သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေရနံတင္ပို႔မႈ ပိတ္ပင္တဲ့ဥပေဒမူၾကမ္း ကန္ေအာက္လႊတ္ေတာ္အတည္ျပဳ 


Russia Ukraine War Energy Prices

[[Zawgyi/Unicode]]

႐ုရွားေရနံတင္သြင္းမႈ ပိတ္ပင္ကန္႔သတ္တဲ့ ဥပေဒမူၾကမ္းကို အေမရိကန္ေအာက္ လႊတ္ေတာ္က မေန႔ ဗုဒၶဟူးေန႔မွာ တခဲနက္ ေထာက္ခံ အတည္ျပဳလိုက္ပါတယ္။ ႐ုရွားက ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္တဲ့တာေၾကာင့္ ႐ုရွားက ေရနံတင္သြင္းမႈကို ပိတ္ပင္ကန္႔သတ္မယ့္အေၾကာင္း သမၼတ Joe Biden ရဲ႕ အေစာပိုင္းက ေၾကညာခ်က္ကို လႊတ္ေတာ္က ဥပေဒအျဖစ္ ျပဌာန္းႏိုင္ဖို႔ ေဆာင္ရြက္တာလည္း ျဖစ္ပါတယ္။

႐ုရွားက ေရနံတင္သြင္းမႈ ပိတ္ပင္ကန္႔သတ္တဲ့အတြက္ တိုင္းျပည္အတြင္းမွာ ဓာတ္ဆီေစ်းေတြ တက္လာႏိုင္ေပမယ့္လည္း အေမရိကန္ ႏိုင္ငံေရးပါတီႀကီး ႏွစ္ခုစလုံးက ယူကရိန္းကို ေထာက္ခံတယ္ဆိုတာ ျပသလိုတဲ့အတြက္ လႊတ္ေတာ္အမတ္ေတြက ဓာတ္ဆီေစ်းတက္တာကို ဂ႐ုမစိုက္ဘဲ ဒီဥပေဒၾကမ္းကို စိတ္အားထက္ သန္စြာ ေထာက္ခံခဲ့ၾကတာပါ။ ေထာက္ခံမဲ ၄၁၄ မဲ၊ ကန္႔ကြက္မဲ ၁၇ မဲနဲ႔ အတည္ျပဳေပးလိုက္တဲ့ ဒီဥပေဒၾကမ္းကို အထက္လႊတ္ေတာ္မွာ မဲခြဲရဦးမွာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံအတြင္း ေငြေၾကးေဖာင္းပြမႈေၾကာင့္ ကုန္ေစ်းနႈန္းႀကီးျမင့္မႈနဲ႔ ရင္ဆိုင္ေနရၿပီးျဖစ္တာေၾကာင့္ ႐ုရွားက ေရနံ တင္သြင္းမႈကို ပိတ္ပင္ကန္႔သတ္လိုက္ရင္ ကမၻာ့ေရနံေစ်းေတြ ထိုးတက္ၿပီး တိုင္းျပည္အတြင္းမွာလည္း ဓာတ္ဆီေစ်းေတြ တက္လာႏိုင္တာေၾကာင့္ ပိတ္ပင္ကန္႔သတ္ဖို႔ သမၼတ Biden အစိုးရက အေစာပိုင္းမွာ ဝန္ေလးေနခဲ့တာပါ။

“သမၼတပူတင္က ႐ုရွားကိုဝင္ေရာက္တိုက္ခိုက္ဖို႔ စစ္ေရးျပင္ဆင္ေနတဲ့အခ်ိန္မွာကိုပဲ အေမရိကန္ႏိုင္ငံတြင္းမွာ ဓာတ္ဆီေစ်းဟာ တဂါလံကို ၇၅ ဆင့္ တက္သြားခဲ့ပါတယ္။ အခု ပိတ္ပင္ကန္႔သတ္လိုက္မယ္ဆိုရင္ ဓာတ္ဆီေစ်း ပိုၿပီး တက္သြားႏိုင္ပါတယ္။ ပူတင္က ေရနံေစ်းေတြတက္ေအာင္ လုပ္လာမွာျဖစ္တဲ့အတြက္ က်ေနာ္တို႔ႏိုင္ငံတြင္းမွာ အတတ္ႏိုင္ဆုံး နည္းႏိုင္သမွ်နည္းေအာင္ က်ေနာ္ ႀကိဳးစားလုပ္ေဆာင္သြားပါမယ္” လို႔ သမၼတ Biden က ေျပာပါတယ္။

အေမရိကန္အေနနဲ႔ ႐ုရွားကေရနံ မ်ားမ်ားစားစား တင္သြင္းျခင္းမရွိေပမယ့္လည္း သမၼတပူတင္အတြက္ ၀င္ေငြ အသက္ ေသြးေၾကာျဖစ္တဲ့အတြက္ ေရနံတင္ပို႔မႈကို အခုလို ပိတ္ပင္ကန္႔သတ္ျခင္းဟာ လုပ္သင့္လုပ္ထိုက္တဲ့ လုပ္ရပ္လို႔ အေမရိကန္ လႊတ္ေတာ္အမတ္ေတြက ယူဆၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရုရှားရေနံတင်ပို့မှု ပိတ်ပင်တဲ့ဥပဒေမူကြမ်း ကန်အောက်လွှတ်တော်အတည်ပြု

ရုရှားရေနံတင်သွင်းမှု ပိတ်ပင်ကန့်သတ်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်အောက် လွှတ်တော်က မနေ့ ဗုဒ္ဓဟူးနေ့မှာ တခဲနက် ထောက်ခံ အတည်ပြုလိုက်ပါတယ်။ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်တဲ့တာကြောင့် ရုရှားက ရေနံတင်သွင်းမှုကို ပိတ်ပင်ကန့်သတ်မယ့်အကြောင်း သမ္မတ Joe Biden ရဲ့ အစောပိုင်းက ကြေညာချက်ကို လွှတ်တော်က ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

ရုရှားက ရေနံတင်သွင်းမှု ပိတ်ပင်ကန့်သတ်တဲ့အတွက် တိုင်းပြည်အတွင်းမှာ ဓာတ်ဆီဈေးတွေ တက်လာနိုင်ပေမယ့်လည်း အမေရိကန် နိုင်ငံရေးပါတီကြီး နှစ်ခုစလုံးက ယူကရိန်းကို ထောက်ခံတယ်ဆိုတာ ပြသလိုတဲ့အတွက် လွှတ်တော်အမတ်တွေက ဓာတ်ဆီဈေးတက်တာကို ဂရုမစိုက်ဘဲ ဒီဥပဒေကြမ်းကို စိတ်အားထက် သန်စွာ ထောက်ခံခဲ့ကြတာပါ။ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ အတည်ပြုပေးလိုက်တဲ့ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ မဲခွဲရဦးမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရပြီးဖြစ်တာကြောင့် ရုရှားက ရေနံ တင်သွင်းမှုကို ပိတ်ပင်ကန့်သတ်လိုက်ရင် ကမ္ဘာ့ရေနံဈေးတွေ ထိုးတက်ပြီး တိုင်းပြည်အတွင်းမှာလည်း ဓာတ်ဆီဈေးတွေ တက်လာနိုင်တာကြောင့် ပိတ်ပင်ကန့်သတ်ဖို့ သမ္မတ Biden အစိုးရက အစောပိုင်းမှာ ဝန်လေးနေခဲ့တာပါ။

“သမ္မတပူတင်က ရုရှားကိုဝင်ရောက်တိုက်ခိုက်ဖို့ စစ်ရေးပြင်ဆင်နေတဲ့အချိန်မှာကိုပဲ အမေရိကန်နိုင်ငံတွင်းမှာ ဓာတ်ဆီဈေးဟာ တဂါလံကို ၇၅ ဆင့် တက်သွားခဲ့ပါတယ်။ အခု ပိတ်ပင်ကန့်သတ်လိုက်မယ်ဆိုရင် ဓာတ်ဆီဈေး ပိုပြီး တက်သွားနိုင်ပါတယ်။ ပူတင်က ရေနံဈေးတွေတက်အောင် လုပ်လာမှာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံတွင်းမှာ အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းအောင် ကျနော် ကြိုးစားလုပ်ဆောင်သွားပါမယ်” လို့ သမ္မတ Biden က ပြောပါတယ်။

အမေရိကန်အနေနဲ့ ရုရှားကရေနံ များများစားစား တင်သွင်းခြင်းမရှိပေမယ့်လည်း သမ္မတပူတင်အတွက် ဝင်ငွေ အသက် သွေးကြောဖြစ်တဲ့အတွက် ရေနံတင်ပို့မှုကို အခုလို ပိတ်ပင်ကန့်သတ်ခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ယူဆကြပါတယ်။
==============

XS
SM
MD
LG