သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

  နျူကလီးယား ကွန်ဖရင့် အပြီးသတ်စာတမ်း ရုရှားပိတ်ဆို့


UN Russia Ukraine War Nuclear Threats
UN Russia Ukraine War Nuclear Threats

နျူကလီးယား လက်နက် ဖျက်သိမ်းရေးအတွက် အချက်အခြာကျတဲ့ ကုလသမဂ္ဂရဲ့စာချုပ် အပြီးသတ် သုံးသပ်ချက်ကို ရုရှား က ပိတ်ပင်လိုက်ပါတယ်။

နျူကလီးယား ကွန်ဖရင့် အပြီးသတ်စာတမ်း ရုရှားပိတ်ဆို့

{{Zawgyi/Unicode}}
နျူကလီးယား လက်နက် ဖျက်သိမ်းရေးအတွက် အချက်အခြာကျတဲ့ ကုလသမဂ္ဂရဲ့စာချုပ် အပြီးသတ် သုံးသပ်ချက်ကို ရုရှား က ပိတ်ပင်လိုက်ပါတယ်။ သီတင်းလေးပတ်ကြာမြင့်ခဲ့တဲ့ ဒီသုံးသပ်ချက်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစက်ရုံကို သိမ်းယူခဲ့ခြင်းသည် နျူကလီးယာ အန္တရာယ်ကို ပိုမိုမြင့်မားစေတယ်လို့ ဝေဖန်ထားတာဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေး နဲ့ နျူကလီးယား မပျံ့ပွားရေးဌာန လက်ထောက် ညွှန်ကြားရေးမှူး ကတော့ ဝမ်းနည်းစွာနဲ့ပဲ ဒီစာတမ်းအပေါ်မှာ အားလုံးစုံညီ သဘောတူညီမှု မရှိကြဘူးလို့ အဲဒီလို သုံးသပ်တဲ့ အပြီးသတ် အစည်းအဝေး မှာ ပြောကြားလိုက်တာပါ။

ဒါအပြင် အဲဒီ ၃၆ စာမျက်နှာပါတဲ့ နောက်ဆုံးမှုကြမ်းထဲက အကြောင်းအရာတွေကို သဘောမတူတာဟာ ရုရှား တနိုင်ငံထဲမဟုတ်ပဲ နိုင်ငံတွေ အတော်များများ ပါဝင်ကြတယ်လို့လည်း သူက အခိုင်အမာပြောဆိုပါတယ်။

နျူကလီးယားလက်နက် လုံးဝကင်းစင်တဲ့ ကမ္ဘာဖြစ်ရေး နဲ့ မပျံ့ပွားအောင် ထိန်းချုပ်ရေး ရည်ရွယ်တဲ့စာချုပ် မှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ နောက်ဆုံးစာတမ်းကို နိုင်ငံအားလုံးရဲ့ အတည်ပြုချက်ရယူဖို့ လိုအပ်ပါတယ် လို့လည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................


{{Zawgyi/Unicode}}




XS
SM
MD
LG