သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဥပဒေ မျက်ကွယ်ပြုတဲ့နိုင်ငံတွေထဲ မြန်မာပါဝင် 


၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)
၇၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (မတ် ၂၇၊ ၂၀၂၃)

မြန်မာနိုင်ငံအပါအဝင် ယူကရိန်း၊ ဆူဒန်၊ ဂါဇာ စတဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ နိုင်ငံတကာ ဥပဒေကို မျက်ကွယ်ပြုနေတဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာကြီးရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လာနေတဲအကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ဒီနေ့ ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ အစည်းအဝေးဖွင့်ပွဲမှာ သတိပေးပြောဆိုသွားပါတယ်။

ဥပဒေ စိုးမိုးမှုတွေကို မထီမဲ့မြင် ပြုလာနေကြပါတယ်။ ယူကရိန်းကနေ ဆူဒန် မြန်မာ၊ နောက် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကနေ ဂါဇာအထိ ပဋိပက္ခတွေထဲမှာ ပါဝင်လာတဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ ဥပဒေတွေကို မျက်ကွယ်ပြုနေသလို ဂျနီဗာ သဘောတူညီချက်တွေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွေကိုလည်း မသိကျိုးကျွံပြုနေပါတယ်ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြောဆိုသွားတာပါ။

နိုင်ငံတကာဥပဒေ မျက်ကွယ်ပြုတဲ့နိုင်ငံတွေထဲ မြန်မာပါဝင် 
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG