သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး


ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး (Myanmar State Counsellor Office)
ဒုက္ခသည်ပြန်ရေးကူညီဖို့ ကုလနဲ့ မြန်မာသဘောတူညီချက်လက်မှတ်ထိုး (Myanmar State Counsellor Office)

ရခိုင်ဒေသကနေ တဖက်နိုင်ငံဘက်ကို စွန့်ခွာသွားကြတဲ့ မူစလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မှာ ကုလသမဂ္ဂ အေဂျင်စီ တွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိစွာ ပူးပေါင်းပါဝင်နိုင်မယ်လို့ မြန်မာအစိုးရဘက်ကဆိုလိုက်ပါတယ်။ ပြန်လည်လက်ခံရေးအပြင် ပြန်လည်နေရာချထားရေးပိုင်းမှာပါ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ပူးတွဲလုပ်ဆောင်သွားမှာလို့ဆိုလိုက်ပေမယ့် ကုလလုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့ ရခိုင်ဒေသတွင်းစုံစမ်းစစ်ဆေးခွင့်ကိုတော့ မူလသဘောထားအတိုင်း လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီသတင်း ကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ ထားပါတယ်။

ဒီကနေ့ ရခိုင်ဒေသကနေ တဖက်နိုင်ငံဘက်ကို စွန့်ခွာသွားကြတဲ့ မူစလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မှာ ကုလသမဂ္ဂ အေဂျင် စီတွေနဲ့ မြန်မာအစိုးရတို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလိုလက်မှတ်ရေးထိုးတာမှာ သဘောတူထားတဲ့ အ ချက်တွေနဲ့ပတ်သတ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဗီၤွအိုအေကိုခုလိုပြောပြပါတယ်။

"လုပ်တဲ့ အပိုင်းက ပြန်လည်လက်ခံရေးပိုင်းဦးတည်ပြီးလုပ်တာ။ ၉၂/၉၃ တုန်းကပြန်လည်လက်ခံရေးမှာလည်း UNHCR ရဲ့ပံ့ပိုးပါဝင်မှုပါ မှကို အောင်မြင်တဲ့ သဘောရှိခဲ့တယ်ပေါ့နော်။ ဒီ MOU မှာက UNDP ရဲ့ပါဝင်မှုကိုပါထည့်ထားတော့ ပြည်လည်ထူထောင်ပြန်လည်နေ ရာချထားရေးပိုင်းမှာပါ ပါဝင်မယ်။ ထောက်ပံ့ ကူညီမှုတွေတောက်လေ ျှာက်ပေါ့နော်။ အချိန်အတိုင်းအတာတခုထိဘဲ။ သူတို့ကတံတား ခင်းသလိုပေါ့။ အဲဒါကို ကျနော်တို့ကပြောပြီး ထိုးတာပေါ့"

ဒီလိုလက်မှတ်ရေးထိုးတာနဲ့ပတ်သတ်လို့ အမေရိကန်သံရုံးဘက်ကတော့ မြန်မာအစိုးရလုပ်ဆောင်မှုကိုကြိုဆိုကြောင်းထုတ်ပြန်ထား ပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒီလို ထွက်ပြေးရတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ၂ရက်ကြာလာ ရောက်ခဲ့ပါတယ်။ဒုက္ခသည်တွေ ထွက်ပြေးရတဲ့အခြေအနေကို စုံစမ်းဖို့ဆိုရင် ICC ခေါ်နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးကနေ ကိုင်တွယ်စုံစမ်းဖို့နဲ့ မြန်မာအစိုးရက ကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့ဆိုပြီး ၂ချက်တင်ပြခဲ့သလို ပြန်လည်လက်ခံရေး ပိုင်း ပွင့်လင်းမြင်သာ မှု ရှိဖို့ကိုလည်းတောင်းဆိုထားပါတယ်။

မြန်မာအစိုးရပိုင်းကတော့ ကုလအဖွဲ့တွေအနေနဲ့ ပြန်လည်လက်ခံရေးပိုင်း ပွင့်လင်းမြင်သာစွာပူးပေါင်းခွင့်ရှိမယ်လို့ဆိုပေမယ့် ဘယ်အဆင့်အထိ ဘယ်လောက် အတိုင်းအတာအထိပါဝင်ခွင့်ရမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

"ကုလသမဂ္ဂပါဝင်မှုက ဒီ MOU အရပါဝင်ဆောင်ရွက်ခွင့်ရှိတယ်။ ဒီလုပ်ငန်းတလျောက် သူတို့ဝင်ပါနေမှာဘဲ။ အထောက်အပံ့ပြုတဲ့ ကဏ္ဍမှာပါပြီး ဒီကိစ္စတခုလုံးအောင်မြင်အောင် အထောက်အပံ့ပေးရမှာဖြစ်တယ်။ သူတို့ကိုယ်တိုင်ပါဝင်မှာဆိုတော့ ပွင့်လင်းမြင်သာမှု တို့ ထိရောက်မှုဒါတတွေကတော့ သူတို့ကိုယ်တိုင်ပါရမှာမို့ အဲဒါတော့သိပ်ပြောစရာမလိုဘူး။ ခုနပြောတဲ့ ပွင့်လင်းမြင်သာမှုကတော့ တပေါင်းထဲပါသွားပါပြီ"

ပွင့်လင်းမြင်သာမှုရှိဖို့ နိုင်ငံတကာပြောဆိုချက်ကိုဦးဇော်ဌေးက တုံ့ပြန်လိုက်တာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တခုဖွဲ့သွားမယ်လို့ မေလ ၃၁ ရက်နေ့မှာပဲ အစိုးရဘက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီထဲမှာ ပါဝင်မယ့်သူတွေကို မသိရသေးပါဘူး.။ အဲဒီကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တဦးအပါအဝင် ၃ ဦးပါဝင်မယ်လို့ အစိုးရကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလူတွေဘယ်သူလဲဆိုတာမသိရသေးသလို ဒီကနေ့ ဦးဇော်ဌေးကိုမေးတာမှာလဲ ညှိုနှိုင်းဆဲမို့ ပြောဆိုလို့မရသေးကြောင်းဆိုပါတယ်။

ပြန်လည်လက်ခံရေးအပြင် ပြန်လည်နေရာချထားရေးပိုင်းမှာပါ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ပူးတွဲလုပ်ဆောင်သွားမှာလို့ဆိုလိုက်ပေမယ့် ကုလလုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့ ရခိုင်ဒေသတွင်းစုံစမ်းစစ်ဆေးခွင့်ကိုတော့ မူလသဘောထားအတိုင်း လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG