သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်သွားရောက်ဖို့ ကုလ စောင့်ဆိုင်းနေဆဲ


 ပြန်လည်လက်ခံရေးစခန်းများ
ပြန်လည်လက်ခံရေးစခန်းများ

ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းလောက်ကို ပြန်လည်လက်ခံရာမှာ ကူညီဖို့အတွက် မြန်မာအစိုးရက သဘောတူထားပေမယ့် အခုထိ ရခိုင်ပြည်နယ်ထဲကို သွားရောက်နိုင်ဖို့ ကုလသမဂ္ဂက စောင့်ဆိုင်းနေရတုန်းပဲလို့ ကုလသမမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby က Reuters သတင်းဌာနကို ပြောကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံဖြိုးရေးရုံး UNDP တို့နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပေမယ့် အခုအထိ ရခိုင်ပြည်နယ်ထဲ သွားရောက်ဖို့ နဲ့ ကျွမ်းကျင်ပညာရှင်တွေ စေလွှတ်ဖို့ အဆင်မပြေသေးပဲ ညှိနှိုင်းမှုတွေ ထပ်လုပ်ပြီမှ ခွင့်ပြုမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုအခါမှာ အကန့်အသတ်နဲ့ပဲ ခွင့်ပြုထားသလို မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေထဲမှာရှိတဲ့ ကျေးရွာ ၂၃ ရွာကိုပဲ သွားရောက်ခွင့် ရသေးပြီး အဲဒီရွာတွေကို သွားခွင့်ပြုဖို့ ဘယ်လို ရွေးချယ်ထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ မစ္စတာ Ostby က ပြောပါတယ်။

အစိုးရပြောခွင့်ရ ဦးဇော်ဌေးကတော့ ကုလသမဂ္ဂအနေနဲ့ အခု သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်ခွင့်ရှိပြီး နောက်မှ သူတို့လုပ်ငန်းတွေ ချဲ့ဖို့ လုပ်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ လောလောဆယ်မှာ သတ်မှတ်ဒေသတွေမှာ UNDP က ကနဦး စီမံကိန်းတွေကို အကောင်ထည် ဖေါ်ဖို့ ခွင့်ပြုထားပြီး အခု ခွင့်ပြုထးတဲ့ ဒေသတွေနဲ့ မလုံလောက်သေးဘူး ဆိုရင် အစိုးရနဲ့ ထပ်မံ ညှိနှိုင်းနိုင်တယ်လို့ ပြောကြားကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG