သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေယာက္ ျမန္မာကုလကိုယ္စားလွယ္သစ္ တာ၀န္လဲႊေျပာင္းယူ


နယူးေယာက္ ျမန္မာကုလကိုယ္စားလွယ္သစ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

အနားယူသြားၿပီျဖစ္တဲ့ နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္းကိုယ္စားလွယ္ ဦးေဟာက္ဒိုဆြမ္းေနရာမွာေတာ့ အရင္ ဂ်ီနီဗာၿမိဳ႕မွာ ကုလအၿမဲတမ္းကိုယ္စားလွယ္တာ၀န္ယူခဲ့တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက အခု ေအာက္တိုဘာလ ၂၀ ရက္ေန႔ကစ တာ၀န္လဲႊေျပာင္းယူခဲ့ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဂ်ီနီဗာၿမိဳ႕၊ ကုလသမဂၢ အဖြဲ႕႐ုံးဆိုင္ရာ ျမန္မာ အၿမဲတမ္း ကိုယ္စားလွယ္အျဖစ္ ၂၀၁၈ ခုႏွစ္ကစၿပီး တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ အဲဒီ မတိုင္ခင္ကေတာ့ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အျပည္ျပည္ဆိုင္ရာ အဖြဲ႕အစည္းမ်ားနဲ႔ စီးပြားေရး ဦးစီးဌာနမွာ ၫႊန္ၾကားေရးမႉးခ်ဳပ္အျဖစ္ တာဝန္ယူဖူးသူ ျဖစ္ပါတယ္။

ဂ်ီနီဗာၿမိဳ႕မွာ တာဝန္ထမ္းေဆာင္စဥ္ကလိုပဲ နယူးေယာက္ၿမိဳ႕မွာလည္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေနနဲ႔ ျမန္မာႏိုင္ငံရင္ဆိုင္ေနရတဲ့ လူ႔အခြင့္အေရးဆိုင္ရာ ႏိုင္ငံတကာေ၀ဖန္မႈေတြကို အဓိက ရင္ဆိုင္ေျဖရွင္းရဖြယ္ရွိပါတယ္။ ျမန္မာႏိ္ုင္ငံအေနနဲ႕ အရင္စစ္အစိုးရလက္ထက္တုန္းက ဒီိမိုကေရစီေရး လူ႔အခြင့္အေရးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ဖိအားေတြ ျပစ္တင္ေ၀ဖန္မႈေတြ ခံခဲ့ရသလိုပဲ၊ လက္ရွိ အရပ္သားအစိုးရ လက္ထက္မွာလည္း ႐ိုဟင္ဂ်ာအေရးအပါအ၀င္ လူ႔အခြင့္အေရးကိစၥေတြမွာ အေတာ္ေလး ေ၀ဖန္ခံေနရတာပါ။ ျမန္မာအစိုးရဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္မခံပါဘူး။

ဒါေပမဲ့လည္း ျမန္မာႏိုင္ငံရဲ႕ ရႈပ္ေထြးလွတဲ့ သမိုင္းေၾကာင္းနဲ႕ ႏိုင္ငံေရးေနာက္ခံေတြေၾကာင့္ ဒီမိုကေရစီအကူးအေျပာင္းကာလမွာ ျမန္မာႏိုင္ငံကို အခ်ိန္ေပး နားလည္ၾကဖို႔ ျမန္မာသံတမန္ေတြက ႏိုင္ငံတကာကို ေမတၱာရပ္ခံထားပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ နယူးေယာက္ရံုးအေနနဲ႔ကေတာ့ လံုျခံဳေရးေကာင္စီအပါအ၀င္ ကုလသမဂၢအဖဲြ႕အစည္း အဆင့္ျမင့္အစည္းအေ၀းေတြကို တတ္ေရာက္ၿပီး ျမန္မာကိုယ္စားျပဳ ေျပာဆိုေဆြးေႏြးရေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယူးယောက် မြန်မာကုလကိုယ်စားလှယ်သစ် တာဝန်လွဲှပြောင်းယူ

အနားယူသွားပြီဖြစ်တဲ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနေရာမှာတော့ အရင် ဂျီနီဗာမြို့မှာ ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခု အောက်တိုဘာလ ၂၀ ရက်နေ့ကစ တာဝန်လွဲှပြောင်းယူခဲ့ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဂျီနီဗာမြို့၊ ကုလသမဂ္ဂ အဖွဲ့ရုံးဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ၂၀၁၈ ခုနှစ်ကစပြီး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူဖူးသူ ဖြစ်ပါတယ်။

ဂျီနီဗာမြို့မှာ တာဝန်ထမ်းဆောင်စဉ်ကလိုပဲ နယူးယောက်မြို့မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဝေဖန်မှုတွေကို အဓိက ရင်ဆိုင်ဖြေရှင်းရဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အရင်စစ်အစိုးရလက်ထက်တုန်းက ဒီမိုကရေစီရေး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ဖိအားတွေ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရသလိုပဲ၊ လက်ရှိ အရပ်သားအစိုးရ လက်ထက်မှာလည်း ရိုဟင်ဂျာအရေးအပါအဝင် လူ့အခွင့်အရေးကိစ္စတွေမှာ အတော်လေး ဝေဖန်ခံနေရတာပါ။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပါဘူး။

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေးနောက်ခံတွေကြောင့် ဒီမိုကရေစီအကူးအပြောင်းကာလမှာ မြန်မာနိုင်ငံကို အချိန်ပေး နားလည်ကြဖို့ မြန်မာသံတမန်တွေက နိုင်ငံတကာကို မေတ္တာရပ်ခံထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နယူးယောက်ရုံးအနေနဲ့ကတော့ လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း အဆင့်မြင့်အစည်းအဝေးတွေကို တတ်ရောက်ပြီး မြန်မာကိုယ်စားပြု ပြောဆိုဆွေးနွေးရလေ့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG