒီေနရာကို ယင္တေကာင္မွ ပ်ံလို႔မရႏိုင္တဲ့အထိ တင္းၾကပ္စြာ ပိတ္ ဆို႔ ထားသင့္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergei Shoigu ကို သမၼတပူတင္က ႐ုပ္သံက တိုက္႐ိုက္ထုတ္လႊင့္ျပသတဲ့ စည္းေဝးပြဲမွာ ၫြန္ၾကားခ်က္ ေပးလိုက္တာပါ။

အေရးပါတဲ့ Mariupol ဆိပ္ကမ္းၿမိဳ႕က Azovstal သံမဏိစက္႐ုံေနရာမွာ ယူကရိန္းတပ္ဖြဲ႕ဝင္ ၂,၀၀၀ ေလာက္ ရွိေနေသးေၾကာင္း၊ ဒါေပမယ့္ က်န္တဲ့ေနရာေတြအားလုံးကို ႐ုရွားက သိမ္းပိုက္ထားၿပီးျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Shoigu က သမၼတပူတင္ကို ျပန္လည္ ေျပာၾကားခဲ့ပါတယ္။

႐ုရွားက သိမ္းပိုက္ထားၿပီးျဖစ္တဲ့ Crimea ေဒသနဲ႔ ႐ုရွားကို ေထာက္ခံတဲ့ ယူကရိန္းအေရွ႕ပိုင္းေဒသ ဆက္သြယ္ႏိုင္ေရးအတြက္ အခရာက်တဲ့ ဒီ Mariupol ၿမိဳ႕ကို သိမ္းပိုက္လိုက္ႏိုင္တာဟာ ႐ုရွားတို႔အတြက္ စစ္ေရးအရ မဟာျဗဴဟာေျမာက္တဲ့ ေအာင္ျမင္မႈျဖစ္ပါတယ္။ Mariupol ၿမိဳ႕ဟာ Azov ပင္လယ္နဲ႔ ထိစပ္ေနတဲ့ ဆိပ္ကမ္းၿမိဳ႕ျဖစ္ပါတယ္။

Mariupol ၿမိဳ႕မွာ ပိတ္မိေနၾကတဲ့ ယူကရိန္း အရပ္သားေတြရဲ႕ ကံၾကမၼာအေပၚ ႏိုင္ ငံတကာက စိုးရိမ္တႀကီး ေစာင့္ၾကည့္ေနၾကတာပါ။ ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk ကေတာ့ ပိတ္မိေနတဲ့ အရပ္သားေတြကို ဘတ္စ္ကား ၄ စီးနဲ႔ Humanitarian corridor လို႔ေခၚတဲ့ စာနာမႈဆိုင္ရာ လမ္းေၾကာင္းကေန ဗုဒၶဟူးေန႔က ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========
[[Unicode]]

Mariupol မြို့က ယူကရိန်းတပ်ဖွဲ့ နောက်ဆုံးစခန်း သံမဏိစက်ရုံကိုဝင်မတိုက်ဖို့ သမ္မတပူတင်ညွှန်ကြား

ယူကရိန်းတပ်ဖွဲ့တွေ နောက်ဆုံးခြေကုတ်ယူထားတဲ့ Mariupol မြို့က သံမဏိစက်ရုံရှိရာကို ရုရှားတပ်ဖွဲ့တွေ ဝင်မတိုက်ဖို့ သမ္မတ Vladimir Putin က ဒီကနေ့ ညွန်ကြားလိုက်ပါတယ်။

အဲဒီနေရာကို ဝင်ရောက်တိုက်ခိုက်ခြင်းအားဖြင့် ရုရှားတပ်ဖွဲ့တွေ အန္တရာယ်ဖြစ်စေမယ့်အစား အဲဒီနေရာကို ယင်တကောင်မှ ပျံလို့မရနိုင်တဲ့အထိ တင်းကြပ်စွာ ပိတ် ဆို့ ထားသင့်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကို သမ္မတပူတင်က ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ စည်းဝေးပွဲမှာ ညွန်ကြားချက် ပေးလိုက်တာပါ။

အရေးပါတဲ့ Mariupol ဆိပ်ကမ်းမြို့က Azovstal သံမဏိစက်ရုံနေရာမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၂,၀၀၀ လောက် ရှိနေသေးကြောင်း၊ ဒါပေမယ့် ကျန်တဲ့နေရာတွေအားလုံးကို ရုရှားက သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Shoigu က သမ္မတပူတင်ကို ပြန်လည် ပြောကြားခဲ့ပါတယ်။

ရုရှားက သိမ်းပိုက်ထားပြီးဖြစ်တဲ့ Crimea ဒေသနဲ့ ရုရှားကို ထောက်ခံတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသ ဆက်သွယ်နိုင်ရေးအတွက် အခရာကျတဲ့ ဒီ Mariupol မြို့ကို သိမ်းပိုက်လိုက်နိုင်တာဟာ ရုရှားတို့အတွက် စစ်ရေးအရ မဟာဗြူဟာမြောက်တဲ့ အောင်မြင်မှုဖြစ်ပါတယ်။ Mariupol မြို့ဟာ Azov ပင်လယ်နဲ့ ထိစပ်နေတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။

Mariupol မြို့မှာ ပိတ်မိနေကြတဲ့ ယူကရိန်း အရပ်သားတွေရဲ့ ကံကြမ္မာအပေါ် နိုင် ငံတကာက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk ကတော့ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘတ်စ်ကား ၄ စီးနဲ့ Humanitarian corridor လို့ခေါ်တဲ့ စာနာမှုဆိုင်ရာ လမ်းကြောင်းကနေ ဗုဒ္ဓဟူးနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
==========

XS
SM
MD
LG