သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း လုံၿခဳံေရးအကူအညီ ေဒၚလာသန္း ၇၅၀ အထိ ကန္ ထပ္တိုးေပးဖို႔ရွိေန


ယူကရိန္းႏိုင္ငံ မာယူရ္ပိုလ္ၿမိဳ႕က ဗံုးဒဏ္သင့္အေဆာက္အဦးေရွ႕မွာ စိုက္ထူထားတဲ့ ႐ုရွားႏုိင္ငံအလံ (ဧၿပီ ၁၂၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ယူကရိန္းႏုိင္ငံအတြက္ လံုၿခံဳေရးဆိုင္ရာအကူအညီ ေဒၚလာ သန္း ၇၅၀ ဖိုးအထိ ထပ္ေပးဖို႔ အေမရိကန္က မၾကာခင္ေၾကညာမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။ ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း ရုရွားတပ္ေတြကို ခုခံတြန္းလွန္ဖို႔အတြက္ အကူအညီေတြ ထပ္ေပးၾကဖို႔ ပန္ၾကားထားတာပါ။

အကူအညီေပးမယ့္ အစီအစဥ္အေသးစိတ္ကို ျပင္ဆင္ေနဆဲျဖစ္ေပမယ့္ အဲဒီထဲမွာ ေဟာင္ဝစ္ဇာအေျမာက္ေတြအပါအဝင္ ေျမျပင္ပစ္ လက္နက္ႀကီးေတြ ပါဝင္ဖြယ္ ရွိတယ္လုိ႔ ကြန္ဂရက္လႊတ္ေတာ္ အႀကီးတန္း လက္ေထာက္တဦးက ရိုက္တာသတင္းဌာနကို ေျပာပါတယ္။

switchblade လို႔ေခၚတဲ့ အေဝးထိန္းဒ႐ံုးယာဥ္ အစင္း ၁၀၀ ထဲက အေတာ္မ်ားမ်ားကို ယူကရိန္းတပ္ဖြဲ႔ေတြ ရထားၿပီးျဖစ္တယ္လုိ႔ အေမရိကန္ကာကြယ္ေရးဆိုင္ရာ အႀကီးတန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။ အဲဒီဒ႐ံုးယာဥ္ေတြဟာ အေစာပိုင္းက ေၾကညာခဲ့တဲ့ လံုျခံဳေရးဆုိင္ရာ အကူအညီ ေဒၚလာ သန္း ၃၀၀ ဖိုးထဲမွာ ပါဝင္ၿပီး တင့္ကားဖ်က္ႏုိင္တဲ့ ထိပ္ဖူးေတြ တပ္ဆင္ထားတဲ့ ဒ႐ံုးယာဥ္ေတြျဖစ္ပါတယ္။
က်န္တဲ့ ဒ႐ံုးယာဥ္ေတြ ေနာက္သီတင္းပတ္ ဒါမွမဟုတ္ သိပ္မၾကာခင္ ယူကရိန္းႏိုင္ငံကို ေရာက္သြားမွာျဖစ္သလို တင့္ကားဖ်က္ Javelin ဒံုးက်ည္ေတြလည္း ထပ္ေရာက္သြားဖို႔ရွိပါတယ္။

႐ုရွားႏိုင္ငံရဲ႕ သတ္ျဖတ္မႈေတြနဲ႔ ဆက္ၿပီးရင္ဆိုင္ေနရခ်ိန္မွာ ယူကရိန္းႏုိင္ငံအတြက္ လံုျခံဳေရးနဲ႔ လူသားစာနာမႈဆိုင္ရာ အကူအညီေတြ ဆက္ၿပီးေပးသြားမယ္ဆိုတာ သမၼတ Joe Biden နဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson တို႔ အဂၤါေန႔မွာ ထပ္ၿပီး အာမခံေျပာဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ယူကရိန်း လုံခြုံရေးအကူအညီ ဒေါ်လာသန်း ၇၅၀ အထိ ကန် ထပ်တိုးပေးဖို့ရှိနေ

ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာအကူအညီ ဒေါ်လာ သန်း ၇၅၀ ဖိုးအထိ ထပ်ပေးဖို့ အမေရိကန်က မကြာခင်ကြေညာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ရုရှားတပ်တွေကို ခုခံတွန်းလှန်ဖို့အတွက် အကူအညီတွေ ထပ်ပေးကြဖို့ ပန်ကြားထားတာပါ။

အကူအညီပေးမယ့် အစီအစဉ်အသေးစိတ်ကို ပြင်ဆင်နေဆဲဖြစ်ပေမယ့် အဲဒီထဲမှာ ဟောင်ဝစ်ဇာအမြောက်တွေအပါအဝင် မြေပြင်ပစ် လက်နက်ကြီးတွေ ပါဝင်ဖွယ် ရှိတယ်လို့ ကွန်ဂရက်လွှတ်တော် အကြီးတန်း လက်ထောက်တဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

switchblade လို့ခေါ်တဲ့ အဝေးထိန်းဒရုံးယာဉ် အစင်း ၁၀၀ ထဲက အတော်များများကို ယူကရိန်းတပ်ဖွဲ့တွေ ရထားပြီးဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီဒရုံးယာဉ်တွေဟာ အစောပိုင်းက ကြေညာခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၃၀၀ ဖိုးထဲမှာ ပါဝင်ပြီး တင့်ကားဖျက်နိုင်တဲ့ ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ ဒရုံးယာဉ်တွေဖြစ်ပါတယ်။
ကျန်တဲ့ ဒရုံးယာဉ်တွေ နောက်သီတင်းပတ် ဒါမှမဟုတ် သိပ်မကြာခင် ယူကရိန်းနိုင်ငံကို ရောက်သွားမှာဖြစ်သလို တင့်ကားဖျက် Javelin ဒုံးကျည်တွေလည်း ထပ်ရောက်သွားဖို့ရှိပါတယ်။

ရုရှားနိုင်ငံရဲ့ သတ်ဖြတ်မှုတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရချိန်မှာ ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးနဲ့ လူသားစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ပြီးပေးသွားမယ်ဆိုတာ သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တို့ အင်္ဂါနေ့မှာ ထပ်ပြီး အာမခံပြောဆိုခဲ့ကြပါတယ်။

===============

XS
SM
MD
LG