သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံ တနင်္လာနေ့ စတင်


ကုလ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံ
ကုလ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံ

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ပတ်သက်လို့ ကမ္ဘာတဝန်းကသဘောတူညီချက်အပေါ် အမေရိကန်ရဲ့အခန်းကဏ္ဍကို အဓိက သက်ရောက်မှု ဖြစ်လာနိုင်တဲ့အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပချိန်နဲ့ တိုက်ဆိုင်ပြီး ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာဆွေးနွေးပွဲကို တနင်္လာနေ့မှာ ကျင်းပပါတယ်။

မနှစ်က ပြင်သစ်မှာရရှိခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာသဘောတူညီချက်အပေါ်မှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်တို့က မတူကွဲပြားတဲ့ အယူအဆတွေပြောခဲ့ကြပေမယ့် တချို့နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ကတော့ သူတို့သဘောထားတွေကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

ဘရာဇီး သဘာဝန်ဝန်းကျင်ဆိုင်ရာဝန်ကြီး Sarney Filho က ကြာသပတေးနေ့က ညီလာခံမှာ နောက် သမ္မတ ဘယ်သူပဲဖြစ်ဖြစ် အမေရိကန် လူထုကတော့ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုကို ထောက်ခံကြမှာပါပဲ လို့ ပြောလိုက်သလို - သူ့တဦးတည်းအမြင်အရဆိုရင် ထရမ့် နိုင်မှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ထည့်သွင်းပြောကြားသွားပါတယ်။

မစ္စက် ကလင်တန်က ပြင်သစ်သဘောတူညီချက်ကို ဆက်ပြီး ဆောင်ရွက်သွားမယ့်ကိစ္စအပါအဝင် သမ္မတအိုဘားမားအစိုးရရဲ့ ရာသီဥတု ဆိုင်ရာ မူဝါဒတွေကို ထောက်ခံထားပါတယ်။ ထရမ့်ကတော့ သတင်းဌာနတွေက ဖော်ပြနေတဲ့ ကမ္ဘာကြီးပူနွေးလာမှုသတင်းတွေကို သံသယ ရှိကြောင်းနဲ့ သူ ရွေးကောက်ခံရရင် ပြင်သစ်သဘောတူညီချက်ကို ပယ်ဖျက်မယ်လို့ မနှစ်က ပြောတဲ့မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

အဲဒီမှတ်ချက်တွေကြောင့် မစ္စတာ ထရမ့်အနိုင်ရခဲ့မယ်ဆိုရင် အမေရိကန်ဟာ သဘောတူညီချက်အရ သူတာဝန်ခံထားတဲ့ကိစ္စတွေကို လျစ်လျှူရှုမလား၊ ဒါမှမဟုတ် သဘောတူညီချက်ကနေ ရုပ်သိမ်းပယ်ဖျက်သွားမလားဆိုတာတွေကို စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက် လာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ထိပ်တန်းညှိနှိုင်းရေးမှူး Xie Zhenhua ကို ပဲရစ်စ် သဘောတူညီနဲ့အပေါ် မစ္စတာထရမ့်ရဲ့ မှတ်ချက်စကားနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ပညာရှိခေါင်းဆောင်ဆိုရင် ကမ္ဘာတဝန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ ဆောင်ရွက် နိုင်ပါလိမ့်မယ်လို့ ဖြေသွားပါတယ်။ တကယ်လို့ လှိုင်းကို ဆန့်ကျင်မယ်ဆိုရင် လူတွေက သဘောတူမှာမဟုတ်သလို အဲဒီလို နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးမှုတွေကိုလည်း ထိခိုက်မှာဖြစ်ပါတယ် လို့ ဒီလအစောပိုင်းတုန်းက Xie က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG