သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဆက်ကူညီဖို့ NATO အကြီးအကဲသစ် ကတိပြု


NATO အတွင်းရေးမှူးချုပ်သစ် Mark Rutte (ဝဲ) နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ တွေ့ဆုံစဥ်။ (အောက်တိုဘာ ၃၊ ၂၀၂၄)
NATO အတွင်းရေးမှူးချုပ်သစ် Mark Rutte (ဝဲ) နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ တွေ့ဆုံစဥ်။ (အောက်တိုဘာ ၃၊ ၂၀၂၄)

NATO အတွင်းရေးမှူးချုပ်အသစ် Mark Rutte ယူကရိန်းသမ္မတ ဇာလင်းစကီးနဲ့တွေ့ဆုံဖို့ ကိဗ်မြို့တော်ကို ကြာသပတေးနေ့ကရောက်သွားခဲ့ပြီး ရုရှားရဲ့ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းအနေနဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်ဆိုတာကို NATO တပ်ပေါင်းစုအနေနဲ့ သိရှိကြောင်း ပြောခဲ့ပါတယ်။

သူ့အနေနဲ့ ယူကရိန်းမြို့တော်ကိုသွားရောက်ရတာဟာ ယူကရိန်းနဲ့ပတ်သက်တဲ့ NATO ရဲ့ ခိုင်မာတဲ့ရပ်တည်ချက်ကို ယူကရိန်းပြည်သူတွေနဲ့ တကွ အားလုံးသိရှိဖို့အတွက်ဖြစ်တယ်လို့လည်း အတွင်းရေးမှူးသစ် Mark Rutte က သမ္မတဇာလင်းစကီးနဲ့တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နေတိုးအတွင်းရေးမှူးချုပ်နဲ့ဆွေးနွေးစဉ်မှာ ယူကရိန်းရဲ့ စစ်အောင်နိုင်ရေးအစီအစဉ်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး NATO မဟာမိတ်အနေနဲ့ စစ်လက်နက်ပစ္စည်းတွေကူညီထောက်ပံ့ဖို့ တောင်းခံခဲ့တယ်လို့ သမ္မတဇာလင်းစကီးကလည်း ပြောခဲ့ပါတယ်။

ထပ်ဆောင်းစစ်ရေးအကူအညီလိုအပ်နေတာတွေကို သမ္မတဇာလင်းစကီးနဲ့ဆွေးနွေးခဲ့ပြီး ဒီလိုအပ်ချက်တွေကို NATO တပ်ပေါင်းစုက ဖြည့်ဆည်းပေးနိုင်ရေးတွေကို ဆွေးနွေးခဲ့တယ်လို့ NATO အတွင်းရေးမှူးချုပ် Mark Tutte ကပြောပါတယ်။

ကြာသပတေးနေ့မှာ NATO အတွင်းရေးမှူးချုပ်ရောက်ရှိနေတဲ့ ကိဗ်မြို့တော်အပါအဝင် ယူကရိန်းမြို့ကြီးအတော်များများကို ရုရှားက ဒရုန်းလက်နက် ၁၀၀ ကျော်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီအထဲက အလုံး ၈၀ လောက်ကို ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးက ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG