သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အရပ္သားေတြထြက္ႏိုင္ေအာင္ ႐ုရွားအပစ္ရပ္အစီအစဥ္ေတြ ထပ္မံေၾကညာ


A man carries a dog as people flee, amid Russia's invasion of Ukraine, in Romanivka, Ukraine, March 9, 2022.

[[Zawgyi/Unicode]]

႐ုရွားတပ္ေတြဝုိင္းထားတဲ့ ယူကရိန္းႏုိ္င္ငံ ေဒသအမ်ားအျပားကေန အရပ္သားေတြ ထြက္သြားႏိုင္ဖို႔အတြက္ ေနာက္ထပ္ အပစ္အခတ္ရပ္စဲမယ့္ အစီအစဥ္ေတြ ႐ုရွားက ဒီကေန႔ေၾကညာပါတယ္။ ႏုိင္ငံအေရွ႕ေျမာက္ပိုင္း ၿမိဳ႕တၿမိဳ႕ကေန ေထာင္နဲ႔ခ်ီတဲ့လူေတြ ထြက္သြားႏုိင္ၿပီးတဲ့ေနာက္ အခုလုိ ေၾကညာတာပါ။

ဒီအေတာအတြင္းမွာပဲ ႏုိင္ငံေတာင္ဘက္ျခမ္းက အရပ္သားေတြ ထြက္ခြာတဲ့လမ္းေၾကာင္း ေနာက္တခုကုိ ႐ုရွားတပ္ေတြက ဗံုးႀကဲတိုက္ခို္က္ခဲ့တယ္လုိ႔ ယူကရိန္းတာဝန္ရွိသူေတြက စြပ္စြဲေျပာဆိုပါတယ္။

Sumy၊ Mariupol၊ Enerhodar၊ Volnovakha၊ Izyum နဲ႔ ကိဗ္ၿမိဳ႕ေတာ္အနီး တျခားၿမိဳ႕နယ္အမ်ားအျပားကေန အရပ္သားေတြ ထြက္ခြာႏုိင္မယ့္ လမ္းေၾကာင္းေတြကို ႐ုရွားက အတည္ျပဳေၾကညာခဲ့တယ္လုိ႔ ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk က ေျပာပါတယ္။ Sumy ၿမိဳ႕ကေန လူ ၅,၀၀၀ ထြက္ခြာႏုိင္ခဲ့တယ္ လုိ႔ ဒုဝန္ႀကီးခ်ဳပ္ Vereshchuk က အဂၤါေန႔မွာေျပာပါတယ္။

ဒါေပမယ့္လည္း ႐ုရွားတပ္ေတြသိမ္းထားတဲ့ Mariupol ဆိပ္ကမ္းၿမိဳ႕မွာ လွ်ပ္စစ္မီး၊ အေႏြးဓာတ္၊ အစားအစာနဲ႔ ေရ စတာေတြ ျပတ္ေတာက္ေနၿပီး လူေတြထြက္ခြာႏုိင္ေရး အဂၤါေန႔က ႀကိဳးပမ္းခ်က္ေတြ မေအာင္ျမင္ခဲ့ပါဘူး။ ႐ုရွားတပ္ေတြက လူသားစာနာမႈ အကူအညီတင္လာတဲ့ ကုန္တင္ယာဥ္တန္းကို ပစ္ခတ္ခဲ့တယ္လုိ႔ ဒုဝန္ႀကီးခ်ဳပ္ Vereshchuk က ေျပာပါတယ္။

“Mariupol ၿမိဳ႕အေျခအေနဟာ ကမာၻပ်က္ကိန္း ဆိုက္ေနပါၿပီ” လို႔ ၾကက္ေျခနီအသင္းေျပာခြင့္ရ Ewan Watson ကေျပာပါတယ္။

လူသားစာနာမႈေနရာေတြကို ႐ုရွားက ဗံုးႀကဲတုိုက္ခိုက္တာနဲ႔ပတ္သက္လို႔ အေမရိကန္ ကာကြယ္ေရးဌာနကို ဗီြအိုေအက ေမးတာ မွာ ကာကြယ္ေရးဌာန အႀကီးတန္းတာဝန္ရွိသူတဦးက ေျမာက္ဘက္က ဘဲလာ႐ုစ္ ဒါမွမဟုတ္ ႐ုရွားဘက္ကိုဦးတည္ တဲ့ဘက္မွာ လူသားစာနာမႈေနရာအျဖစ္ ေၾကညာတာ ႐ုရွားဘက္က ႐ိုးသားမႈမရွိတာဘဲလို႔ သတင္းေထာက္ေတြကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အရပ်သားတွေထွက်နိုင်အောင် ရုရှားအပစ်ရပ်အစီအစဉ်တွေ ထပ်မံကြေညာ

ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံ ဒေသအများအပြားကနေ အရပ်သားတွေ ထွက်သွားနိုင်ဖို့အတွက် နောက်ထပ် အပစ်အခတ်ရပ်စဲမယ့် အစီအစဉ်တွေ ရုရှားက ဒီကနေ့ကြေညာပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း မြို့တမြို့ကနေ ထောင်နဲ့ချီတဲ့လူတွေ ထွက်သွားနိုင်ပြီးတဲ့နောက် အခုလို ကြေညာတာပါ။

ဒီအတောအတွင်းမှာပဲ နိုင်ငံတောင်ဘက်ခြမ်းက အရပ်သားတွေ ထွက်ခွာတဲ့လမ်းကြောင်း နောက်တခုကို ရုရှားတပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက စွပ်စွဲပြောဆိုပါတယ်။

Sumy၊ Mariupol၊ Enerhodar၊ Volnovakha၊ Izyum နဲ့ ကိဗ်မြို့တော်အနီး တခြားမြို့နယ်အများအပြားကနေ အရပ်သားတွေ ထွက်ခွာနိုင်မယ့် လမ်းကြောင်းတွေကို ရုရှားက အတည်ပြုကြေညာခဲ့တယ်လို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောပါတယ်။ Sumy မြို့ကနေ လူ ၅,၀၀၀ ထွက်ခွာနိုင်ခဲ့တယ် လို့ ဒုဝန်ကြီးချုပ် Vereshchuk က အင်္ဂါနေ့မှာပြောပါတယ်။

ဒါပေမယ့်လည်း ရုရှားတပ်တွေသိမ်းထားတဲ့ Mariupol ဆိပ်ကမ်းမြို့မှာ လျှပ်စစ်မီး၊ အနွေးဓာတ်၊ အစားအစာနဲ့ ရေ စတာတွေ ပြတ်တောက်နေပြီး လူတွေထွက်ခွာနိုင်ရေး အင်္ဂါနေ့က ကြိုးပမ်းချက်တွေ မအောင်မြင်ခဲ့ပါဘူး။ ရုရှားတပ်တွေက လူသားစာနာမှု အကူအညီတင်လာတဲ့ ကုန်တင်ယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ ဒုဝန်ကြီးချုပ် Vereshchuk က ပြောပါတယ်။

“Mariupol မြို့အခြေအနေဟာ ကမ္ဘာပျက်ကိန်း ဆိုက်နေပါပြီ” လို့ ကြက်ခြေနီအသင်းပြောခွင့်ရ Ewan Watson ကပြောပါတယ်။

လူသားစာနာမှုနေရာတွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဌာနကို ဗွီအိုအေက မေးတာ မှာ ကာကွယ်ရေးဌာန အကြီးတန်းတာဝန်ရှိသူတဦးက မြောက်ဘက်က ဘဲလာရုစ် ဒါမှမဟုတ် ရုရှားဘက်ကိုဦးတည် တဲ့ဘက်မှာ လူသားစာနာမှုနေရာအဖြစ် ကြေညာတာ ရုရှားဘက်က ရိုးသားမှုမရှိတာဘဲလို့ သတင်းထောက်တွေကိုပြောပါတယ်။
=============

XS
SM
MD
LG