သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကနေ အိန္ဒိယဝင်လာသူတိုင်းကို လက်ဗွေ မှတ်တမ်းယူမည်


Members of the Kuki tribe, protesting the killing of tribals in their northeastern home state of Manipur, hold Indian flags and placards during a sit-in in New Delhi, India, May 29, 2023.
Members of the Kuki tribe, protesting the killing of tribals in their northeastern home state of Manipur, hold Indian flags and placards during a sit-in in New Delhi, India, May 29, 2023.

အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ မဏိပူပြည်နယ်ထဲမှာ မေးတေး Meitei ခေါ် ကသည်းလူမျိုးတွေနဲ့ ကူကီးတွေကြား ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေကြောင့် မတည်မငြိမ်ဖြစ်နေချိန်မှာပဲ မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာတဲ့သူတိုင်းကို အစိုးရက ဇီဝအချက်လက်မှတ်တမ်းတွေ ကောက်ယူဖို့ လုပ်နေတယ်လို့ ကြာသပတေးနေ့ အိန္ဒိယသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

ပြောင်းရွှေ့အခြေချလာသူတွေအတွက် ဒီလို အချက်လက်မှတ်တမ်း ကောက်ယူမှုကနေ နောင်မှာ သူတို့ကို အိန္ဒိယနိုင်ငံသားအဖြစ် ခံယူလို့မရအောင် သတ်မှတ်ထားတဲ့ “လက်သင့်မခံသူများ ဇီဝအချက်လက်စာရင်း” - “Negative biometric list” ထဲ ထည့်သွင်းဖို့ ဖြစ်ပါတယ်။ ဒီလို နိုင်ငံသားအဖြစ် လက်မခံမယ့်စာရင်း ကောက်ယူမှုနဲ့အတူ အိန္ဒိယအစိုးရရဲ့ အိန္ဒိယ-မြန်မာ ၂ နိုင်ငံနယ်စပ်တကြော နယ်စပ်စည်းရိုးကာရံမယ့် စီမံကိန်းဟာလည်း လက်စသတ်တော့မှာ ဖြစ်ပါတယ်။ အခုချိန်အထိ ကာရံပြီးတဲ့ စည်းရိုးအရှည်က ၆ မိုင်ကျော် ရှိနေပြီဖြစ်ပြီး တတ်နိုင်သမျှ အမြန်ပြီးအောင်လုပ်ကြဖို့ ဒီစီမံကိန်းမှာ တာဝန်ယူလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို အစိုးရက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ကူကီးလူမျိုးစုဟာ မြန်မာပြည်ဘက်ကနေ တရားမဝင် လာရောက်ပြီး မဏိပူ သစ်တောမြေတွေကို အပိုင်စီးထားကြတယ်လို့ ကသည်းတွေက စွပ်စွဲပါတယ်။ မဏီပူမှာ လူမျိုးစု ၂ ခုကြား အဓိကရုန်းတွေ ဖြစ်ပွားနေတာ လနဲ့ချီနေပြီဖြစ်ပါတယ်။ ကူကီးတွေကလည်း နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေ သူတို့မှာရှိတာကြောင့် တရားမဝင် လာရောက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ လှည့်ဖျားမှု တခုသာဖြစ်ကြောင်း ပြောပါတယ်။ ၁၉၅၁ ခုနှစ် သန်းကောင်စာရင်းမှာ ပါသူတွေကိုသာ အိန္ဒိယနိုင်ငံသားအဖြစ် သတ်မှတ်မယ့် ဥပဒေအတိုင်း လုပ်ဆောင်ပေးဖို့ ဒီနှစ် မတ်လထဲမှာ အဖွဲ့အစည်း အတော်များများက နယူးဒေလီမှာ လာရောက် ဆန္ဒပြခဲ့ကြတာပါ။

ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင် လာရောက်သူ ၇၀၀ ကျော် ရှိနေတယ်လို့ မကြာသေးခင်ကပဲ မဏီပူအစိုးရက သတင်းထုတ်ပြန်ပါတယ်။ အခုလို တရားမဝင် လာရောက်သူတွေကြောင့် ကြုံလာရတဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေအပြင် လက်ရှိ ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှုကိုပါ ရိုက်ခတ်လာတာကြောင့် ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Biren Singh ဦးဆောင်တဲ့ အစိုးရအဖွဲ့က ပြောပါတယ်။

အခုအခါ မဏီပူပြည်နယ်ထဲမှာ အစိုးရက လုံခြုံရေးတပ်သား ၃ သောင်းခွဲလောက် ချထားပြီး ကသည်းအများစု နေထိုင်ရာ တောင်ကြားဒေသနဲ့ ကူကီးအများစုနေထိုင်ရာ တောင်တန်းဒေသကြားမှာ အကာအရံတွေ ချထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG