သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းထွက် ကောက်နှံတွေ ခရိုအေးရှားဆိပ်ကမ်းကတဆင့် တင်ပို့ခွင့် နှစ်နိုင်ငံသဘောတူ


ယူကရန်းနိုင်ငံခြားရေးဝန်ကြီး Gordon Girlych-Radman
ယူကရန်းနိုင်ငံခြားရေးဝန်ကြီး Gordon Girlych-Radman

ယူကရိန်းနိုင်ငံထွက်ကောက်ပဲသီးနှံတွေ ပြည်ပတင်ပို့ဖို့ ခရိုအေးရှားဆိပ်ကမ်းတွေအသုံးပြုခွင့်ကို ယူကရိန်းနဲ့ခရိုအေးရှား နှစ်နိုင်ငံကြား သဘောတူထားတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က တနင်္လာနေ့မှာ ပြောပါတယ်။

ယူကရိန်းကိုရောက်နေတဲ့ ခရိုအေးရှားနိုင်ငံခြားရေးဝန်ကြီး Gordon Girlych-Radman ရဲ့ ခရီးစဥ်အတွင်းမှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ယူကရိန်းကောက်နှံတွေ ပြည်ပကို သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဒန်းညု (Danube) မြစ်နဲ့ အေဒရီယက်တစ်ပင်လယ် (Adriatic) ပင်လယ်ရှိ ခရိုအေးရှားဆိပ်ကမ်းတွေကို အသုံးပြုနိုင်မယ့်အလားအလာကို သဘောတူညီခဲ့ကြတယ် ဆိုပါတယ်။

ဒီဆိပ်ကမ်းတွေကိုလမ်းပေါက်နိုင်ဖို့ အထိရောက်ဆုံးလမ်းကြောင်းတွေတည်ဆောက်ပြီး ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့ လုပ်ဆောင်နေကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါယ်။

ရုရှားရဲ့ ပိတ်ဆို့မှုတွေအတွက် ပံ့ပိုးကူညီမှုတိုင်း၊ တံခါးဖွင့်ပေးမှုတိုင်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အမှန်တကယ်ထိရောက်တဲ့ ပံ့ပိုးကူညီမှု ဖြစ်ကြောင်းနဲ့ ဒီလို အပြုသဘောဆောင်တဲ့ အကူအညီအတွက် ခရိုအေးရှားကို ကျေးဇူးတင်ကြောင်းလည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Kuleba က ပြောပါတယ်။

Kuleba က မကြာခင်က COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ အခု ခရိုအေးရှားဝန်ကြီးနဲ့အစည်းအဝေးကို ဗီဒီယိုလင့်ခ်ကတဆင့်လုပ်ခဲ့ပါတယ်။

ပင်လယ်နက်ကတဆင့် ကောက်နှံတင်ပို့ရေး သဘောတူညီချက်ကနေ ရုရှားက နုတ်ထွက်ခဲ့လို့ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းမဆိုက်အောင် ယူကရိန်းရဲ့ စားနပ်ရိက္ခာတွေတင်ပို့မှုကို အရေးတကြီး ဦးစားပေးလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG