သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ်ရုံး ပိတ်လိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်ရုံးတုံ့ပြန်


UN Spokesperson Farhan Haq
UN Spokesperson Farhan Haq

ကုလအထူးကိုယ်စားလှယ်ရုံး ပိတ်လိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်ရုံးတုံ့ပြန်

{{Zawgyi/Unicode}}

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးကို ပိတ်လိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်ရုံးက ကြာသပတေးနေ့မှာပဲ တုံ့ပြန်လိုက်ပါတယ်။ တာဝန်သက်တမ်း ကုန်ဆုံးသွားတဲ့ အထူးကိုယ်စားလှယ်ဟောင်း Christine Schraner Burgener နေရာမှာ၊ အထူးကိုယ်စားလှယ်သစ်အဖြစ် Noeleen Heyzer ကို ခန့်အပ်လိုက်ပြီးနောက်မှာပဲ နေပြည်တော်မှာရှိတဲ့ ရုံးကို ပိတ်လိုက်ကြောင်း မြန်မာစစ်အာဏာပိုင်တွေက ဒီသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့တဲ့အပေါ် ကုလသမဂ္ဂက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

“အထူးကိုယ်စားလှယ်ရုံး ဆက်လက် ထားရှိဖို့ဟာ အရေးကြီးပြီး၊ အထူးကိုယ်စားလှယ် Heyzer အနေနဲ့လည်း မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးနဲ့ လက်တွဲဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းလာဖို့ မျှော်လင့်နေပါတယ်။” လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq ကပြောဆိုသွားတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးကိုတော့ မြန်မာပြည်သူတွေကို အားပေးကူညီဖို့၊ ငြိမ်းချမ်းရေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး မြန်မာအစိုးရနဲ့ ၂၀၁၈ ခုနှစ်မှာ သဘောတူညီချက် ရရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အထူးကိုယ်စားလှယ်ဟောင်း Burgener ကတော့ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းကစ မြန်မာနိုင်ငံကို ဝင်ခွင့်မရခဲ့ပါဘူး။ အောက်တိုဘာလ ၂၅ ရက်နေ့မှာပဲ အစားထိုး ခန့်အပ်လိုက်တဲ့ စင်္ကာပူနိုင်ငံသူ အထူးကိုယ်စားလှယ် Heyzer ဟာလည်း မြန်မာနိုင်ငံကို သွားခွင့်ရမရ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အထူးကိုယ်စားလှယ်သစ် အနေနဲ့ မြန်မာနိုင်ငံက လက်ရှိအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်နိုင်ဖို့၊ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေနဲ့ မြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းနိုင်အောင် သက်ဆိုင်သူတွေ အားလုံးရဲ့ သဘောထား အမြင်တွေကို ကျကျနန နားထောင်ခွင့်ရဖို့ မျှော်လင့်ထားကြောင်းလည်း အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

.........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





XS
SM
MD
LG