သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးရေး ကုလမဟာမင်းကြီး လုံခြုံရေးကောင်စီမှာပြောဆို


လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet (ဓာတ်ပုံ - Reuters)
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet (ဓာတ်ပုံ - Reuters)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် လူမှုထောက်ကူပြု ကဏ္ဍအသီးသီးမှာလုပ်ခဲ့တဲ့ အမျိုးသမီးတွေ ရိုက်နှက်ခံရ၊ ဖမ်းဆီးခံခဲ့ကြရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။

ကမ္ဘာတဝန်း ဒေသအသီးသီးမှာ ငြိမ်းချမ်းရေးတည်ဆောက်သူ အမျိုးသမီးတွေ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး အင်္ဂါနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြချိန်အတွင်း မြန်မာနိုင်ငံက အမျိုးသမီးတွေ ရင်ဆိုင်နေရတာတွေကိုလည်း မဟာမင်းကြီး Bachelet က ထည့်ပြောသွားတာပါ။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူ အမျိုးသမီးတွေဟာ “စစ်ဘက်အုပ်ချုပ်မှုကို အန်တုတွန်းလှန်တာမှာ ရှေ့တန်းကနေ ပါဝင်နေကြတာအပါအဝင်” ငြိမ်းချမ်းရေးအတွက် အင်အားစုတခုအဖြစ် ရှိလာခဲ့တာ သက်တမ်းရှည်ကြာခဲ့ပြီလို့ မဟာမင်းကြီး Bachelet ကပြောပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကတည်းက အမျိုးသမီး အရပ် ဘက်အဖွဲ့အစည်းတွေ ပိတ်သိမ်းခံခဲ့ရတယ်လို့ မဟာမင်းကြီး Bachelet က လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့ပါ တယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သတင်းမီဒီယာကဏ္ဍတွေမှာ လုပ်ကိုင်တဲ့ အမျိုးသမီးတွေသာမက ဆန္ဒပြသူတွေ၊ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်သူတွေ၊ ဆိုရှယ်မီဒီယာ တက်ကြွလှုပ်ရှားသူတွေနဲ့ လိုအပ်သူတွေကို နေစရာနဲ့ စားစရာ ကူညီထောက်ပံ့သူတွေဟာ ရိုက်နှက်ခံရ၊ ဥပဒေမဲ့ ဖမ်းဆီးခံကြရတယ်လို့ မဟာမင်းကြီး Bachelet က လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။

...............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG