သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံကာလ အစည်းအဝေးအကြောင်းအရာတွေထဲ မြန်မာ့အရေးပါဝင်


ကုလအထွေထွေညီလာခံ (ဇွန်လ ၂၀၁၈)
ကုလအထွေထွေညီလာခံ (ဇွန်လ ၂၀၁၈)

ကမ္ဘာ့ခေါင်းဆောင် အများအပြားတက်ရောက် မိန့်ခွန်းပြောမယ့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစီအစဉ်ကို အင်္ဂါနေ့ စတင်မှာဖြစ်ပါတယ်။

ဒီနှစ်ညီလာခံကိုတက်မယ်လို့ စာရင်းပေးထားတဲ့ ကမ္ဘာ့ခေါင်းဆောင် ၁၃၃ ယောက် ရှိတာမို့ ပြီးခဲ့တဲ့နှစ်က တက်ရောက်တဲ့ အရေ အတွက် ၁၁၄ ယောက်ထက် သိသိသာသာပိုများပါတယ်။

အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်မယ့် သီတင်းပတ်အတွင်း အစည်းအဝေးလုပ်ဖို့ ပန်ကြားချက်ပေါင်း ၃၄၂ ခုကို လက်ခံ ရရှိထားတယ်လို့ ကုလသမဂ္ဂပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။

အစည်းအဝေးလုပ်မယ့် အကြောင်းအရာတွေထဲမှာ ဆီးရီးယား၊ လစ်ဗျား၊ ယီမင်၊ မာလီနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတွေက ပဋိပက္ခတွေအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ပတ်သက်တာ၊ ပါလက်စတိုင်းတွေကို အကူအညီပေးရေး၊ မိန်းကလေးတွေ ပညာသင်ယူခွင့်ကိစ္စ၊ ခေတ်သစ် ကျွန်ပြုမှု၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာ တွေအပြင် လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇၀ ပြည့် နှစ်ပတ်လည်ဆိုင်ရာလည်း ပါဝင်ပါတယ်။

ဒီနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပချိန်ဟာ ကမ္ဘာ့နိုင်ငံတွေအကြား ဆက်စပ်လုပ်ဆောင်တဲ့ Multilateralism အယူအဆ နောက်ရောက်ပြီး တနိုင်ငံချင်းစီအလိုက် သီးခြားလုပ်ဆောင်ကြတဲ့ Unilateralism အယူအဆ ရှေ့တန်းရောက်လာ ချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ဒီကိစ္စဟာလည်း ဆွေးနွေးပွဲတွေမှာ မဖြစ်မနေပါဝင်မယ့် အကြောင်းအရာတခု ဖြစ်ဖွယ်ရှိပါတယ်။

ကုလသမဂ္ဂက တရားဝင်ထုတ်ပြန်ထားတဲ့ လက်ရှိအစီအစဉ်အရဆိုရင် မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူတဦး အထွေထွေညီလာခံ မှာ မိန့်ခွန်းပြောမယ့်ရက်ဟာ စက်တင်ဘာလ ၂၈ ရက်၊ သောကြာနေ့ ညနေပိုင်းဖြစ်ပြီး မိန့်ခွန်းပြောမယ့် တာဝန်ရှိသူဟာ ဘယ်သူဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ကုလအထွေထွေညီလာခံကာလ အစည်းအဝေးအကြောင်းအရာတွေထဲ မြန်မာ့အရေးပါဝင်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG