သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ ခန့်ထားရေး အထွေထွေညီလာခံဆုံးဖြတ်


ကုလသမဂ္ဂရဲ့အထွေထွေညီလာခံ ( ဒီဇင်ဘာ ၂၄ရက်)
ကုလသမဂ္ဂရဲ့အထွေထွေညီလာခံ ( ဒီဇင်ဘာ ၂၄ရက်)

ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေအားလုံးကို နေရပ်ရင်းကိုအသေအချာပြန်ရောက်ဖို့၊ နိုင်ငံသားအခွင့်အရေးတွေအပြည့် အဝပေးဖို့နဲ့ ကူညီရေးလုပ်သားတွေကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

OIC အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က တင်သွင်း ခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂရဲ့အထွေထွေညီလာခံမှာ ဒီဇင်ဘာ ၂၄ရက် တနင်္ဂနွေနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြတဲ့ အခါ ထောက်ခံမဲ ၁၂၂မဲ၊ ကန့်ကွက်မဲ ၁၀မဲနဲ့ မဲမပေးပဲကြားနေတဲ့နိုင်ငံက ၂၄နိုင်ငံရှိခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ဆုံးဖြတ် ချက်ကို ကန့်ကွက်ခဲ့ကြတဲ့နိုင်ငံတွေထဲမှာ မြန်မာနဲ့အတူ တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေပါဝင်ကြပါတယ်။ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထဲမှာ ရိုဟင်ဂျာမူဆလင်တွေကို စစ်ဆင်ရေးလုပ်နေတာတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှည်တဦးကိုခန့်အပ်ဖို့ကိုလည်း တိုက်တွန်းတောင်း ဆိုထားပါတယ်။

အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာအရေအတွက်က ၆သိန်းခွဲကျော်ရှိ နေပါပြီ။ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှည် မစ္စယန်ဟီးလီကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာမပေးတဲ့အကြောင်းနဲ့ သူနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအားလုံးကိုလည်း လုပ်မှာမဟုတ်တဲ့ အကြောင်း မြန်မာအစိုးရက ပြီးခဲ့တဲ့အပတ်အတွင်းမှာ အကြောင်းကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံ ခန့်ထားရေး အထွေထွေညီလာခံဆုံးဖြတ်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG