သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကနေ အိန္ဒိယဝင်လာသူတိုင်းကို လက်ဗွေစကောက်ပြီ

Finger Print
Finger Print


မြန်မာနိုင်ငံကနေ တရားမဝင် လာရောက်သူအားလုံးကို လက်ဗွေယူဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း စနေနေ့မှာ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မဏိပူအစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာဘက်ကနေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာသူတွေရဲ့ လက်ဗွေနဲ့ ဇီဝအချက်အလက်တွေ ကောက်ယူမှုကို မဏိပူပြည်နယ်ထဲမှာ ဒီနှစ် ၂၀၂၃ စက်တင်ဘာလမှာ အပြီးလုပ်ဆောင်ဖို့ ဗဟိုအစိုးရက ညွှန်ကြားထားတာပါ။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမျိုးသား ရာဇဝတ်မှုခင်း မှတ်တမ်းဗျူရို NCRB က အရာရှိတွေပါဝင်တဲ့ အဖွဲ့က ပြည်နယ်အစိုးရရဲ့ လက်ဗွေ ကောက်ယူမှုလုပ်ငန်းအတွက် သင်တန်းတွေပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၂၉ ရက် စနေနေ့ Imphal အရှေ့ပိုင်း Sajiwa ရပ်ကွက်က နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားတဲ့ စင်တာမှာ စတင်တဲ့ ဒီလုပ်ငန်းအတွက်လည်း အကူအညီပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်း တရားမဝင် လာရောက်သူတွေကို လက်ဗွေနဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ ကောက်ယူပေးဖို့ မဏိပူနဲ့ မီဇိုရမ် ပြည်နယ် ၂ ခုက အစိုးရတွေကို အိန္ဒိယအစိုးရ ပြည်ထဲရေးဌာနက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူပြည်နယ်ထဲမှာ မေးတေး Meitei ခေါ် ကသည်းလူမျိုးတွေနဲ့ ကူကီးလူမျိုးတွေကြား ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေကြောင့် မတည်မငြိမ် ဖြစ်နေချိန်မှာပဲ မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာတဲ့သူတိုင်းကို အစိုးရက ဇီဝအချက်လက်မှတ်တမ်းတွေ ကောက်ယူဖို့ လုပ်လာတာ ဖြစ်ပါတယ်။ ဇူလိုင်လထဲမှာပဲ မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်လာသူ ၇၀၀ ကျော်ရှိတယ်လို့ မဏိပူအစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာကနေ အိန္ဒိယဝင်လာသူတိုင်းကို လက်ဗွေစကောက်ပြီ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG