သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ကလေးငယ် ၆,၀၀၀ ကျော် မီဇိုရမ်မှာ ကျောင်းတက်ခွင့်ရ


မြန်မာနဲ့နယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မြောက်ပိုင်းက Farkawn ရွာမှာတွေ့ရတဲ့ မြန်မာဒုက္ခသည်များ (နိုဝင်ဘာ ၂၁၊ ၂၀၂၁)
မြန်မာနဲ့နယ်စပ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မြောက်ပိုင်းက Farkawn ရွာမှာတွေ့ရတဲ့ မြန်မာဒုက္ခသည်များ (နိုဝင်ဘာ ၂၁၊ ၂၀၂၁)

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မဏိပူပြည်နယ်တွေက ဒုက္ခသည်ကလေး ၈,၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ် အစိုးရကျောင်းတွေမှာ စာရင်းသွင်းထားကြောင်း ဗုဒ္ဓဟူးနေ့က ပြည်နယ်ပညာရေးဝန်ကြီး Lalchhandama Ralte က ပြောကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

စာရင်းသွင်းထားတဲ့ ကျောင်းသား ၈,၁၁၉ ဦးထဲမှာ မြန်မာနိုင်ငံက ကျောင်းသား ၆,၃၆၆ ဦး ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်က ၂၅၀ ဦးနဲ့ လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်နေတဲ့ မဏိပူပြည်နယ်က ၁,၅၀၃ ဦး ပါဝင်ပါတယ်။ ပြည်နယ်အစိုးရက ကျောင်းသားတွေကို ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်နဲ့ နေ့လယ်စာအခမဲ့ပေးနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံက ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ဒုက္ခသည် ၃၅,၀၀၀ ဝန်းကျင်လောက်ဟာ မီဇိုရမ်ပြည်နယ်ထဲမှာ ထွက်ပြေးရောက်ရှိနေတာပါ။

ဒါ့အပြင် မီဇိုရမ်ပြည်ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသက လူမျိုးစု ဒုက္ခသည် ၁,၀၀၀ ကျော်နဲ့ မဏိပူက ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၂,၆၀၀ ကျော်ကို ခိုလှုံခွင့်ပေးထားပါတယ်။

ဒီ ဒုက္ခသည်တွေကို မီဇိုရမ်အစိုးရအပြင် မီဇို လူငယ်အစည်းအရုံး အပါအဝင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေက ထောက်ပံ့ပေးနေပြီး သူတို့ဟာ ဒေသခံရွာတွေမှာ ငှားရမ်းနေထိုင်တာ ဒါမှမဟုတ် ဆွေမျိုးတွေဆီမှာ နေထိုင်နေကြတာဖြစ်ပါတယ်။

အရင်လကပဲ မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မဏိပူနဲ့ မီဇိုရမ်ပြည်နယ်တွေမှာ မြန်မာနိုင်ငံကထွက်ပြေးလာသူတွေအပါအဝင် တရားမဝင်လာရောက်သူတွေကို လက်ဗွေနဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကောက်ယူဖို့ အိန္ဒိယအစိုးရ ပြည်ထဲရေးဌာနက ညွှန်ကြားထားပါတယ်။

မြန်မာဒုက္ခသည် ကလေးငယ် ၆,၀၀၀ ကျော် မီဇိုရမ်မှာ ကျောင်းတက်ခွင့်ရ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG