သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးမည်


A firefighter douses flames after Syrian state media reported an Israeli missile attack in a container storage area, at the Syrian port of Latakia, Syria, in this handout picture released by SANA.
A firefighter douses flames after Syrian state media reported an Israeli missile attack in a container storage area, at the Syrian port of Latakia, Syria, in this handout picture released by SANA.

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာပဲ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

ဒီနေ့လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဟောလိဝုဒ် သရုပ်ဆောင် Cate Blanchett တို့လည်း တက်ရောက်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ မနေ့တုန်းက အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ရိုဟင်ဂျာ မူဆလင်တွေ အပေါ် ပြီးခဲ့တဲ့နှစ် အတွင်း ဖြိုခွင်းမှုတွေမှာ မြန်မာ စစ်တပ်ဘက်က ကြမ်းကြုတ် ရက်စက်မှုတွေ ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ စွပ်စွဲထားပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုလုပ်ဖို့နဲ့ စစ်တပ်ထိပ်တန်း ခေါင်းဆောင်တွေကို တရားစွဲဆိုဖို့ တိုက်တွန်းခဲ့တာပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား စစ်တပ်ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ် ၅ ဦးတို့ကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး မဆွေးနွေးခင် တရက်ကြိုပြီး၊ အချိန်စောပြီး ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လက်မခံကြောင်းလည်း မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက တုံ့ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ဖော်ထုတ်ဖို့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းထားကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG