သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္တလႊား ေနရပ္စြန္႔ခြါ ထြက္ေျပးရသူ ၂ သိန္းေက်ာ္ၿပီ (ကုလသမဂၢ)


ေတာထဲတြင္ ထြက္ေျပးခိုလံႈေနၾကရသည့္ မင္းတပ္ စစ္ေရွာင္မ်ား (ဓာတ္ပံု - AFP PHOTO / CHIN WORLD) ၂၀ ေမ ၂၀၂၁

{{Zawgyi/Unicode}}

စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ကစၿပီး ျမန္မာႏိုင္ငံ တလႊားမွာ ေနရပ္စြန္႔ခြါ ထြက္ေျပးရသူက ၂ သိန္းေက်ာ္ေနၿပီျဖစ္သလို လူသားခ်င္းစာနာမႈအေျခေနကလည္း သိပ္ကိုဆိုးဝါးေနတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

" ေဖေဖၚဝါရီလ ၁ ရက္ ေန႔ကစၿပီး တိုက္ပြဲျဖစ္ပြါးတာနဲ႔ လံုျခံဳမႈမရွိတဲ့အတြက္ ျမန္မာႏိုင္ငံ ေနရာအေတာ္မ်ားမ်ားမွာ လူေပါင္း ၂၁၀ ၀၀၀ ေက်ာ္ေလာက္ အိုးအိမ္စြန္႔ခြါထြက္ေျပးေနၾကရပါတယ္။ ဒီအထဲက ထက္ဝက္ေက်ာ္ဟာ ႏိုင္ငံ့အေရွ႕ေတာင္ပိုင္းေဒသမွာ ပဋိပကၡနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ ေနရပ္စြန္႔ခြါထြက္ေျပးရသူေတြျဖစ္ ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံတြင္းက ဆိုးဝါးတဲ့ လူသားခ်င္းစာနာမႈ အေျခေနအတြက္ ကုလသမဂၢဌာေန အဖြဲ႔ေတြက စိုးရိမ္ေနဆဲ ျဖစ္ေၾကာင္း ကုလအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ႕ လက္ေထာက္ေျပာခြင့္ရ Eri Kaneko က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္"

ျမန္မာႏိုင္ငံမွာ မုတ္သုန္မိုးေၾကာင့္ ႐ုတ္တရက္ ေရႀကီးေရလွ်ံၿပီး ႏိုင္ငံတဝန္း လူေပါင္း ၁၂၅ ၀၀၀ ေက်ာ္ ဒုကၡေရာက္ေနသလို ကိုဗစ္ ၁၉ ကူးစက္မႈကလည္း တိုးေနတာေၾကာင့္ နဂိုကတည္းက ခုခံႏိုင္စြမ္း အားနည္းေနသူေတြအတြက္ အေျခေနပိုဆိုးေနတယ္လို႔လည္း ေျပာပါတယ္။

တိုက္ပြဲေတြ၊ အၾကမ္းဖက္မႈေတြ၊ သဘာဝေဘးခံရမႈေတြ အျပင္ စားနပ္ရိကၡာမလံုမေလာက္ ျဖစ္ေနတဲ့ လူေပါင္း ၃ သန္းေလာက္ အတြက္ ကုလသမဂၢနဲ႔ လူသားခ်င္းစာနာမႈအကူညီေပးေရး မိတ္ေဆြအဖြဲ႔ေတြက အေရးေပၚ အကူအညီေပးႏိုင္ဖို႔နဲ႔ အကာကြယ္ေပးႏိုင္ဖို႔ လုပ္ေဆာင္ေနၾကတယ္လို႔လည္း ေျပာပါတယ္။

ဒါေပမယ့္ ဒီလို အကူညီေပးဖို႔ ႀကိဳးပမ္းမႈေတြဟာ ႏိုင္ငံတြင္းလံုျခံဳေရးအေျခေန၊ လမ္းေၾကာင္း ပိတ္ဆို႔တာလို အကူညီေပးမယ့္သူေတြဆီ မသြားႏိုင္ပဲ ျဖစ္ေနတာနဲ႔ ကိုဗစ္ ကန္႔သတ္ခ်က္ေတြ အပါအဝင္ နည္းမ်ိဳးစံုနဲ႔ ေႏွာက္ယွက္တာ ခံေနရတယ္လို႔ လည္း ကုလသမဂၢက ေျပာပါတယ္။

ကုလသမဂၢနဲ႔ လူသားခ်င္းစာနာမႈအဖြဲ႔အစည္းေတြရဲ႕ ကယ္ဆယ္ေရးႀကိဳးပမ္းခ်က္ေတြဟာ ႏိုင္ငံတကာ စံႏႈန္းအတိုင္း လိုက္နာၿပီး ဘက္မလိုက္ပဲ ေဆာင္ရြက္ေနတာျဖစ္ေၾကာင္းနဲ႔ လိုအပ္ေနတဲ့ျပည္သူေတြဆီ လူသားခ်င္းစာနာမႈ အဖြဲ႔ေတြ အေႏွာက္အယွက္မရွိ သြားႏိုင္ေအာင္ လံုျခံဳေရး လုပ္ေဆာင္ေပးၾကဖို႔ သက္ဆိုင္တဲ့ အဖြဲ႔အားလံုးကို ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်ကစပြီး မြန်မာနိုင်ငံ တလွှားမှာ နေရပ်စွန့်ခွါ ထွက်ပြေးရသူက ၂ သိန်းကျော်နေပြီဖြစ်သလို လူသားချင်းစာနာမှုအခြေနေကလည်း သိပ်ကိုဆိုးဝါးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

" ဖေဖေါ်ဝါရီလ ၁ ရက် နေ့ကစပြီး တိုက်ပွဲဖြစ်ပွါးတာနဲ့ လုံခြုံမှုမရှိတဲ့အတွက် မြန်မာနိုင်ငံ နေရာအတော်များများမှာ လူပေါင်း ၂၁၀ ၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရပါတယ်။ ဒီအထဲက ထက်ဝက်ကျော်ဟာ နိုင်ငံ့အရှေ့တောင်ပိုင်းဒေသမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးရသူတွေဖြစ် ကြောင်းနဲ့ မြန်မာနိုင်ငံတွင်းက ဆိုးဝါးတဲ့ လူသားချင်းစာနာမှု အခြေနေအတွက် ကုလသမဂ္ဂဌာနေ အဖွဲ့တွေက စိုးရိမ်နေဆဲ ဖြစ်ကြောင်း ကုလအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက်ထောက်ပြောခွင့်ရ Eri Kaneko က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်"

မြန်မာနိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရုတ်တရက် ရေကြီးရေလျှံပြီး နိုင်ငံတဝန်း လူပေါင်း ၁၂၅ ၀၀၀ ကျော် ဒုက္ခရောက်နေသလို ကိုဗစ် ၁၉ ကူးစက်မှုကလည်း တိုးနေတာကြောင့် နဂိုကတည်းက ခုခံနိုင်စွမ်း အားနည်းနေသူတွေအတွက် အခြေနေပိုဆိုးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေ၊ သဘာဝဘေးခံရမှုတွေ အပြင် စားနပ်ရိက္ခာမလုံမလောက် ဖြစ်နေတဲ့ လူပေါင်း ၃ သန်းလောက် အတွက် ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအကူညီပေးရေး မိတ်ဆွေအဖွဲ့တွေက အရေးပေါ် အကူအညီပေးနိုင်ဖို့နဲ့ အကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ဒီလို အကူညီပေးဖို့ ကြိုးပမ်းမှုတွေဟာ နိုင်ငံတွင်းလုံခြုံရေးအခြေနေ၊ လမ်းကြောင်း ပိတ်ဆို့တာလို အကူညီပေးမယ့်သူတွေဆီ မသွားနိုင်ပဲ ဖြစ်နေတာနဲ့ ကိုဗစ် ကန့်သတ်ချက်တွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောက်ယှက်တာ ခံနေရတယ်လို့ လည်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့ ကယ်ဆယ်ရေးကြိုးပမ်းချက်တွေဟာ နိုင်ငံတကာ စံနှုန်းအတိုင်း လိုက်နာပြီး ဘက်မလိုက်ပဲ ဆောင်ရွက်နေတာဖြစ်ကြောင်းနဲ့ လိုအပ်နေတဲ့ပြည်သူတွေဆီ လူသားချင်းစာနာမှု အဖွဲ့တွေ အနှောက်အယှက်မရှိ သွားနိုင်အောင် လုံခြုံရေး လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံးကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG