သံုးရလြယ္ကူေစသည့္ Link မ်ား

ျမန္မာဒုကၡသည္ေတြအတြက္မီဇိုရမ္အစိုးရစည္းကမ္းခ်က္ေတြထပ္တိုး


Mizoram Chief Minister and Burmese Refugees

အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္အတြင္း ေရာက္ရွိေနၾကတဲ့ ျမန္မာစစ္ေရွာင္ေတြ လိုက္နာရမယ့္ အေသးစိတ္ စည္းကမ္းေတြကို ျပည္နယ္အစိုးရက ထပ္ၿပီး ထုတ္လိုက္ပါတယ္။ မီဇိုရမ္ျပည္နယ္ အစိုးရရဲ႕ကန္႔သတ္ခ်က္ေတြအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုခင္ေမာင္စိုးမင္း က တင္ျပပါမယ္။

ျမန္မာဒုကၡသည္ေတြအတြက္မီဇိုရမ္အစိုးရစည္းကမ္းခ်က္ေတြထပ္တိုး

{{Zawgyi/Unicode}}

အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္အတြင္း ေရာက္ရွိေနၾကတဲ့ ျမန္မာစစ္ေရွာင္ေတြ လိုက္နာရမယ့္ အေသးစိတ္ စည္းကမ္းေတြကို ျပည္နယ္အစိုးရက ထပ္ၿပီး ထုတ္လိုက္ပါတယ္။ အိႏၵိယႏိုင္ငံထဲမွာ လက္နက္ခဲယမ္းအပါအဝင္၊ တရားမဝင္ ကုန္ကူးတာေတြ လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ မၾကာခဏဆိုသလို ဖမ္းဆီးမိတဲ့ေနာက္မွာ စစ္ေဘးေရွာင္ေတြအေနနဲ႔ ေနရာေျပာင္းေရႊ႕တာေတြကို ခြင့္ျပဳခ်က္ယူဖို႔ အပါအ၀င္ စည္းကမ္းေတြ မီဇိုရိမ္အစိုးရက ပိုၿပီးတင္းက်ပ္လာတာပါ။ မီဇိုရမ္ျပည္နယ္ အစိုးရရဲ႕ကန္႔သတ္ခ်က္ေတြအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုခင္ေမာင္စိုးမင္း က တင္ျပပါမယ္။

အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္ကို ေရာက္ရွိလာၾကတဲ့ ျမန္မာႏိုင္ငံသားအားလုံး စစ္ေရွာင္ အသိအမွတ္ျပဳ အေထာက္အထားကဒ္ေတြ လုပ္ၾကဖို႔၊ ခြင့္ျပဳခ်က္ယူၿပီးမွ ေနရာေ႐ႊ႕ေျပာင္းသြားလာၾကဖို႔ စတဲ့အေသးစိတ္ အခ်က္အလက္ေတြပါတဲ့ စည္းကမ္းခ်က္ ၁၁ခုကို အိုက္ေဇာခ႐ိုင္ Deputy Commissioner က ထပ္မံ ထုတ္ျပန္လိုက္ပါတယ္။ ဒါဟာ ဒီလ စက္တင္ဘာလ ၁၉ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ အိမ္ယာေျမ၀ယ္ယူတာ၊ ခြင့္ျပဳခ်က္မရွိပဲ စီးပြားေရးလုပ္ငန္းေတြ လုပ္ခြင့္မရွိတာ စတဲ့ စည္းကမ္းခ်က္ေတြအျပင္ ထပ္တိုးျဖည့္စြက္ၿပီး ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

မီဇိုရမ္ျပည္နယ္ထဲမွာ ျမန္မာစစ္ေရွာင္ ဒုကၡသည္ ၃၀,၀၀၀ ေက်ာ္ေလာက္ကို လက္ခံထားၿပီး ျပည္နယ္လုံၿခဳံေရးအတြက္ စည္းကမ္းေတြ တင္းက်ပ္လာပုံရတယ္လို႔ မီဇိုရမ္ေရာက္ ျမန္မာႏိုင္ငံသားေတြက ေျပာပါတယ္။ ေမွာင္ခိုလုပ္ငန္းေတြ၊ လက္နက္ခဲယမ္း ကိုင္ေဆာင္ထားတာေတြ ရွိလာတဲ့အခါမွာေတာ့ မီဇိုရမ္အစိုးရဘက္က ဒါကို စိုးရိမ္လာတာ ျဖစ္ႏိုင္တယ္လို႔ မီဇိုရမ္ ျပည္နယ္ေရာက္ ခ်င္းတိုင္းရင္းသားတဦးက ဗြီအိုေအကို ေျပာပါတယ္။

" စစ္ေဘးေရွာင္ေတြလည္း အမ်ားႀကီးရွိေနတဲ့အေတာအတြင္းမွာ တခ်ိဳ႕မသမာသူေတြက မူးယစ္ေဆးဝါးအားျဖင့္ ေသာ္လည္းေကာင္း အဲလိုမ်ိဳး အမ်ားႀကီးမေကာင္းတဲ့ အရာေတြကို လုပ္တယ္၊ လူသတ္မႈေတြ အမ်ားႀကီးလုပ္တဲ့အခါၾကေတာ့ သူတို႔မီဇိုရမ္မွာေနထိုင္တဲ့ မီဇိုးလူမ်ိဳး တခ်ိဳ႕ေတြက နားလည္ေပးေပမဲ့ တခ်ိဳ႕ကဆိုရင္ ေတာ္ေတာ္ေလးကို စိုးရိမ္လာၾကတာေပါ့ေနာ္။"

စက္တင္ဘာလ ၂၈ ရက္ေန႔စြဲနဲ႔ အသစ္ထုတ္ျပန္လိုက္တဲ့ ျမန္မာႏိုင္ငံသားေတြ လိုက္နာရမယ့္ စည္းကမ္းခ်က္ ၁၁ခ်က္ထဲမွာ စစ္ေရွာင္ အသိအမွတ္ျပဳကဒ္ေတြ လုပ္ၾကဖို႔၊ ဒုကၡသည္စခန္းကေန တျခားေနရာကို ေျပာင္းမယ္ဆိုရင္ ေ႐ႊ႕ေျပာင္းသြားလာခြင့္ ေတာင္းခံဖို႔၊ အိမ္ၿခံေျမ မဝယ္ယူဖို႔၊ ေစ်းဆိုင္ အပါအဝင္ စီးပြားေရးလုပ္ငန္းေတြ မလုပ္ကိုင္ဖို႔၊ ယာဥ္ေမာင္းလိုင္စင္နဲ႔ ႏိုင္ငံသားကဒ္ေတြ မလုပ္ၾကဖို႔ စတဲ့အဓိကအခ်က္ ပါဝင္ပါတယ္။ က်န္တဲ့အခ်က္ေတြမွာေတာ့ ကားနဲ႔ဆိုင္ကယ္လို ျမန္မာႏိုင္ငံကယူလာတဲ့ ပိုင္ဆိုင္မႈေတြကို စာရင္းျပဖို႔နဲ႔ အိႏၵိယႏိုင္ငံရဲ႕ ဥပေဒအတိုင္း လိုက္နာဖို႔ စတဲ့သတိေပးခ်က္ေတြ ပါဝင္တာပါ။

မၾကာေသးခင္ သီတင္းပတ္ေတြအတြင္းကလည္း ျမန္မာနယ္စပ္ကေန ဝင္ေရာက္လာတယ္လို႔ ခန႔္မွန္းရတဲ့ ႐ူးပီးေငြသိန္း ၃၃၄၀ ေက်ာ္ တန္ဖိုးရွိတဲ့ ေ႐ႊတုံး ၄၀၀ နီးပါးကို အိႏၵိယႏိုင္ငံအတြင္း ဖမ္းဆီးမိခဲ့တဲ့အေၾကာင္း ေဒသတြင္း သတင္းေတြက ေရးသားခဲ့ပါတယ္။ စက္တင္ဘာလ ၂၂ရက္ ကလည္း ျမန္မာႏိုင္ငံသား ၅ေယာက္ကို စစ္သုံးပစၥည္းတခ်ိဳ႕နဲ႔ မီဇိုရမ္ျပည္နယ္ထဲမွာ ဖမ္းဆီးရမိခဲ့ပါတယ္။

စီးပြားေရး တခုခုလုပ္ၿပီး ဝင္ေငြမရွာရဆိုတဲ့ ကန႔္သတ္ခ်က္အေပၚမွာေတာ့ ျမန္မာစစ္ေရွာင္ေတြက စိုးရိမ္ၾကပါတယ္။ မီဇိုရမ္ျပည္နယ္ထဲမွာ ျမန္မာစစ္ေရွာင္ အမ်ားစုက အိမ္အကူ၊ ဆိုင္ကယ္ ကယ္ရီ၊ လက္သမား၊ ပန္းရံ၊ ကုန္ထမ္း၊ ေစ်းဆိုင္အလုပ္ေတြနဲ႔ စားဝတ္ေနေရး ေျဖရွင္းေနရတာပါ။ ဒီလုပ္ငန္းေတြအထိ ကန႔္သတ္မွာလားဆိုတာကိုေတာ့ ျပည္နယ္အစိုးရ တာဝန္ရွိသူေတြအေပၚ မူတည္ၿပီး၊ ေဆြးေႏြးဖို႔လိုမယ္လို႔ မီဇိုရမ္ေရာက္ စစ္ေရွာင္ကူညီေရးအဖြဲ႕အစည္းတခုရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

" အရင္ကေတာ့ အဲေလာက္ႀကီး ကန႔္သတ္မထားဘူး၊ စစ္ေဘးေရွာင္ေတြက မ်ားေသာအားျဖင့္ မူးယစ္ေဆးဝါး ကူးသန္းေရာင္းဝယ္မႈေတြ တအားမ်ားတဲ့အခါၾကေတာ့ သူတို႔ကအဲဒါကို ၿငိဳျငင္တာေပါ့ေနာ္။ ၿပီးေတာ့ ဖမ္းမိလိုက္တယ္ဆိုရင္လည္း ဒါစစ္ေရွာင္ေတြက ေရာင္းတာေပါ့၊ က်မတို႔ေတြ က်ေနာ္တို႔ေတြက စစ္ေဘးေရွာင္ေတြပါ ဆိုၿပီးေတာ့ အဲဒီစစ္ေဘးေရွာင္ဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန ဒီမူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈေတြ တအားမ်ားတဲ့အခါၾကေတာ့ ၿငိဳျငင္လာတာေပါ့။ သူတို႔လုံးဝကို ပိတ္ပစ္လိုက္တာမ်ိဳးလား ဒါမွမဟုတ္ နည္းနည္းပါးပါး အခြင့္အေရးေပးသလား ဆိုတဲ့ဟာကို ညီမတိတိက်က် ဒီအခ်ိန္မွာ မေျပာႏိုင္ေသးဘူး သူတို႔နဲ႔ အစည္းအေဝး ထိုင္ဖို႔ေတာ့ရွိတယ္။"

အိႏၵိယစုံစမ္းေထာက္လွမ္းေရး ေအဂ်င္စီ NIA ဟာ မီဇိုရမ္ျပည္နယ္က ေနရာငါးခုကို မၾကာေသးခင္က ဝင္ေရာက္စီးနင္းမႈတခုမွာ ေပါက္ကြဲေစတဲ့ပစၥည္းေတြ အပါအဝင္ လက္နက္ေတြကို ဖမ္းဆီးမိတယ္လို႔ အိႏၵိယသတင္းေတြက ေရးသားပါတယ္။ ျမန္မာႏိ္ုင္ငံအတြင္းကို ပို႔မယ့္ ပစၥည္းေတြလို႔ သတင္းတခ်ဳိ႕မွာ ေဖၚျပေပမဲ့ အိႏၵိယ အရာရွိေတြကေတာ့ အတည္ျပဳခ်က္မေပးပါဘူး။ စုံစမ္းစစ္ေဆးေနတဲ့အေၾကာင္း ေျပာဆိုပါတယ္။

ဒီလို သတင္းေတြ ထြက္လာၿပီးေနာက္ပိုင္းမွာ ဒုကၡသည္ေတြအေပၚ မီဇိုရမ္အစိုးရက စည္းကမ္းေတြ တင္းၾကပ္လာခဲ့တာပါ။ မီဇိုရမ္ေရာက္ေနတဲ့ ျမန္မာဒုကၡသည္အေရအတြက္ဟာ ၃ ေသာင္းေလာက္ရွိတယ္လို႔ မီဇိုရမ္အစိုးရအရာရွိေတြကို ကိုးကားၿပီး သတင္းေတြမွာ ေရးေပမဲ့ ဒုကၡသည္ကူညီကယ္ဆယ္ေရး အဖြဲ႕ေတြကေတာ့ ဒီထက္မက မ်ားႏိုင္တယ္ဆိုၿပီးေတာ့လည္း ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................................................................

မြန်မာဒုက္ခသည်တွေအတွက်မီဇိုရမ်အစိုးရစည်းကမ်းချက်တွေထပ်တိုး

{{Unicode}}

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြတဲ့ မြန်မာစစ်ရှောင်တွေ လိုက်နာရမယ့် အသေးစိတ် စည်းကမ်းတွေကို ပြည်နယ်အစိုးရက ထပ်ပြီး ထုတ်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ လက်နက်ခဲယမ်းအပါအဝင်၊ တရားမဝင် ကုန်ကူးတာတွေ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးမိတဲ့နောက်မှာ စစ်ဘေးရှောင်တွေအနေနဲ့ နေရာပြောင်းရွှေ့တာတွေကို ခွင့်ပြုချက်ယူဖို့ အပါအဝင် စည်းကမ်းတွေ မီဇိုရိမ်အစိုးရက ပိုပြီးတင်းကျပ်လာတာပါ။ မီဇိုရမ်ပြည်နယ် အစိုးရရဲ့ကန့်သတ်ချက်တွေအကြောင်း သတင်းပေးပို့ချက်ကို ကိုခင်မောင်စိုးမင်း က တင်ပြပါမယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသားအားလုံး စစ်ရှောင် အသိအမှတ်ပြု အထောက်အထားကဒ်တွေ လုပ်ကြဖို့၊ ခွင့်ပြုချက်ယူပြီးမှ နေရာရွှေ့ပြောင်းသွားလာကြဖို့ စတဲ့အသေးစိတ် အချက်အလက်တွေပါတဲ့ စည်းကမ်းချက် ၁၁ခုကို အိုက်ဇောခရိုင် Deputy Commissioner က ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ဒီလ စက်တင်ဘာလ ၁၉ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အိမ်ယာမြေဝယ်ယူတာ၊ ခွင့်ပြုချက်မရှိပဲ စီးပွားရေးလုပ်ငန်းတွေ လုပ်ခွင့်မရှိတာ စတဲ့ စည်းကမ်းချက်တွေအပြင် ထပ်တိုးဖြည့်စွက်ပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်ရှောင် ဒုက္ခသည် ၃၀,၀၀၀ ကျော်လောက်ကို လက်ခံထားပြီး ပြည်နယ်လုံခြုံရေးအတွက် စည်းကမ်းတွေ တင်းကျပ်လာပုံရတယ်လို့ မီဇိုရမ်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ မှောင်ခိုလုပ်ငန်းတွေ၊ လက်နက်ခဲယမ်း ကိုင်ဆောင်ထားတာတွေ ရှိလာတဲ့အခါမှာတော့ မီဇိုရမ်အစိုးရဘက်က ဒါကို စိုးရိမ်လာတာ ဖြစ်နိုင်တယ်လို့ မီဇိုရမ် ပြည်နယ်ရောက် ချင်းတိုင်းရင်းသားတဦးက ဗွီအိုအေကို ပြောပါတယ်။

" စစ်ဘေးရှောင်တွေလည်း အများကြီးရှိနေတဲ့အတောအတွင်းမှာ တချို့မသမာသူတွေက မူးယစ်ဆေးဝါးအားဖြင့် သော်လည်းကောင်း အဲလိုမျိုး အများကြီးမကောင်းတဲ့ အရာတွေကို လုပ်တယ်၊ လူသတ်မှုတွေ အများကြီးလုပ်တဲ့အခါကြတော့ သူတို့မီဇိုရမ်မှာနေထိုင်တဲ့ မီဇိုးလူမျိုး တချို့တွေက နားလည်ပေးပေမဲ့ တချို့ကဆိုရင် တော်တော်လေးကို စိုးရိမ်လာကြတာပေါ့နော်။"

စက်တင်ဘာလ ၂၈ ရက်နေ့စွဲနဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံသားတွေ လိုက်နာရမယ့် စည်းကမ်းချက် ၁၁ချက်ထဲမှာ စစ်ရှောင် အသိအမှတ်ပြုကဒ်တွေ လုပ်ကြဖို့၊ ဒုက္ခသည်စခန်းကနေ တခြားနေရာကို ပြောင်းမယ်ဆိုရင် ရွှေ့ပြောင်းသွားလာခွင့် တောင်းခံဖို့၊ အိမ်ခြံမြေ မဝယ်ယူဖို့၊ ဈေးဆိုင် အပါအဝင် စီးပွားရေးလုပ်ငန်းတွေ မလုပ်ကိုင်ဖို့၊ ယာဉ်မောင်းလိုင်စင်နဲ့ နိုင်ငံသားကဒ်တွေ မလုပ်ကြဖို့ စတဲ့အဓိကအချက် ပါဝင်ပါတယ်။ ကျန်တဲ့အချက်တွေမှာတော့ ကားနဲ့ဆိုင်ကယ်လို မြန်မာနိုင်ငံကယူလာတဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြဖို့နဲ့ အိန္ဒိယနိုင်ငံရဲ့ ဥပဒေအတိုင်း လိုက်နာဖို့ စတဲ့သတိပေးချက်တွေ ပါဝင်တာပါ။

မကြာသေးခင် သီတင်းပတ်တွေအတွင်းကလည်း မြန်မာနယ်စပ်ကနေ ဝင်ရောက်လာတယ်လို့ ခန့်မှန်းရတဲ့ ရူးပီးငွေသိန်း ၃၃၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတုံး ၄၀၀ နီးပါးကို အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးမိခဲ့တဲ့အကြောင်း ဒေသတွင်း သတင်းတွေက ရေးသားခဲ့ပါတယ်။ စက်တင်ဘာလ ၂၂ရက် ကလည်း မြန်မာနိုင်ငံသား ၅ယောက်ကို စစ်သုံးပစ္စည်းတချို့နဲ့ မီဇိုရမ်ပြည်နယ်ထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

စီးပွားရေး တခုခုလုပ်ပြီး ဝင်ငွေမရှာရဆိုတဲ့ ကန့်သတ်ချက်အပေါ်မှာတော့ မြန်မာစစ်ရှောင်တွေက စိုးရိမ်ကြပါတယ်။ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်ရှောင် အများစုက အိမ်အကူ၊ ဆိုင်ကယ် ကယ်ရီ၊ လက်သမား၊ ပန်းရံ၊ ကုန်ထမ်း၊ ဈေးဆိုင်အလုပ်တွေနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာပါ။ ဒီလုပ်ငန်းတွေအထိ ကန့်သတ်မှာလားဆိုတာကိုတော့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအပေါ် မူတည်ပြီး၊ ဆွေးနွေးဖို့လိုမယ်လို့ မီဇိုရမ်ရောက် စစ်ရှောင်ကူညီရေးအဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" အရင်ကတော့ အဲလောက်ကြီး ကန့်သတ်မထားဘူး၊ စစ်ဘေးရှောင်တွေက များသောအားဖြင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေ တအားများတဲ့အခါကြတော့ သူတို့ကအဲဒါကို ငြိုငြင်တာပေါ့နော်။ ပြီးတော့ ဖမ်းမိလိုက်တယ်ဆိုရင်လည်း ဒါစစ်ရှောင်တွေက ရောင်းတာပေါ့၊ ကျမတို့တွေ ကျနော်တို့တွေက စစ်ဘေးရှောင်တွေပါ ဆိုပြီးတော့ အဲဒီစစ်ဘေးရှောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဒီမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ တအားများတဲ့အခါကြတော့ ငြိုငြင်လာတာပေါ့။ သူတို့လုံးဝကို ပိတ်ပစ်လိုက်တာမျိုးလား ဒါမှမဟုတ် နည်းနည်းပါးပါး အခွင့်အရေးပေးသလား ဆိုတဲ့ဟာကို ညီမတိတိကျကျ ဒီအချိန်မှာ မပြောနိုင်သေးဘူး သူတို့နဲ့ အစည်းအဝေး ထိုင်ဖို့တော့ရှိတယ်။"

အိန္ဒိယစုံစမ်းထောက်လှမ်းရေး အေဂျင်စီ NIA ဟာ မီဇိုရမ်ပြည်နယ်က နေရာငါးခုကို မကြာသေးခင်က ဝင်ရောက်စီးနင်းမှုတခုမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ အပါအဝင် လက်နက်တွေကို ဖမ်းဆီးမိတယ်လို့ အိန္ဒိယသတင်းတွေက ရေးသားပါတယ်။ မြန်မာနိုင်ငံအတွင်းကို ပို့မယ့် ပစ္စည်းတွေလို့ သတင်းတချို့မှာ ဖေါ်ပြပေမဲ့ အိန္ဒိယ အရာရှိတွေကတော့ အတည်ပြုချက်မပေးပါဘူး။ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း ပြောဆိုပါတယ်။

ဒီလို သတင်းတွေ ထွက်လာပြီးနောက်ပိုင်းမှာ ဒုက္ခသည်တွေအပေါ် မီဇိုရမ်အစိုးရက စည်းကမ်းတွေ တင်းကြပ်လာခဲ့တာပါ။ မီဇိုရမ်ရောက်နေတဲ့ မြန်မာဒုက္ခသည်အရေအတွက်ဟာ ၃ သောင်းလောက်ရှိတယ်လို့ မီဇိုရမ်အစိုးရအရာရှိတွေကို ကိုးကားပြီး သတင်းတွေမှာ ရေးပေမဲ့ ဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့တွေကတော့ ဒီထက်မက များနိုင်တယ်ဆိုပြီးတော့လည်း ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG