သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၅ မကျော်ခင် ယူကရိန်းစစ် ပြီးဆုံးဖို့ သမ္မတ Zelenskiy တွက်ဆ


Croatia မှာ ကျင်းပတဲ့ အရှေ့တောင် ဥရောပ ဒေသတွင်း ၁၂ နိုင်ငံ တက်ရောက်တဲ့အစည်းဝေးမှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy တက်ရောက်စကားပြောစဥ်။ (အောက်တိုဘာ ၉၊ ၂၀၂၄)
Croatia မှာ ကျင်းပတဲ့ အရှေ့တောင် ဥရောပ ဒေသတွင်း ၁၂ နိုင်ငံ တက်ရောက်တဲ့အစည်းဝေးမှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy တက်ရောက်စကားပြောစဥ်။ (အောက်တိုဘာ ၉၊ ၂၀၂၄)

ရုရှားနဲ့ယူကရိန်းတို့ရဲ့ တိုက်ပွဲအခြေအနေအရ ယူကရိန်းမှာကြုံနေရတဲ့စစ်ပွဲဟာ ၂၀၂၅ ခုနှစ်ထက် နောက်မကျဘဲအဆုံးသတ်သွားမယ့် ခြေလှမ်းတွေလှမ်းဖို့ အခွင့်အလမ်း ဖန်တီးလာတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ ယူကရိန်းနဲ့ အရှေ့တောင်ဥရောပ နိုင်ငံတွေရဲ့ တတိယအကြိမ်မြောက် ထိပ်သီးအစည်းဝေးမှာ ပြောပါတယ်။

Croatia နိုင်ငံ ဒူဘရော့နစ်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းဝေးမှာ ယူကရိန်းသမ္မတက ပြောလိုက်တာ ဖြစ်ပြီး အခု ၂၀၂၄ နှစ်မကုန်ခင်လတွေအတွင်းမှာ ယူကရိန်းနဲ့ သူ့မဟာမိတ်တွေအတွက် ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်ငြိမ်ရေး ပေါ်ပေါက်လာဖို့ လုပ်နိုင်မယ့်အခွင့်အရေး ရှိနေတယ်လို့ ပြောပါတယ်။ ဒီလို လုပ်နိုင်ဖို့ အမေရိကန်အပါအဝင် အဓိက မဟာမိတ်တွေရဲ့ ထောက်ပံ့ ကူညီမှုပေါ် မူတည်နေတယ် လို့လည်း ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းဒေသတွေကို ရုရှားက ပုံမှန်တိုးပြီးတိုက်ခိုက်နေချိန်မှာ ယူကရိန်းက အနောက် မဟာမိတ်တွေပေးအပ်တဲ့ တာဝေးပစ်လက်နက်တွေနဲ့ ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပစ်ခတ်ခွင့်ရဖို့ ယူကရိန်းက တောင်းခံနေတာဖြစ်ပါတယ်။ ယူကရိန်းတပ်တွေက ရုရှားနယ်စပ်ကိုကျော်ဖြတ်ပြီး Kursk ဒေသ အနောက်ပိုင်းကို ဝင်ရောက်ထိုးစစ်ဆင်နေတာ ၂ လ ရှိသွားပါပြီ။ ယူကရိန်းသမ္မတက သူ့ရဲ့ အောင်နိုင်ရေးအစီအစဉ်ဟာ ဥရောပဒေသ တည်ငြိမ်ရေးအတွက်အစီအစဉ်ဖြစ်ကြောင်း ပြောပါတယ်။

Croatia မှာ ကျင်းပတဲ့ အရှေ့တောင် ဥရောပ ဒေသတွင်း ၁၂ နိုင်ငံ တက်ရောက်တဲ့အစည်းဝေးမှာ ယူကရိန်းကို ရုရှားကျူးကျော် ဝင်ရောက်လာခဲ့တဲ့နောက်ပိုင်း လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ခဲ့တဲ့ ယူကရိန်းအတွက် သူ့ရဲ့ လက်နက်ထုတ်လုပ်မှုမှာ ပါဝင် ရင်းနှီးမြှုပ်နှံကြဖို့လည်း သမ္မတ Zelenskyy က တောင်းဆိုလိုက်ပါတယ်။

၂၀၂၅ မကျော်ခင် ယူကရိန်းစစ် ပြီးဆုံးဖို့ သမ္မတ Zelenskiy တွက်ဆ
 
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG