သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့စစ်ကိုင်းမှာ အရပ်သားတွေအစုလိုက်အသတ်ခံရမှု ကုလရှုတ်ချ


UN Spokesperson ကုလ ပြောခွင့်ရ Stéphane Dujarric ( UN Web photo )
UN Spokesperson ကုလ ပြောခွင့်ရ Stéphane Dujarric ( UN Web photo )

မြန်မာနိုင်ငံတလွှား အကြမ်းဖက်မှုတွေတိုးလာနေတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterrus က အထူးစိုးရိမ်ကြောင်းနဲ့ မကြာသေးခင်ကပဲ စစ်တပ်က ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် ဒေသတလွှားမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့မှာ ပြောပါတယ်။

အခုနောက်ဆုံးဖြစ်ရပ်ဟာ မြန်မာအနောက်ပိုင်းက ရခိုင်လူမျိုးတွေကို ပစ်မှတ်ထားတာဖြစ်ပြီး အဲဒီမှာ ရိုဟင်ဂျာတွေကိုလည်း ဆက်လက်ဖိနှိပ်နေတာကြောင့် ဒေသခံအသိုင်းဝိုင်းအားလုံးအတွက် အကာကွယ်ပေးဖို့ လိုအပ်နေတယ်လို့လည်း အလေးအနက်ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ နေရာ အတော်များများမှာ ဘယ်သူဘယ်ဝါ ခွဲခြားမှုမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ သတင်းတွေကြားရကြောင်းနဲ့ ဒီလိုကျူးလွန်မှုမှာ တာဝန်ရှိသူတွေကို အပစ်ပေး အရေးယူရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တိုက်ပွဲမှာပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ အရပ်သားတွေကို နိုင်ငံတကာ လူသားစာနာမှုဥပဒေနဲ့အညီ အဓိကထား အကာကွယ်ပေးကြဖို့နဲ့ ဒေသတွင်း အတူနေအသိုင်းဝိုင်းတွေကြား တင်းမာမှုတွေနဲ့ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ကာကွယ်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ဆိုးဝါးတဲ့အခြေအနေဟာ ဒေသတွင်းကိုပါ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်လာနေတာအတွက် အတွင်းရေးမှူးချုပ်က အထူးစိုးရိမ်နေပြီး ပြန်လည်ပေါင်းစည်းရေးလုပ်ကြဖို့လည်း ထပ်မံပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop နဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ပံ့ပိုးပေးကြဖို့ ပြောကြားခဲ့တဲ့အပြင် မြန်မာပြည်သူတွေ ဒုက္ခခံစားရမှုလျော့ပါးစေဖို့နဲ့ သူ့ရဲ့ မြန်မာဦးဆောင်တဲ့အားလုံးပါဝင်တဲ့ ရေရှည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တည်ဆောက်ရေးကို အာဆီယံအဖွဲ့ကြီးနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်တာအပါအဝင် အကူညီတွေပေးကြဖို့လည်း ပန်ကြားလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ရခိုင်နဲ့စစ်ကိုင်းမှာ အရပ်သားတွေအစုလိုက်အသတ်ခံရမှု ကုလရှုတ်ချ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG