သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ၊ ကုလအစည္းအေဝး ေရႊ႕ဆိုင္းမႈ ျမန္မာ့အေရးနဲ႔ ပတ္သက္ဖြယ္ရွိ


အာဆီယံ၊ ကုလအစည္းအေ၀း ေရႊ႕ဆိုင္းမႈ ျမန္မာ့အေရးနဲ႔ ပတ္သက္ဖြယ္ရွိ

{{Zawgyi/Unicode}}

ကုလသမဂၢနဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) တို႔ ၀န္ႀကီးအဆင့္ ေဆြးေႏြးမယ့္ အစီအစဥ္ကို ေရႊ႕ဆိုင္းဖို႔ စီစဥ္ထားၿပီး၊ ကုလသမဂၢမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမႈအတြက္ အျငင္းပြားစရာ ျဖစ္ေနရတဲ့ ကိစၥနဲ႔ ဆက္ႏြယ္ႏိုင္တယ္လို႔လည္း သံတမန္ အသိုင္းအ၀န္းက ခန္႔မွန္းေနၾကပါတယ္။

အာဆီယံနဲ႔ ကုလသမဂၢ ၀န္ႀကီးအဆင့္ အစည္းအေ၀းကို ေရႊ႕ဆိုင္းဖို႔ အတြင္းေရးမွဴးခ်ဳပ္က ေျပာဆိုခဲ့တာျဖစ္ေၾကာင္း နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ေသာၾကာေန႔ သတင္းစာရွင္းလင္းပဲြမွာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric ကေျပာဆိုခဲ့တာပါ။ အစည္းအေ၀း ေရႊ႕ဆိုင္းရတဲ့ အေၾကာင္းရင္းကိုေတာ့ ေျပာခြင့္ရသူက တိတိက်က် မေျပာခဲ့ပါဘူး။

ႏွစ္စဥ္အစည္းအေ၀းကို ကုလသမဂၢ အေထြေထြ ညီလာခံ က်င္းပတဲ့ အခ်ိန္ေလာက္မွာ ပုံမွန္ျပဳလုပ္ေလ့ရွိၿပီး ဒီႏွစ္မွာလည္း စက္တင္ဘာလ ၂၈ ရက္ေန႔ အြန္လိုင္းကေန က်င္းပဖို႔ စီစဥ္ထားေပမဲ့ အခ်ိန္အခက္အခဲေၾကာင့္ ေရႊ႕ခဲ့ရတာ ျဖစ္ပါတယ္။ အစည္းအေ၀းမွာ ျမန္မာႏိုင္ငံ အပါအ၀င္ အာဆီယံအဖဲြ႕၀င္ ႏိုင္ငံေတြက ႏိုင္ငံျခားေရး၀န္ႀကီးေတြ တက္ေရာက္ေလ့ ရွိတာေၾကာင့္၊ ဒီတႀကိမ္ အစည္းအေ၀းမွာ ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္ ပါ၀င္လာခဲ့ရင္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အေနနဲ႔ ကသိကေအာက္ ျဖစ္စရာ အေျခအေနနဲ႔ ၾကံဳေနရတယ္လို႔လည္း သံတမန္အသိုင္းအ၀န္းက ဗြီအိုေအကို ေျပာပါတယ္။

အထူးသျဖင့္ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ဆန္႔က်င္ခဲ့တဲ့ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း ေနရာကို စစ္ေကာင္စီက အစားထိုးခန္႔အပ္ဖို႔ ႀကိဳးစားေနတာေၾကာင့္ အျငင္းပြားစရာ ျဖစ္ေနရတာေတြကို ကုလသမဂၢ စီစစ္လက္ခံေရးေကာ္မတီ (Credentials Committee) က မဆုံးျဖတ္ရေသးခင္မွာ အတြင္းေရးမွဴးခ်ဳပ္ အေနနဲ႔ ျမန္မာစစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္နဲ႔အတူ အစည္းအေ၀းမွာ ပါ၀င္ဖို႔ အခက္ေတြ႕ေနရတယ္လို႔လည္း သံတမန္ေတြက ေျပာပါတယ္။

..........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကုလသမဂ္ဂနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့ ဝန်ကြီးအဆင့် ဆွေးနွေးမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ စီစဉ်ထားပြီး၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှုအတွက် အငြင်းပွားစရာ ဖြစ်နေရတဲ့ ကိစ္စနဲ့ ဆက်နွယ်နိုင်တယ်လို့လည်း သံတမန် အသိုင်းအဝန်းက ခန့်မှန်းနေကြပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးကို ရွှေ့ဆိုင်းဖို့ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တာဖြစ်ကြောင်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric ကပြောဆိုခဲ့တာပါ။ အစည်းအဝေး ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းကိုတော့ ပြောခွင့်ရသူက တိတိကျကျ မပြောခဲ့ပါဘူး။

နှစ်စဉ်အစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပတဲ့ အချိန်လောက်မှာ ပုံမှန်ပြုလုပ်လေ့ရှိပြီး ဒီနှစ်မှာလည်း စက်တင်ဘာလ ၂၈ ရက်နေ့ အွန်လိုင်းကနေ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အချိန်အခက်အခဲကြောင့် ရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်လေ့ ရှိတာကြောင့်၊ ဒီတကြိမ် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပါဝင်လာခဲ့ရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ကသိကအောက် ဖြစ်စရာ အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း သံတမန်အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ခဲ့တဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း နေရာကို စစ်ကောင်စီက အစားထိုးခန့်အပ်ဖို့ ကြိုးစားနေတာကြောင့် အငြင်းပွားစရာ ဖြစ်နေရတာတွေကို ကုလသမဂ္ဂ စီစစ်လက်ခံရေးကော်မတီ (Credentials Committee) က မဆုံးဖြတ်ရသေးခင်မှာ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်နဲ့အတူ အစည်းအဝေးမှာ ပါဝင်ဖို့ အခက်တွေ့နေရတယ်လို့လည်း သံတမန်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG