သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မီဇိုရမ္မွာ ျမန္မာဒုကၡသည္ ၃ ေသာင္းေက်ာ္ရွိေန  


ျမန္မာနဲ႔နယ္စပ္ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ေျမာက္ပိုင္းက Farkawn ရြာမွာေတြ႔ရတဲ့ ျမန္မာဒုကၡသည္မ်ား (ႏိုဝင္ဘာ ၂၁၊ ၂၀၂၁)

အိႏၵိယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္အတြင္း ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံေတြကေန ၀င္ေရာက္ ခိုလႈံေနသူ ၃ ေသာင္း ၁ ေထာင္ေက်ာ္ ရွိတယ္လို႔ ျပည္နယ္အစိုးရ တာ၀န္ရွိသူေတြက ေျပာပါတယ္။ အခုႏွစ္ ဇန္နဝါရီ ၂၇ ရက္ေန႔အထိ ျမန္မာႏိုင္ငံကေန လာေရာက္ ခိုလႈံေနသူ ၃၁၅၀ ရွိေနၿပီး ဘဂၤလားေဒ့ရွ္က ေရာက္လာသူကေတာ့ ၄၅၀ ေက်ာ္ ရွိတယ္လို႔ ျပည္နယ္ ျပည္ထဲေရး၀န္ႀကီး Lalchamliana က ျပည္နယ္လႊတ္ေတာ္ကို အသိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက ထြက္ေျပးလာသူ အမ်ားစုဟာ ခ်င္းျပည္နယ္ကျဖစ္ၾကၿပီး ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလက စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ထြက္ေျပးလာၾကတာလို႔ သူကေျပာတာကို အိႏိၵယႏိုင္ငံထုတ္ သတင္းေတြမွာ ေဖာ္ျပပါတယ္။ ဘဂၤလားေဒ့ရွ္ႏိ္ုင္ငံ၊ စစ္တေကာင္းေတာင္တန္းေဒသက တိုင္းရင္းသားေတြဟာ ေဒသခံလက္နက္ကိုင္အဖြဲ႔ေတြအေပၚ စစ္တပ္ရဲ႕ ထိုးစစ္ဆင္မႈေတြေၾကာင့္ ထြက္ေျပးလာၾကသူေတြျဖစ္ၾကပါတယ္။

ဘဂၤလားေဒ့ရွ္က ေရာက္လာသူေတြကိုေတာ့ Lawngtlai ခရခိုင္အတြင္းက ေက်းရြာ ၈ ရြာမွာ ယာယီစခန္း ၁၆၀ ဖြင့္ၿပီး ေနထိုင္ခြင့္ ေပးထားတယ္လို႔ ျပည္ထဲေရးဝန္ႀကီးရဲ႕ အေျပာကို သတင္းမွာေရးထားပါတယ္။

မီဇိုရမ္ျပည္နယ္ဟာ ျမန္မာႏိုင္ငံနဲ႔ ကီလိုမီတာ ၅၁၀ နယ္စပ္ျခင္း ထိစပ္ေနၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ေတာ့ ၃၁၈ ကီလိုမီတာ နယ္နိမိတ္ျခင္း ထိစပ္ေနတာပါ။ ျပည္နယ္အစိုးရအေနနဲ႔ အခုခ်ိန္ထိ ျမန္မာႏိုင္ငံက ေရာက္လာၾကတဲ့ ခိုလႈံသူေတြအတြက္ ေဒၚလာ ၄ သ္ိန္းခြဲေက်ာ္နဲ႔ ညီမွ်တဲ့ ႐ူပီး ၃၈ သန္းကို ကူညီေပးခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ ဘဂၤလားေဒ့ရွ္က ေရာက္လာသူေတြအတြက္ေတာ့ ေဒၚလာ ၃ ေသာင္း ၆ ေထာင္ေက်ာ္နဲ႔ ညီမွ်တဲ့ ႐ူပီးေငြ သိန္း ၃၀ ကို ကူညီေပးခဲ့ေၾကာင္း ျပည္နယ္အစိုးရ ျပည္ထဲေရး၀န္ႀကီး Lalchamliana က ျပည္နယ္လႊတ္ေတာ္ကို မၾကာေသးခင္ကဘဲ တင္ျပခဲ့တာျဖစ္ပါတယ္။

[Unicode]

မီဇိုရမ်မှာ မြန်မာဒုက္ခသည် ၃ သောင်းကျော်ရှိနေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဝင်ရောက် ခိုလှုံနေသူ ၃ သောင်း ၂ ထောင်ကျော် ရှိတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံကနေ လာရောက် ခိုလှုံနေသူ ၃၁၅၀ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်က ရောက်လာသူကတော့ ၄၅၀ ကျော် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး Lalchamliana က ပြည်နယ်လွှတ်တော်ကို အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာသူ အများစုဟာ ချင်းပြည်နယ်ကဖြစ်ကြပြီး မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထွက်ပြေးလာကြတာလို့ သူကပြောတာကို အိန္ဒိယနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသက တိုင်းရင်းသားတွေဟာ ဒေသခံလက်နက်ကိုင်အဖွဲ့တွေအပေါ် စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေဖြစ်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရောက်လာသူတွေကိုတော့ Lawngtlai ခရခိုင်အတွင်းက ကျေးရွာ ၈ ရွာမှာ ယာယီစခန်း ၁၆၀ ဖွင့်ပြီး နေထိုင်ခွင့် ပေးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ အပြောကို သတင်းမှာရေးထားပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၅၁၀ နယ်စပ်ခြင်း ထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တော့ ၃၁၈ ကီလိုမီတာ နယ်နိမိတ်ခြင်း ထိစပ်နေတာပါ။ ပြည်နယ်အစိုးရအနေနဲ့ အခုချိန်ထိ မြန်မာနိုင်ငံက ရောက်လာကြတဲ့ ခိုလှုံသူတွေအတွက် ဒေါ်လာ ၄ သိန်းခွဲကျော်နဲ့ ညီမျှတဲ့ ရူပီး ၃၈ သန်းကို ကူညီပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်က ရောက်လာသူတွေအတွက်တော့ ဒေါ်လာ ၃ သောင်း ၆ ထောင်ကျော်နဲ့ ညီမျှတဲ့ ရူပီးငွေ သိန်း ၃၀ ကို ကူညီပေးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီး Lalchamliana က ပြည်နယ်လွှတ်တော်ကို မကြာသေးခင်ကဘဲ တင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG