သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံ တိုးမဝယ်ဖို့ အိန္ဒိယ ဝန်ကြီးချုပ်ကို သမ္မတ Biden တိုက်တွန်း


(Zawgyi/ Unicode)
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် အိန္ဒိယဘက်က ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အမေရိကန်က တွန်းအားပေးနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ဟာ တနင်္လာနေ့မှာ အွန်လိုင်းကနေ တွေဆုံခဲ့ကြပါတယ်။

အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ၂ နိုင်ငံ အနီးကပ်တိုင်ပင်မှုတွေ ဆက်လက်လုပ်ဆောင်မှာ ဖြစ်သလို လက်ရှိရုရှားစစ်ပွဲရဲ့ ရိုက်ခတ်မှုတွေ တည်ငြိမ်လာအောင် ဘယ်လိုစီစဉ်ကြမယ် ဆိုတာကိုပါ ဆွေးနွေးမှာ ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ပြောသွားတာပါ။

ဒါ့အပြင် ဆွေးနွေးပွဲမှာ အိန္ဒိယအနေနဲ့ ရုရှားဆီက ရေနံလောင်စာစွမ်းအင်ကို တိုးပြီး မဝယ်ဖို့ သမ္မတဘိုင်ဒန်က ပြောခဲ့သလို အမေရိကန်အနေနဲ့ အိန္ဒိယမှာ တခြားစွမ်းအင်တွေပါ ရလာအောင်ကူညီဖို့ အသင့်ရှိကြောင်းလည်း ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က ပြောပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အထူးသဖြင့် Bucha မြို့ကလေးမှာ ရုရှားတပ်တွေ ဆုတ်ခွါသွားပြီး နောက်ပိုင်း တွေ့လာရတဲ့ အရပ်သား အများအပြား သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောကြားခဲ့သလို ဒီကိစ္စအတွက် အိန္ဒိယက ချက်ချင်းပဲ ရှုတ်ချခဲ့သလို သီးသန့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်ဖို့ပါ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ရုရှားသမ္မတ Vladimir Putin နဲ့ ပြောကြားစဉ်မှာ သူ့ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ဆွေးနွေးဖို့ပါ အကြံပြုခဲ့ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က ပြောပါတယ်။

ယူကရိန်းကို ကျူးကျော် ထိုးစစ်ဆင်နေတဲ့ ရုရှားနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က ဘာမှ မပြောမဆိုကြားနေ လုပ်နေတာ အတွက် အမေရိကန်ဘက်က စိုးရိမ်းမှုတွေ တိုးလာနေပေမယ့် ရုရှားကတော့ အိန္ဒိယကို ချီးကြူးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ဝန်ကြီးချုပ် Modi နဲ့ တွေ့ဆုံခဲ့တဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အိန္ဒိယဟာ တဘက်သတ်မဟုတ်ဘဲ အခြေနေအားလုံးကို ခြုံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းပြောခဲ့တာပါ။

အိန္ဒိယဟာ ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ မလုပ်သလို ရုရှားကို ကုလလူ့အခွင့်ရေးကောင်စီကနေ ထုတ်ပယ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ သီတင်းပတ် မဲခွဲစဉ်ကလည်း မဲမပေးဘဲ နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဘက်က ဖိအားပေးနေတဲ့ ကြားကပဲ အိန္ဒိယက ရုရှားဆီက ရေနံတွေ တိုးမြှင့်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)

ရုရှားရနေံ တိုးမဝယျဖို့ အိန်ဒိယ ဝနျကွီးခြုပျကို သမ်မတ Biden တိုကျတှနျး







XS
SM
MD
LG