သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအရေးပေါ်ရံပုံငွေကနေ မြန်မာဒုက္ခသည်တွေကို ဒေါ်လာ ၇ သန်းထောက်ပံ့မည်


ကုလ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths
ကုလ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေ‌ကြောင့် နေရပ်စွန့်ခွာပြေးကြရတဲ့ အရပ်သားဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့ကနေ အမေရိကန်ဒေါ်လာ ၇ သန်း ကူညီသွားဖို့ ကုလ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Martin Grififiths က ကြေညာလိုက်ပါတယ်။

‘ပြီးခဲ့တဲ့အောက်တိုလကုန်ပိုင်းကတည်း တိုက်ပွဲတွေ အရှိန်မြှင့်လာပြီး ရှမ်းပြည်မြောက်ပိုင်းကနေ ရခိုင်ပြည်နယ် မြန်မာပြည်အနောက်မြောက်ပိုင်း အရှေ့တောင်ပိုင်း ဒေသတွေအထိ တိုက်ပွဲတွေ ကျယ်ပြန်လာခဲ့ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် လူဦးရည်ငါးသိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပြီး ယခင်ကရှိပြီးသား အိုးအိမ်စွန့်ခွာပြေးရတဲ့ ဒုက္ခသည် ၂ သန်းထက် ပိုလာတဲ့အရည်အတွက်ဖြစ်ပါတယ်။’ .. လို့ ကုလ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ Stéphane Dujarric ပြောသွားတာဖြစ်ပါတယ်။

ကူညီရေးအတွက် အခက်အခဲတွေအတော်များများရှိနေတဲ့ကြားကပဲ မရှိမဖြစ်လိုအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး ကူညီနေတယ်လို့လည်း ပြောပါတယ်။ အခုလို အရေးပေါ်တုံ့ပြန်ကူညီရေးဗဟိုအဖွဲ့ရဲ့ ဒီ ရံပုံငွေတွေဟာ ပဋိပက္ခကြားထဲက ပြည်သူတွေရဲ့အသက်ကိုကယ်တင်နေတဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေအတွက် အထောက်အကူဖြစ်စေမယ်လို့လည်း ကုလ ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေး စစ်ဆင်ရေးတွေနဲ့အတူပဲ နိုင်ငံအဝှမ်းနေရာအတော်များများမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အတူပဲ လူသားစာနာမှုအကူအညီတွေ ပိုပြီးလိုအပ်နေတာပါ။ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာအတော်များများက ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ကြရသလို အခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့်လည်း အရပ်သားတွေအတော်များများ တိုက်ပွဲဖြစ်ရာ မြို့တွေရွာတွေကို စွန့်ခွာနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG