[[Zawgyi/Unicode]]
ယူကရိန္းႏိုင္ငံ Mariupol ၿမိဳ႕က Azovstal သံမဏိစက္႐ုံအတြင္းမွာ ပိတ္မိေနတဲ့ အရပ္သားေတြကို ေဘးလြတ္ရာကို ေနာက္ထပ္ ေရႊ႕ေျပာင္းတာေတြ စတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။ Azovstal စက္႐ုံမွာရွိတဲ့ က်ေနာ္တို႔လူေတြကို ကယ္ထုတ္ဖို႔အတြက္ ေနာက္တဆင့္ကို အခုအခါမွာ လုပ္ေဆာင္ေနၿပီလို႔ ယူကရိန္းသမၼတ႐ုံး အႀကီးအကဲ Andriy Yermak က ဒီေန႔ ေျပာလိုက္ပါတယ္။ ဒါေပမဲ့လည္း ဒီကယ္ဆယ္ေရးအစီအစဥ္နဲ႔ ပတ္သက္ၿပီး အေသးစိတ္ကိုေတာ့ ထုတ္ျပန္ေျပာဆိုျခင္းမရွိဘဲ ေနာက္ပိုင္းမွာ ထုတ္ျပန္သြားမယ္လို႔ သူက ဆက္ေျပာပါတယ္။
မေန႔ ၾကာသပေတးေန႔တုန္းကေတာ့ အဲဒီသံမဏိစက္႐ုံဝင္းမွာ တိုက္ပဲြေတြျဖစ္ပြားခဲ့ပါတယ္။ အဲဒီမွာ ပိတ္မိေနတဲ့ အရပ္သား ၂၀၀ ေက်ာ္ကို ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေပးႏိုင္ဖို႔အတြက္ ေန႔ပိုင္းမွာ အပစ္ရပ္ထားမယ္လို႔ ႐ုရွားဘက္က ကတိေပးထားေပမယ့္လည္း ႐ုရွားတပ္ေတြက စက္႐ုံထဲကိုဝင္လာတာေၾကာင့္ တိုက္ပဲြေတြျဖစ္ပြားၿပီး ယူကရိန္းတပ္ေတြဘက္က ခုခံတြန္းလွန္ခဲ့ၾကပါတယ္။
႐ုရွားတပ္ေတြဟာ မီးသမားရဲ႕အကူအညီနဲ႔ လႈိဏ္ေခါင္းေတြထဲကေန သံမဏိစက္႐ုံကိုဝင္ဖို႔လုပ္ခဲ့တာျဖစ္တယ္လို႔ ယူကရိန္းျပည္ထဲေရးဝန္ႀကီးဌာနက အၾကံေပး Anton Gerashchenko က ေျပာပါတယ္။ ႐ုရွားဘက္ကေတာ့ သူတို႔ တပ္ဖဲြ႕ေတြစက္႐ုံထဲကို မဝင္ဘူးလို႔ ျငင္းဆိုလိုက္ၿပီး ယူကရိန္းေတြဟာ အရပ္သားေတြကို အဲဒီကေန ထြက္ခြာခြင့္မေပးဘူးလို႔ ျပန္စြပ္စဲြလိုက္ပါတယ္။ ယူကရိန္းသမၼတ ဇာလင္စကီးကေတာ့ ႐ုရွားတပ္ဖဲြ႕ေတြရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အဲဒီမွာရွိတဲ့ အရပ္သား ၂၀၀ ေလာက္ဟာ ေျမေအာက္ဗုံးခိုက်င္းထဲမွာ ပိတ္မိေနတာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။
================
[[Unicode]]
Mariupol မြို့ သံမဏိစက်ရုံတွင်းပိတ်မိနေသူတွေများ ကယ်ထုတ်
ယူကရိန်းနိုင်ငံ Mariupol မြို့က Azovstal သံမဏိစက်ရုံအတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာကို နောက်ထပ် ရွှေ့ပြောင်းတာတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ Azovstal စက်ရုံမှာရှိတဲ့ ကျနော်တို့လူတွေကို ကယ်ထုတ်ဖို့အတွက် နောက်တဆင့်ကို အခုအခါမှာ လုပ်ဆောင်နေပြီလို့ ယူကရိန်းသမ္မတရုံး အကြီးအကဲ Andriy Yermak က ဒီနေ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီကယ်ဆယ်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိဘဲ နောက်ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့ ကြာသပတေးနေ့တုန်းကတော့ အဲဒီသံမဏိစက်ရုံဝင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာ ပိတ်မိနေတဲ့ အရပ်သား ၂၀၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် နေ့ပိုင်းမှာ အပစ်ရပ်ထားမယ်လို့ ရုရှားဘက်က ကတိပေးထားပေမယ့်လည်း ရုရှားတပ်တွေက စက်ရုံထဲကိုဝင်လာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားပြီး ယူကရိန်းတပ်တွေဘက်က ခုခံတွန်းလှန်ခဲ့ကြပါတယ်။
ရုရှားတပ်တွေဟာ မီးသမားရဲ့အကူအညီနဲ့ လှိုဏ်ခေါင်းတွေထဲကနေ သံမဏိစက်ရုံကိုဝင်ဖို့လုပ်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက အကြံပေး Anton Gerashchenko က ပြောပါတယ်။ ရုရှားဘက်ကတော့ သူတို့ တပ်ဖွဲ့တွေစက်ရုံထဲကို မဝင်ဘူးလို့ ငြင်းဆိုလိုက်ပြီး ယူကရိန်းတွေဟာ အရပ်သားတွေကို အဲဒီကနေ ထွက်ခွာခွင့်မပေးဘူးလို့ ပြန်စွပ်စွဲလိုက်ပါတယ်။ ယူကရိန်းသမ္မတ ဇာလင်စကီးကတော့ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီမှာရှိတဲ့ အရပ်သား ၂၀၀ လောက်ဟာ မြေအောက်ဗုံးခိုကျင်းထဲမှာ ပိတ်မိနေတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
================