သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးရောက် ကုလသမဂ္ဂ မြန်မာသံအမတ်ကြီး တာဝန်က အနားယူပြီ


သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း

(Zawgyi/Unicode)

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၄၂နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာ နယူးရောက် ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းဟာ သူ့ရဲ့ တာဝန်ထမ်းဆောင်တဲ့ သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့အတွက် ရာထူးကနေ အနားယူပြီဖြစ်ပါတယ်။ သူ့နေရာမှာ ဂျီနီဗာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တာဝန်ယူမှာဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံးအကျပ်အတည်းကာလတွေမှာ အဓိက တာဝန်ယူခံရတဲ့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ အတွေ့အကြုံတွေကို ဗွီအိုအေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ မင်္ဂလာပါ သံအမတ်ကြီး။ အခု သံအမတ်ကြီး တာဝန်ကနေ အနားယူပြီဆိုတော့ သံအမတ်ကြီးနေရာမှာ ဘယ်သူလာမလဲ။ ပြီးတော့ သံအမတ်ကြီးရော ရှေ့ဆက်ဘာလုပ်ဖို့ရှိပါသလဲရှင့်။

ဦးဟောက်ဒိုဆွမ်း။ ။ နောက်လာမယ့် သံအမတ်ကြီးအမိန့်လည်း ထွက်ပြီးပါပြီ။ ကျနော်တို့ နိုင်ငံတော် ပြန်ထမ်းမှာလည်း သတင်းစာမှာလည်း ပါပြီးပါပြီ။ သံအမတ်ကြီး ဦးကျော်မိုးထွန်း က Geneva မှာ ၂ နှစ်လောက်ရှိပါပြီ။ အမြဲတမ်းကိုယ်စားလှယ်အနေနဲ့လုပ်တာ။ သူလည်းပဲ career Diplomat ဖြစ်တယ်။ သူလည်း ကျနော့်ထက်ဆိုရင် ၁၅ နှစ်လောက်ငယ်မယ်။ လူငယ်လည်းဖြစ်တယ်၊ တက်တက်ကြွကြွလုပ်နိုင်တယ် ။ အတွေ့အကြုံလည်း အများကြီးရှိတယ်။ New York မှာလည်း အရင်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ Geneva မှာဆိုရင်လည်း ၂ ကြိမ် ၊ ပထမအကြိမ်ကတော့ သံမှူးဘဝနဲ့ တာဝန်ထမ်းဆောင်တယ်။ နောက်တကြိမ်ကတော့ သံအမတ်ကြီးပေါ့ဗျာ။ အများကြီး လုပ်နိုင်ကိုင်နိုင်၊ ငယ်ရွယ်တဲ့ career Diplomat လည်းဖြစ်ပါတယ်။ အများကြီး လုပ်နိုင်တဲ့သူ ဖြစ်ပါတယ်။ ကျနော့်အတွက်ကတော့ အသက်အရဆိုရင်လည်း အငြိမ်းစားယူဖို့အတွက် သက်တမ်းပြည့်တာ ၆ နှစ်လောက် ကျော်ပြီပေါ့။ အငြိမ်းစားယူဖို့အတွက် အချိန်ကျရောက်ပြီ အငြိမ်းစားဆိုတော့ အငြိမ်းစားပေါ့ဗျာ။ အငြိမ်းစားယူတယ်ဆိုတော့လည်း အငြိမ်းစားအနေနဲ့ပဲ ကျနော်နေသွားမှာပါ။

မေး။ ။ ဟုတ်ကဲ့သံအမတ်ကြီး။ အဲတော့ သံအမတ်ကြီးက နှစ်ပေါင်းဘယ်လောက် တာဝန်ထမ်းဆောင်ခဲ့သလဲ။အခု လက်ရှိ နယူးရောက် ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးအနေနဲ့ ဘယ်နှစ် နှစ်တာဝန်ထမ်းဆောင်ခဲ့လဲရှင်။

ဦးဟောက်ဒိုဆွမ်း။ ။ ကျနော် New York မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ၄ နှစ်ခွဲပေါ့။ ဒီမတိုင်ခင်တော့ ကနေဒါမှာ မြန်မာသံအမတ်ကြီးအနေနဲ့ ၃ နှစ်ပေါ့နော် ကျနော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကိုတော့ ၁၉၇၉ ခုနှစ်မှာ ဝင်တာဖြစ်တဲ့အတွက် ကျနော် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခြံပေါက်။ နိုင်ငံခြားရေးဝန်ကြီးဌာနလုပ်သက် စုစုပေါင်း ၄၁ နှစ်ကျော် ၊ ပင်စင်သွားတဲ့အထိဆိုရင် ၄၂ နှစ် လောက်ရှိမှာပေါ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မေး။ ။ အဲဒီတော့ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ သံတမန်တဦးအနေနဲ့ နှစ်ပေါင်းများစွာ ၊ နောက်ထိပ်တန်း သံတမန်တဦးအနေနဲ့ရော နိုင်ငံပေါင်းများစွာမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့တာဝန်ထမ်းဆောင်ခဲ့တဲ့ အပိုင်းတွေမှာပေါ့နော် ၊ အထူးသဖြင့် ကုလသမ ဂ္ဂ တကယ့်အကျပ်အတည်း ကာလမှာလည်း သံအမတ်ကြီး တာဝန်ယူ ထမ်းဆောင်ခဲ့ရတဲ့ အတွေ့အကြုံအရ အဓိက မေ့မရနိုင်တဲ့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ အဲဒါတွေ ဘာတွေများရှိမလဲရှင့်။

ဦးဟောက်ဒိုဆွမ်း။ ။ အခက်အခဲပြောရမယ်ဆိုရင်တော့ ကျနော် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ထမ်းဆောင်ပြီးတော့ ပထမဦးဆုံး တာဝန်ထမ်းဆောင်တာကတော့ ပထမတော့ New York ပေါ့ဗျာ။ New York ကတော့ သိပ်မကြာလိုက်ဘူးပေါ့နော်။ ၁၉၈၄-၁၉၈၅ အဲဒီအချိန်မှာ ကျနော် ပထမဦးဆုံး New York မှာ တာဝန်ထမ်းဆောင်တယ်။ နောက် ဒုတိယ Assignment အနေနဲ့ ပထမဦးဆုံး ထွက်တာကတော့ Geneva အဲဒီမှာ ၁၉၈၇ -၁၉၉၁ အဲဒီကာလ စဉ်းစားကြည့်ပေါ့ဗျာ ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှု အရေးအခင်းကြီးဖြစ်တယ်။ ဖြစ်တော့ အဲဒီမှာ စပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး Geneva မှာရှိတဲ့ လူ့အခွင့်အရေးကော်မရှင် ခေါ်မှာပေါ့နော် အဲဒီမှာ စပြီးတော့ ပြဿနာစပြီး ရင်ဆိုင်ရတာပေါ့နော်။ ရင်ဆိုင်ရတဲ့အပြင်ကို ကျနော်တို့ ၈၇ ခုနှစ်မှာ အဲဒီမတိုင်ခင် တကယ်ဖြစ်တာကတော့ ၉၀ လောက်က စပြီးတော့ UN ကိုရောက်လာတာပေါ့ မြန်မာကိစ္စက။ အဲဒီတော့ ၁၉၈၇ ခုနှစ်မှာ ထူးခြားမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းထဲကို ဝင်တဲ့နှစ် အဲဒီမှာ ကျနော်က Geneva မှာပဲ စပြီးတော့ ကြုံတွေ့ခဲ့ရတယ်။ အဓိက ပထမ Assignment မှာ ကြုံတွေ့ခဲ့ရတဲ့ ထူးခြားချက် ပထမပေါ့။ နောက် ကျနော် နောက်ဆုံး Assignment ဖြစ်တဲ့ New York Assignment မှာ တကယ့်ကို ထူးခြားတဲ့ အဖြစ်တွေ ကျနော်တို့ ကြုံတွေ့ခဲ့ရတာအများကြီး။ အဓိက မေ့မရနိုင်တဲ့ အဖြစ်ကြီးတွေပေါ့ဗျာ။ နံပတ် ၁ ကတော့ ကျနော်ကတော့ ပြောရမယ်ဆိုရင် ဒီ New York မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၄ နှစ်ခွဲမှာ အခက်အခဲတွေ ဘယ်လောက်ရှိသလဲဆိုတာကတော့ ဒါတွေကတော့ ထားလိုက် ၊ ဒါတွေကတော့ မမျှော်မှန်းပဲနဲ့ ဖြစ်လာတဲ့ ကိစ္စတွေ ။ ဒါပေမယ့် ကျနော် မမေ့နိုင်တဲ့ ကျနော်အကြေနပ်ဆုံးပေါေ့နာ် ကျနော်ရဲ့ Career တလျှောက်လုံးမှာ ကျနော်အားအရဆုံးကတော့ ဘာလဲဆိုရင် ၂၀၁၆ ခုနှစ်ပေါေ့နာ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေပြီးတော့မှ ပထမဦးဆုံးအကြိမ် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တာကတော့ ကျနော့်အနေနဲ့ အမှတ်အရဆုံး၊ ဂုဏ်အယူရဆုံး အဖြစ်အပျက်လို့ ပြောလို့ရပါတယ်။ အဲဒါလည်းပြီးရော ၂၀၁၇ မှာ ကျနော်တို့ ပျော်ရွှင်မှုနဲ့ အားရကြေနပ်မှုက သက်တမ်းမရှည်ပဲနဲ့ ၂၀၁၇-၂၀၁၈ လောက်မှာ စပြီးတော့ ရခိုင်ပြဿနာ တရိပ်ရိပ်နဲ့ကြီးမားလာတာ တော်တော်ကို တိုင်းပြည်အတွက် အခက်အခဲကြီးတခုဖြစ်သွားတာကတော့ စိတ်မကောင်းစရာတခုပေါ့ဗျာ။ သို့သော်လည်း ၂၀၁၆ ကုလသမဂ္ဂ မှာ နိုင်ငံရဲ့ အကူးအပြောင်းကာလမှာ ပထမဦးဆုံးအကြိမ် နိုင်ငံတော် အကြီးအကဲအနေနဲ့ လာပြီးတော့ ကမ္ဘာ့မျက်နှာစာမှာ စကားပြောခွင့်ရတာကတော့ ကျနော့်အနေနဲ့ အမှတ်တရအဖြစ်ဆုံးနဲ့ ဂုဏ်အယူဆုံးဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

တိုက်ရိုက် လင့်ခ်


................


(Unicode)









XS
SM
MD
LG