သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ ရုရှားကြား အကျဉ်းသား နောက်တကြိမ် အလဲအလှယ်လုပ်ဖို့ စီစဉ်နေ


ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသ၊ Zolote အရပ်တွင် စစ်ဆေးရေးဂိတ်တခုကို စောင့်ကြပ်နေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များ။ နိုဝင်ဘာ ၂၊ ၂၀၁၉။
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသ၊ Zolote အရပ်တွင် စစ်ဆေးရေးဂိတ်တခုကို စောင့်ကြပ်နေသည့် ယူကရိန်း တပ်ဖွဲ့ဝင်များ။ နိုဝင်ဘာ ၂၊ ၂၀၁၉။

(Zawgyi/Unicode)

ယူကရိန်းအစိုးရနဲ့ ရုရှား ကျောထောက်နောက်ခံပေးထားတဲ့ သီးခြားခွဲထွက်ရေးဝါဒီတွေကြား အကျဉ်းသားလဲလှယ်ရေး အစီအစဉ် တခုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ လုပ်ဖို့ရှိပေမယ့် လဲလှယ်မယ့် အကျဉ်းသားစာရင်းကို အချောမသတ်ရသေးဘူးလို့ ယူကရိန်း သမ္မတ Volodymyr Zelenskiy ကပြောပါတယ်။

ငါးနှစ်ကြာပဋိပက္ခ အဆုံးသတ်ရေးအတွက် နော်မန်ဒီ Four ဆိုတဲ့ ယူကရိန်း၊ ရုရှား၊ ပြင်သစ်နဲ့ ဂျာမနီ လေးနိုင်ငံအကြား ဒီဇင်ဘာလ ၉ ရက်နေ့က ပါရီမြို့မှာလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း “all-for-all” လို့ခေါ်တဲ့ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ကို သဘောတူညီချက် ရခဲ့တာဖြစ်ပါတယ်။

အကျဉ်းသားလဲလှယ်ရေးအတွက် အချောသတ်လုပ်ဆောင်ရတာဟာ ဒီနှစ်ရဲ့ အခက်ခဲဆုံးလုပ်ငန်းဖြစ်တယ်လို့ သမ္မတ Zelenskiy ကပြောပါတယ်။

ဒီတကြိမ်လဲလှယ်မှု ဖြစ်လာမယ်ဆိုရင် ဒါဟာ လေးလအတွင်း ဒုတိယအကြိမ်မြောက် အကျဉ်းသားလဲလှယ်တာ ဖြစ်ပါလိမ့်မယ်။

ဒီ့မတိုင်ခင် နောက်ဆုံးတကြိမ်တုန်းက ရုရှားနဲ့ ယူကရိန်းကြား အကျဉ်းသား စုစုပေါင်း အယောက် ၇၀ ကို လဲလှယ်ခဲ့ပြီး ဒါဟာ စစ်ပွဲ အရှိန်လျှော့ချရေးမှာ တိုးတက်မှုတခုဖြစ်တယ်လို့ မြင်ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ Crimea ဒေသကို ရုရှားက သူပိုင်နယ်အဖြစ် ထည့်သွင်းလိုက်ပြီး ရုရှားကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်တွေက Donetsk နဲ့ Luhansk ဒေသတွေရဲ့ တချို့ အစိတ်အပိုင်းတွေအပါအဝင် ယူကရိန်းအရှေ့ပိုင်းကို ထိန်းချုပ်လိုက်ချိန်ကတည်းက အဲဒီဒေသမှာ တိုက်ပွဲတွေစတင်ခဲ့ပြီး လူပေါင်း ၁၃,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

---------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်



XS
SM
MD
LG